backup og meta

ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ

    ဘေဘီလေး တွေရဲ့ ဦးနှောက်ဟာ မွေးစကနေ ၃ နှစ်တာအတွင်းမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု က ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်​ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။

    ကလေးတစ်ယောက်ဟာ မွေးစကနေ ၃ နှစ်အတွင်းမှာ အဓိကဖွံ့ဖြိုးမှု ၄ ရပ်ရှိနေဖို့လိုပါမယ်။ ဒါကတော့ လှုပ်ရှားသွားလာနိုင်မှု (ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု)၊ ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု၊ သိမြင်မှုစွမ်းရည်ပိုင်းတွေမှာ တိုးတက်မှုတွေရှိနေဖို့လိုပါမယ်။ သိမြင်မှုစွမ်းရည်ဆိုတဲ့အထဲမှာ ဘေဘီလေး ရဲ့ တွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေပါဝင်နေပါတယ်။ ဘေဘီလေး ကို ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်နေတဲ့မွေးစက နေ ၃ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးမယ့် လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

    ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အကောင်းဆုံးသောနည်းလမ်းတွေက ဘာတွေဖြစ်မလဲ……..

    ဘေဘီလေး ကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို နေ့တိုင်းလုပ်ဆောင်ပေးဖို့လိုပါမယ်။

    ကစားပေးပါ

    ကလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကစားပေးတာက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကို အကောင်းဆုံး အထောက်အကူပြုပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါ။ ကလေးနဲ့အတူတူ ဆော့ကစားပေးတာ၊ စကားပြောပေးတာ၊ သီချင်းဆိုပေးတာတွေက ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။

    အရုပ်လေးတွေကို လုပ်ပြရင်း အမူအရာနဲ့ ကစားပေးပါ။ ဟန်ပန်လေးတွေလုပ်ရင်း သီချင်းတူတူဆိုပေးပါ။ ရောင်စုံတုံးလေးတွေကို အသုံးပြုလို့ အိမ်ဆောက်တမ်းဆော့တာကတွေက ကလေးရဲ့ စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်ပြီး ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

    သက်သောင့်သက်သာထားပါ

    ဘေဘီလေး​ တွေမှာလည်း စိတ်ဖိစီးမှုရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကင်းကင်းနဲ့ ကြီးပြင်းစေနိုင်မှုက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေနိုင်မှာပါ။ ဒါကြောင့် ကလေးကို ထွေးပွေ့တာ၊ ချော့သိပ်တာတို့လိုမျိုးလုပ်ပေးပြီး သက်သောင့်သက်သာဖြစ်အောင်ထားပါ။ ဒီလိုလုပ်ပေးတာက ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ချစ်ပေးပါ။

    စာဖတ်ပြပါ

    စာဖတ်ပြတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ကလေးက စကားလုံးတွေကို သေချာမသိသေးဘူးဆိုရင်တောင်မှ မေမေက စာဖတ်ပြတာက ကလေးကို သင်ယူမှုစွမ်းရည်ကောင်းစေနိုင်ပြီး ဘာသာစကားစွမ်းရည်ကောင်းစေနိုင်ပါတယ်။ နောက်တစ်ခုလုပ်လို့ရတာက ကလေးကို ရုပ်ပုံလေးတွေပြရင်း စာဖတ်ပြတာပါ။ ကလေးကို အရုပ်နဲ့စကားလုံးလေးတွေကိုတွဲမြင်စေပြီး  သိမြင်မှုစွမ်းရည်တိုးလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    အာဟာရပြည့်ဝအောင် ကျွေးမွေးပေးပါ

    ဖွံ့ဖြိုးရမယ့်အရွယ်မှာ အာဟာရပြည့်ဝအောင်မရဘူးဆိုရင် ဦးနှောက်ကလည်း ကောင်းကောင်းဖွံ့ဖြိုးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘေဘီလေးကို ဦးနှောက် ကောင်းကောင်းဖွံ့ဖြိုးစေချင်တယ်ဆိုရင် ဦးနှောက်ဖွံ့ဖြိုးဖို့ထောက်ပံ့ပေးတဲ့ အစားအစာတွေ ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။ နို့တိုက်နေရချိန်မှာတော့ မေမေက အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အသက် ၆ လပြည့်ပြီဆိုရင်တော့ ဘေဘီလေးအတွက် လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ ပြောပါရစေနော်။

    ထူးချွန်ထက်မြက်တဲ့ ဘေဘီလေးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်မယ့် အခွင့်အရေးက မေမေတို့ရဲ့လက်တစ်စုံမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement