ဒီ အကျိုးပြုဘက်တီးရီးယားလေးတွေ ကောင်းမွန်သန်မာပြီး ကိုယ့်ကလေးရဲ့ ခန္ဓာကိုယ်အတွက် အလုပ် ကောင်းကောင်းလုပ်ပေးနေနိုင်ဖို့အတွက် သူတို့လေးတွေမှာလည်း အာဟာရဓာတ် (Prebiotics) လိုအပ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ရော သူတို့အတွက် လိုအပ်တဲ့အာဟာရဓာတ် (Prebiotics) ရော ပြည့်စုံနေမှ ကလေးရဲ့ အရေးအကြီးဆုံး ပထမ သုံးနှစ်တာ ဖွံ့ဖြိုးမှုက အားကောင်းနိုင်မှာပါ။
ငယ်စဉ်မှာ အာဟာရမပြည့်ဝတဲ့ကလေးတွေဟာ သင်ယူနိုင်စွမ်း အားနည်းတာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းတာလိုမျိုးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အာဟာရတွေကို ကလေးတစ်ယောက် နေ့စဉ် စားသုံးနေကျ အစားအစာတွေဖြစ်တဲ့ ထမင်း၊ အသား၊ ငါး (ဆယ်လ်မွန်ငါး)၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး တို့ကနေ ရရှိစေဖို့ ကျွေးမွေးပေးနိုင်ပါတယ်။
ဒီလို အာဟာရဓာတ်တွေ ကောင်းကောင်းရရှိတဲ့ ကလေးဟာ ဉာဏ်ရည်ပိုင်းတင်မကဘဲ ခန္ဓာကိုယ် ကြီးထွားမှုပိုင်းပါ ဖွံ့ဖြိုးမှုက သူများထက် သာနေမှာ သေချာပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။