backup og meta

ရာသီစာများ၏ အကျိုးရလဒ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီစာများ၏ အကျိုးရလဒ်များ

    ဥတုရာသီတွေ ပြောင်းလဲတာနဲ့အတူ ကျွန်တော်တို့ရဲ့ အစားအသောက်ပုံစံတွေလည်း ပြောင်းလဲလာကြပါတယ်။ ရာသီစာတွေက အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အရသာကိုပဲ ပေးစွမ်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓါကိုယ်အတွက်လည်း အံ့သြဖို့ကောင်းတဲ့ ကောင်းကျိုးအများအပြား ပါဝင်ပါတယ်။

    ရာသီစာ စားသုံးခြင်းရဲ့ သိသာတဲ့ ကောင်းကျိုးအချို့ကို ဖော်ပြထားပါတယ်။

    ၁။ အရသာ

    ပိုကောင်းတဲ့အရသာ၊ ပြည့်စုံတဲ့ ရင့်မှည့်မှုတွေကြောင့် အစားအစာတွေကို သူတို့ရဲ့ ရာသီမှာ စားသုံးရတာ အကောင်းဆုံးပါ။ အရသာအပြင်ကို လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ရာသီမဟုတ်၊ စနစ်တကျစိုက်ပျိုးထားတာတွေထက် ပိုပြီး အဟာရ ပြည့်ဝပါတယ်။ အတွင်းထဲက လာတဲ့အတွက်ကို လတ်ဆတ်ရင့်မှည့်မှု၊ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ ထူးရှယ်ချိုမြမှုတွေနဲ့ ပြည့်ဝနေတဲ့ ပန်းသီးတစ်လုံးထဲကို သင့်သွားတွေရဲ့ နစ်မြှုပ်ဝင်ရောက်သွားတာကို စိတ်ကူးခံစားကြည့်ပါ။

    ၂။ အာဟာရ

    နေရောင်ခြည်နဲ့ မြေဆီမြေနှစ်တွေက လတ်ဆတ်တဲ့ ထွက်ကုန်တွေအတွက် အဟာရနဲ့ တခြားလိုအပ်တဲ့ အရာတွေဖြစ်တဲ့ vitamin-c ၊ folate ၊ carotenes နဲ့ minerals လိုမျိုး ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏများများ ပါဝင်အောင် ထောက်ပံ့ပေးပါတယ်။ အကောင်းဆုံးအပိုင်းကတော့ အကြာကြီး သိမ်းဆည်းထားတာ၊ စနစ်တကျ စိုက်ပျိုးထားတာတွေနဲ့ မတူဘဲ ရာသီစာတွေမှာ အဟာရပမာဏက ခပ်မြန်မြန် လျော့ကျသွားတာမျိုး မရှိတာ အသေအချာပါပဲ။

    ၃။ တွက်ခြေကိုက်ခြင်း

    အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သူတို့ရာသီမှာ ဝယ်ယူတာက ပိုပြီးတွက်ခြေကိုက်ပါတယ်။ ပေါပေါလှိုင်လှိုင်ထွက်တဲ့အတွက် ရောင်းသူတွေအနေနဲ့ သူတို့ ရောင်းအားကို မြှင့်တင်ဖို့ ဈေးလျှော့ကြတဲ့အတွက် ဖြစ်ပါတယ်။

    ၄။ ပတ်ဝန်းကျင်

    ရာသီစာတွေဟာ ပိုးသတ်ဆေးနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုလိုမျိုး လူတွေရဲ့ အကူအညီ အနည်းငယ်နဲ့ ကြီးထွားရပါတယ်။ ရေနဲ့ မြေတို့ရဲ့ ညစ်ညမ်းမှုအပြင် ပိုးသတ်ဆေးနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုလို အဆိပ်အတောက်တွေကလည်း ကျွန်တော်တို့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ရာသီစာဆိုတာ ကိုယ့်မြေကိုယ်ရေက ထွက်တာကို ပိုပြီး ဆိုလိုပါတယ်။ ဒါက သယ်ယူပို့ဆောင်ခ၊ ဓါတ်မြေသြဇာသုံးစွဲမှုနဲ့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏတို့ကို လျော့ကျစေပါတယ်။

    ၅။ အိမ်ထမင်း အိမ်ဟင်း

    ရာသီနဲ့ လိုက်ပြီး စားသောက်တာက ကောင်းကျိုးအများကြီး ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ဖာသာ ချက်ပြုတ်စားသောက်တာမို့ အဆီ၊ သကြား၊ ကဆီဓါတ်၊ ဆီ ပမာဏတို့ကို ထိန်းချုပ်နိုင်လို့ပါ။ ချက်ပြုတ်ခြင်းက မိသားစုနဲ့ မိတ်ဆွေတွေအဖို့ ဆုံတွေ့ပြီး အချက်အလက်တွေ ဖလှယ်နိုင်မယ့် အခွင့်အလမ်းကောင်းတွေကိုလည်း ဖန်တီးပေးပါတယ်။

    ၆။ ဖန်တီးမှုနဲ့ အမျိုးအစားများပြားမှု

    ဈေးဝယ်ထွက်တာ သို့မဟုတ် CSA ရဲ့ တစိတ်တပိုင်းဖြစ်မယ်ဆိုရင် ရာသီစာ စားသုံးတာက ဖန်တီးမှုစွမ်းရည်ရဲ့ အကူအညီနဲ့ သင့်ကို မတူညီတဲ့ ဟင်းပွဲလျာတွေ၊ အမျိုးအစားစုံတဲ့ အရောင်အသွေး၊ နူးညံ့မှုနဲ့ အရသာတွေ ဖြစ်လာစေဖို့ ကူညီပေးမှာပါ။ အမျိုးအစားစုံလင်တာက ကျွန်တော်တို့ ခန္ဓါကိုယ်ကို ကျန်းမာစေပါတယ်။ ဘယ်အရာတွေ ရနိုင်လဲအပေါ်မူတည်ပြီး ဟင်းပွဲအပြောင်းအလဲ လုပ်ပေးတာက သင့်ရဲ့ အစားအစာ ဂျီးများတာ လျော့ကျစေမှာပါ။

    ၇။ သဘာဝ၊ ပိုးသတ်ဆေး ကင်းမှု

    သူ့ရာသီ၊ သူ့ဒေသမဟုတ်တဲ့နေရာမှာ ကြီးထွားတဲ့ အစားအစာတွေက ကြီးထွားဖို့နဲ့ စားချင်စဖွယ်ဖြစ်အောင် ပိုးသတ်ဆေး၊ ဖယောင်း၊ ဓါတုပစ္စည်းနဲ့ ကြာရှည်ခံတဲ့အရာလိုမျိုး လူတွေရဲ့ အကူအညီ အတော်လိုအပ်ပါတယ်။ ဒေသထွက်နဲ့ ရာသီစာတွေကို ရွေးချယ်ခြင်းက သင့်အတွက် သန့်ရှင်းမှုကို ပိုပြီးရစေနိုင်ပါတယ်။ သေးငယ်တဲ့ မိသားစု စိုက်ခင်းလေးတွေက organic certification အတွက် မတတ်နိုင်ကြပေမယ့် သဘာဝအတိုင်း ကျန်းမာစေတဲ့နည်းလမ်းတွေ သုံးနေကြတုန်းပါ။ ဒါ့ကြောင့် သူတို့တွေဆီမှာ ဈေးဝယ်တဲ့အခါ super market တွေမှာ ဝယ်သလိုမျိုး သဘာဝဟုတ်မဟုတ် စိတ်ပူစရာမလိုပါဘူး။

    ရာသီစာတွေစားတဲ့အခါ ဖန်တီးမှု ပါပါစေ။ သင့်ဟင်းလျာတွေကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက အရောင်အသွေး စုံလင်ပေးပါစေ။ အစားအစာတွေရဲ့ အလှအပက သင့်ရဲ့ အစာစားချင်စိတ်ကို တိုးပွားစေမှာပါ။ vitamin နဲ့ minerals တွေက သင့်ခန္ဓါကိုယ်ကို ကျန်းမာတောင့်တင်းစေပါလိမ့်မယ်။ နှစ်တစ်နှစ်ထဲက ရာသီတိုင်းရဲ့ အကောင်းဆုံးကို ရဖို့အတွက် သင့်ကိုယ်ပိုင် အစားအစာကို ကိုယ်တိုင်စိုက်ပျိုးဖို့ကိုလည်း စဉ်းစားစေချင်ပါတယ်။

    Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement