backup og meta

ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ

    ကလေးအများစုအနေနဲ့ အဖတ် စစားနိုင်တဲ့ အရွယ် (အသက် ခြောက်လနောက်ပိုင်း)မှာ ဒိန်ချဉ် ကို စသောက်နိုင်ပါပြီ။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေအပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာမို့ ကလေးအတွက် ရွေးချယ်သင့်တဲ့ ကနဦးအစားအစာ တစ်မျိုး ဖြစ်ပါတယ်။ အချိုဓာတ်လုံးဝမပါဘဲ ပိုးသတ်ပြီးသား နွားနို့စစ်စစ်က ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ကို ကျွေးတာတော့ အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။

    အချိုဓာတ်လုံးဝမပါဘဲ နွားနို့စစ်စစ်ကနေ ပြုလုပ်ထားတဲ့ ဒိန်ချဉ် ကို သောက်ဖို့ ဘာလို့လိုအပ်တာလဲ။

    ကလေးတွေ ကြိုက်အောင် အနံ့အရသာတွေထည့်ထားတဲ့ ဒါမှမဟုတ် သစ်သီးလေးတွေပါတဲ့ ဒိန်ချဉ်တွေ (ကလေးများအတွက်လို့ တံဆိပ်ကပ်ထားပေမယ့်) အားလုံးနီးပါးဟာ ဆေးသကြားတွေ ပါဝင်နိုင်တဲ့အတွက် သွားပိုးစားခြင်းနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘာအချိုဓာတ်မှမပါတဲ့ ဒိန်ချဉ်ဟာ ဆေးသကြားတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

    ကလေးတွေအနေနဲ့ နွားနို့စစ်စစ်ကနေ ပြုလုပ်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ကယ်လိုရီနဲ့ အဆီဓာတ်တွေကို လိုအပ်ပါတယ်။ ဒါကြောင့် (ဆရာဝန်က အထူးတလည်ညွှန်ကြားထားတဲ့ အခြေအနေကလွဲလို့) အသက်၂နှစ်အောက်ကလေးတွေမှာ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီလုံးဝမပါတဲ့ ဒိန်ချဉ်တွေကို မတိုက်ပါနဲ့ဦး။

    နွားနို့ထဲမှာပါဝင်တဲ့ ဘက်တီးရီးယားအရှင်တွေဆိုတာဘာလဲ။ သူတို့က ကလေးအတွက် ဘာကောင်းသလဲ။

    အချို့သော ဒိန်ချဉ်တွေထဲမှာ probiotics လို့ခေါ်တဲ့ ဘက်တီးရီးယားအရှင်တွေ ပါဝင်ပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးမွှားတွေဟာ နွားနို့ကို ဒိန်ချဉ်အဖြစ်ပြောင်းလဲပေးနိုင်သလို ဒိန်ချဉ်ထဲမှာလည်း ဆက်လက်ပါဝင်လာတတ်ပါတယ်။ သူတို့ဟာ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကြီးထွားပွားများမှုကို လှုံ့ဆော်ပေးနိုင်ပါတယ် (အကျိုးပြုဘက်တီးရီးယားတွေဟာ အစာခြေခြင်းလုပ်ငန်းစဉ်အတွက် အရေးကြီးပါတယ်)။

    သင်ဝယ်ယူတဲ့ တံဆိပ်ရဲ့ အညွှန်းမှာ “ဤဒိန်ချဉ်တွင် ဘက်တီးရီးယားအရှင်များ ပါဝင်ပါသည်” လို့ဖော်ပြထားသင့်ပါတယ်။ ဆိုလိုတာက ဒိန်ချဉ်ပြုလုပ်ခြင်းနည်းလမ်းစဉ်မှာ အဆိုပါ ဘက်တီးရီးယားတွေကို အပူနဲ့ ဖယ်ထုတ်ခြင်းမပြုထားဖူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် “ဘက်တီးရီးယားအရှင်များနှင့် ပြုလုပ်ထားသည်” ဆိုတဲ့ အညွှန်းပါတဲ့ တံဆိပ်တွေကတော့ အဆိုပါ ဘက်တီးရီးယားတွေကို သုံးပြီးပြုလုပ်ထားတယ်လို့ပဲ ဆိုလိုတာပါ။ ဘက်တီးရီးယားတွေ ပါဝင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

    တကယ်လို့ ကလေးတွေအနေနဲ့ နွားနို့ ဒါမှမဟုတ် lactose နဲ့ ဓာတ်မတည့်တာမျိုး ရှိနေရင် ဘယ်လိုလုပ်မလဲ။

    တကယ်လို့ သင့်ကလေးမှာ နွားနို့ ဒါမှမဟုတ် တခြားအစားအစာတွေနဲ့ ဓာတ်မတည့်တာမျိုး (ဥပမာ နှင်းခူ)ရှိနေရင် ဆရာဝန်နဲ့ မတိုင်ပင်ရသေးဘဲ ကလေးကို ဒိန်ချဉ် မတိုက်ပါနဲ့။ ဓာတ်မတည့်ခြင်းရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ ယားယံစေသော အနီစက်များ၊ အနီကွက်များထွက်ခြင်း၊ နှုတ်ခမ်းနား ဒါမှမဟုတ် မျက်လုံးနားတဝိုက် ရောင်ရမ်းခြင်း၊ အစာစားပြီး နှစ်နာရီအတွင်း အန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    အဆိုပါ လက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ ကျွေးလက်စအစာတွေကို ချက်ချင်းရပ်လိုက်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။ lactose နဲ့ ဓာတ်မတည့်တာမျိုးကတော့ ကလေးတွေမှာ အင်မတန်ရှားပါးပြီး ဒီပြဿနာရှိနေရင်တောင်မှ ဒိန်ချဉ်ကို တိုက်ကျွေးနိုင်ပါသေးတယ်။ ဒိန်ချဉ်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ lactose ဓာတ်အများအပြားကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် အခြားသော နို့ထွက်ပစ္စည်းတွေနဲ့ ယှဉ်ရင် ဒိန်ချဉ်ဟာ ကလေးတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။

    နွားနို့နဲ့ မတည့်ဘူး၊ နွားနို့ကနေ ထုတ်ထားတဲ့ ဒိန်ချဉ် ကျတော့ တည့်တယ်။ ဘာလို့လဲ။

    ကလေးအနေနဲ့ ဒိန်ချဉ်သောက်နိုင်ပေမယ့် နွားနို့ကိုတော့ အသက်တစ်နှစ်ပြည့်တဲ့အထိ မသောက်ရပါဘူး။ နွားနို့က ကလေးငယ်လေးတွေမှာ အစာခြေဖို့ ခက်ခဲစေလို့ပါ။ ဒါ့ပြင် နွားနို့ဟာ မိခင်နို့ ဒါမှမဟုတ် အာဟာရဖြည့် နို့ဘူးနေရာမှာ အစားထိုးဖို့လည်း မသင့်တော်ပါဘူး။

    ကလေးတွေဟာ မိခင်နို့ ဒါမှမဟုတ် (စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားတဲ့) နို့မှုန့်ကို ရာနှုန်းပြည့်ခြေဖျက်နိုင်ပေမယ့် နွားနို့ကိုတော့ အလွယ်တကူ မခြေဖျက်နိုင်ပါဘူး။ ဒါ့အပြင် မိခင်နို့ ဒါမှမဟုတ် (စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားတဲ့) နို့မှုန့်တွေကနေ ရရှိနိုင်တဲ့ အဆီနဲ့ အာဟာရဓာတ်တွေကို နွားနို့ကနေ အပြည့်အဝ ရရှိနိုင်မှာ မဟုတ်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement