backup og meta

ဘေဘီလေး က ၇ လ ကနေ ၉ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး က ၇ လ ကနေ ၉ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

    ဘေဘီလေး က ၇ လလောက်ရောက်လာပြီဆိုရင် မေမေ့နို့အပြင် နို့ဘူးသောက်တာ၊ အစားစားတာတွေကို စလုပ်လာပါပြီ။ ချစ်စရာအမူအရာလေးတွေလည်းပိုလုပ်တတ်လာပါပြီ။ ဒီကာလမှာ ဘေဘီလေး က

    ကိုယ်အလေးချိန် – တစ်လကို ၁ ပေါင်စီလောက်တက်လာမယ်။ သားသားလေးတွေက မီးမီးလေးတွေထက် ပေါင်ချိန် ၀.၅ လောက်ပိုများနေမှာပါ။

    အရပ်အမြင့် – တစ်လကို ၀.၅ လက်မတက်လာပါမယ်။

    ဦးခေါင်းအရွယ်အစား -တစ်လကို ၀.၂၅ လက်မစီ တိုးလာပါမယ်။

    ဒီအရွယ်မှာ ဘေဘီလေးက ဘာတွေလုပ်တတ်ပြီလဲ…………

    ဒီအသက်အပိုင်းအခြားကိုရောက်လာတဲ့ ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ ပိုများလာပြီဖြစ်သလို လုပ်ဆောင်နိုင်စွမ်းတွေကလည်း ပိုများလာပါပြီ။ ပထမဆုံးအကြိမ် လှုပ်ရှားမှုတွေစလုပ်နေပါပြီ။  ဒီအရွယ်မှာ ဘေဘီလေးက

    • ပက်လက်ထားလည်း မှောက်နိုင်ပြီ။ မှောက်ရက်ထားလည်း ပက်လက်နေနိုင်ပါပြီ။
    • လက်ထောက်ထားရင်း ထိုင်တတ်ပြီ
    • လူကြီးလက်ကို ကိုင်ပြီး ခုန်ဆွခုန်ဆွလုပ်တတ်ပြီ
    • လကတွေခြေတွေ စလွှဲနိုင်ပြီ
    • လေးဖက်စသွားပြီ
    • အမှီတစ်ခုခုကို ကိုင်ပြီး မတ်တတ်စရပ်ဖို့ ကြိုးစားပြီ
    • လက်လှမ်းမီတဲ့နေရာက ပစ္စည်းတွေကို လှမ်းဆွဲယူတတ်ပြီ
    • အရုပ်တွေနဲ့ သေသေချာချာဆော့တတ်ပြီ
    • လက်နှစ်ဖက်စလုံးနဲ့ ပစ္စည်းတွေကို ဆုပ်ကိုင်တတ်ပြီ
    • နို့ဘူးလေးကို သူ့ဘာသာကိုင်တတ်ပြီ
    • တူဝါး ကစားတတ်ပြီ
    • ရှေ့သွားလေး ၂ ချောင်းလောက်စထွက်လာပြီ
    • ရေခွက်နဲ့ ရေသောက်ဖို့ စကြိုးစားပြီ
    • ပစ္စည်းတွေကို ပါးစပ်ထဲကောက်ထည့်တတ်ပြီ
    • တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လောက်အိပ်မယ် (တစ်ခါအိပ်ရင် ၂၁ နာရီ ကနေ ၂နာရီလောက်ကြာမယ်)
    • ညဘက်တွေမှာ နိုးပြီး စငိုတတ်ပြီ။

    ဘေဘီလေးက ဘာတွေပြောနိုင်ပြီလဲ………..

    ဘေဘီလေးက ဘယ်သူ့ကိုများ စခေါ်မလို့  စိတ်လှုပ်ရှားရတဲ့ အချိန်ပေါ့။ ဘေဘီလေးရဲ့ မပီကလာပီကလာအသံလေးကို စကြားရမယ့်အချိန်ပေါ့။

    • နှစ်လုံးတွဲ စကားလုံးတွေကို စခေါ်တတ်ပြီ (မေ-မေ၊ ဖေ-ဖေ)
    • အို၊ အာ စတဲ့စကားလုံးလေးတွေကို စပြောနိုင်လာပြီ
    • အခြားသူတွေပြောတဲ့ အသံတွေကို လိုက်ပြောတတ်ပြီ။

    ဘေဘီလေးတွေက ဘာတွေနားလည်နေပြီလဲ…………

    ပတ်ဝန်းကျင်ကို သတိထားနိုင်စွမ်းပိုတိုးလာပြီ။ လူတွေကို ပိုမှတ်မိလာပြီ။ ဒီကာလအပိုင်းအခြားမှာ ဘေဘီလေးက

    • သူ့နာမည်သူသိပြီ
    • သူ့နာမည်မဟုတ်ရင် လှည့်မကြည့်ဘူး
    • စကားလုံးတွေကို အာရုံစိုက် နားထောင်တတ်ပြီ
    • အချို့စကားလုံးတွေကို နားလည်နေပြီ
    • သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်တတ်နေပြီ
    • အခြားသူတွေရဲ့ စိတ်အခြေအနေကို အလိုက်သင့်တုံ့ပြန်တတ်ပြီ
    • သူစိမ်းတွေကို ကြောက်ရကောင်းမှန်းသိလာပြီ
    • အစားအသောက်တွေကို ကြိုက်တယ်၊ မကြိုက်ဘူး တုံ့ပြန်တတ်ပြီ
    • ချောင်းဟန့်တာလိုမျိုး အာရုံစိုက်ခံရအောင် အသံတွေလုပ်တတ်ပြီ
    • စာအုပ်တွေလှန် ကြည့်တတ်ပြီ
    • အရုပ်တွေကို ကိုယ်တိုင်ထုတ်ဆော့တတ်ပြီ
    • ပြောစကားအတိုင်း လိုက်လုပ်တတ်ပြီ။

    မေမေနဲ့ဖေဖေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ……..

    ဒီအရွယ်မှာ ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့

    • ညှစ်တဲ့အခါ ဒါမှမဟုတ် လှုပ်တဲ့အခါ အသံထွက်တဲ့ အရုပ်တွေပေးဆော့ပါ
    • မှန်ရှေ့မှာ သူ့နာမည်လေးခေါ်ရင်း မှန်ထဲမှာ သူ့ရုပ်ပုံလေးပေါ်နေတယ်ဆိုတာကို သိအောင်ပြပေးပါ
    • စကားပြောတဲ့အခါ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ပေးပါ
    • တူဝါးဆော့ပါ
    • သူက လက်ညှိုးထိုးတဲ့ အရုပ်လေးတွေ အရာဝတ္ထုလေးတွေရဲ့ အမည်ကို ပြောပြပေးပါ
    • အသံတုလေးတွေလုပ်ပြပေးပါ
    • မေမေလို့ ပါးစပ်ကပြောရင်း ဘေဘီလေးကို လိုက်ခေါ်ခိုင်းပါ
    • နေ့တိုင်း ရုပ်ပုံပါတဲ့ စာအုပ်တွေဖတ်ပြပါ။ ပုံပြင်ဖတ်ပြပါ
    • ထုလို့၊ ညှစ်လို့ရတဲ့ အရုပ်တွေနဲ့ ပေးဆော့ပါ
    • အတုံးလေးတွေစီပြီး တူတူဆော့ပါ
    • ရေချိုးချိန် သတ်မှတ်ပေးပါ
    • အိပ်ချိန်သတ်မှတ်ပေးပါ
    • ခွက်ကို ကိုင်တတ်အောင် သင်ပေးပါ။

    အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၇ လ ကနေ ၉ လအတွင်းမှာတွေ့ရမယ့် ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။ နောက်လတွေမှာရော ဘေဘီလေးက ဘယ်လိုများဆက်ဖွံဖြိုးဦးမှာလဲ………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement