backup og meta

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

    Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ ပါးစပ်ကနေ စတင်ပြီး စအိုဝမှာအဆုံးသတ်တဲ့ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုတဲ့အပြင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အစာကိုကြေစေပြီး အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

    ပရိုဘိုင်အိုတစ်တွေကို သဘာဝအားဖြင့် အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ နို့မှချက်လုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်ပါတယ်။ အားဖြည့်ဓာတ်စာတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်များဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။

    Probiotics များဟာ အူလမ်းကြောင်းကို ဘယ်လိုအကျိုးပြုသလဲ

    Probiotics  များဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့

    – ဝမ်းချုပ်ခြင်း

    – ခရွန်းရောဂါ

    – IBD ခေါ် အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ

    – IBS ခေါ် မကြာခဏဝမ်းပျက်တတ်သည့်ရောဂါ

    – လက်တို့စ် မချေဖျက်နိုင်ခြင်း

    – အူလမ်းကြောင်းအနာဖြစ်ပြီး ရောင်ရမ်းခြင်း

    – ပဋိဇီဝဆေးများကြောင့် ဝမ်းပျက်ခြင်း စတာတွေအတွက် အထောက်အကူပြုပါတယ်။

    ပရိုဘိုင်အိုတစ်များဟာ အူမကြီးထဲက pH ပမာဏကို လျော့ကျစေပြီး ဝမ်းများကို ချောမွေ့စွာ စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ပဋိဇီဝဆေးအချို့ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အကျိုးပြုဘက်တီးရီးယားများကို ပြန်လည်အားဖြည့်ပေးပါတယ်။

    Probiotics များကို ဘယ်လိုအသုံးပြုမလဲ

    ပရိုဘိုင်အိုတစ်များရဲ့ အကျိုးကျေးဇူးကို အပြည့်အဝရနိုင်ဖို့ နေ့စဉ်စားသုံးသင့်ပါတယ်။ အစားအစာများကနေ ရနိုင်သလို ဖြည့်စွက်စာများအနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။ ကမ္ဘာတလွှားက ရိုးရာအစားအစာတွေတိုင်းလိုလိုမှာ ပရိုဘိုင်အိုတစ် ပါဝင်တတ်ပါတယ်။

    ပရိုဘိုင်အိုတစ်များကို အများဆုံးတွေ့ရနိုင်တဲ့ အစားအစာတွေကတော့

    – Saucekraut ခေါ် ဂေါ်ဖီချဉ်

    – ကင်ချီ

    – Kefir ခေါ် နို့ချဉ်

    ဒိန်ချဉ်

    – Kombucha ခေါ် လက်ဖက်ရည်ချဉ်

    ချဉ်ဖတ် စတာတွေ ဖြစ်ပါတယ်။

    ပရိုဘိုင်အိုတစ်များကို စားသုံးတဲ့အခါ ဖြည်းဖြည်းချင်း စတင်စားသုံးဖို့တော့ လိုပါတယ်။ ကောင်းကျိုးဆိုးကျိုး ရှိတဲ့အတွက် အကျင့်ဖြစ်သွားအောင် ဖြည်းဖြည်းချင်း စတင်သွားသင့်ပါတယ်။ တနေ့တာ စားသုံးသင့်တဲ့ ပမာဏကတော့ တစ်ဘီလီယံကနေ ၁၀ ဘီလီယံ CFU ဖြစ်ပါတယ်။ ဥပမာပေးရရင် kefir တခွက်မှာ ၁၅ ကနေ ၂၀ ဘီလီယံ CFU ထိ ပါဝင်နိုင်ပါတယ်။ ဖြည့်စွက်စာတွေမှာလည်း ပရိုဘိုင်အိုတစ် ဘယ်လောက်ပါသလဲဆိုတာ ရေးသားထားတတ်ပါတယ်။

    တခြားအစားတခုခုမစားခင် ဒါမှမဟုတ် တခြားစားစရာတခုခုနဲ့ အတူ စားသုံးသင့်ပါတယ်။ အစားစားပြီးမှ စားသုံးခြင်းဟာ သိပ်မထိရောက်လှပါဘူး။ ဒါ့အပြင် ပရိုဘိုင်အိုတစ်ကို သဘာ၀ အစားအစာတွေကနေ ရယူခြင်းဟာ ပိုမိုအကျိုးရှိပါတယ်။ ဖြည့်စွက်စာတွေ ဝယ်ယူသုံးစွဲမယ်ဆိုရင်လည်း အညွှန်းစာကို သေချာဖတ်သင့်ပါတယ်။

    ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများ

    များသောအားဖြင့် ပရိုဘိုင်အိုတစ်များဟာ ဘေးကင်းစိတ်ချရပါတယ်။ ကြီးကြီးမားမား ပြဿနာမရှိတတ်ပါဘူး။ ဒါပေမယ့် ဘေးထွက်ဆိုးကျီုးအနေနဲ့ တခါတရံမှာ လေပွလေထခြင်း ဖြစ်တတ်ပါတယ်။ တကယ်လို့ ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်းပါ ကြုံလာရင်တော့ ပရိုဘိုင်အိုတစ်များ စားသုံးခြင်းကို လျှော့ချသင့်ပါတယ်။ ဒါမှမဟုတ် သုံးစွဲမှုကို ခဏရပ်ထားပြီး ပရိုဘိုင်အိုတစ်ကြောင့်လား၊ တခြားရောဂါလက္ခဏာလားဆိုတာ သိရအောင် ဆရာဝန်ပြသသင့်ပါတယ်။

    ကောင်းတာကတော့ ပရိုဘိုင်အိုတစ် အပါအဝင် မည်သည့်ဖြည့်စွက်စာမဆို စတင်စားသုံးခြင်းမပြုမီ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement