ဘေဘီလေး က ၁ လ ကနေ ၃ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဒီအချိန်မှာ ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အရင်ကအပတ်တွေကနဲ့ မတူတော့တာ အမှန်ပါပဲ။ ဒီကာလမှာ ဘေဘီလေး က

ကိုယ်အလေးချိန် – ပျမ်းမျှအားဖြင့် တစ်လကို ၁ ပေါင်ခွဲခန့်တက်လာပါမယ်။
အရပ်အမြင့် – တစ်လကို ၁ လက်မစီတိုးရပါမယ်။
ဦးခေါင်းအရွယ်အစား – တစ်လကို လက်မဝက်စီလောက် တိုးလာရပါမယ်။ ဒါက ဘေဘီလေး တစ်ယောက်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှု ဖြစ်စဉ်ပါ။

ဒီအရွယ်မှာ ဘေဘီလေး က ဘာတွေလုပ်တတ်ပြီလဲ…………

ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ် စတင်နေပါပြီ။ ဒီကာလကစပြီး မေမေဖဖေတို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဘေဘီလေးရဲက တိုးတက်မှုတွေကို မြင်တွေ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ကြွက်သားတွေက အရင်ကထက် သန်မာလာပြီး လှုပ်ရှားမှုတွေပိုလုပ်နိုင်လာပါပြီ။ ခြေလက်တွေကိုလည်း အရင်ကထက် ကွေးနိုင်ဆန့်နိုင်လာပါပြီ။ ဒီကာလ အပိုင်းအခြားမှာ ဘေဘီလေးက

• အရင်မွေးစကလို အမှုမဲ့ အမှတ်မဲ့လှုပ်ရှားမှုမျိုးတွေ သိပ်မရှိတော့ဘူး
• လည်ပင်းကကြွက်သားတွေ သန်မာလာပြီ။ ခေါင်းထောင်ဖို့ စကြိုးစားနေပါပြီ။
• မှောက်ရက်အနေအထားမှာ ခေါင်းကို ဘယ်ညာလှည့်နိုင်ပြီ
• ပစ္စည်းတွေကို လက်နဲ့ယူပြီး ပါးစပ်ဆီထည့်နိုင်ပြီ
• လက်တွေကို ကြည့်တတ်နေပြီ
• မျက်နှာတွေ၊ အလင်းရောင်နဲ့ အရာဝတ္ထုတွေကို လိုက်ကြည့်တတ်နေပြီ
• ဂျောက်ဂျက်တွေကို လှုပ်ပြီးဆော့တတ်ပြီ။ ပစ္စည်းလေးတွေကို ပစ်ချတတ်ပြီ
ခြေထောက်တွေ စလှုပ်ရှားတတ်ပြီ။

၃ လပြည့်တဲ့အခါ –

• ခေါင်းကို သေသေချာချာမတ်မတ်ထောင်နိုင်ပြီ။
• လိုချင်တဲ့ ပစ္စည်းတွေဆီရောက်အောင် လက်လှမ်းတတ်ပြီ။

ဘေဘီလေးက ဘာတွေပြောနိုင်ပြီလဲ………..

ဒီကာလက မိဘတိုင်းရဲ့ စိတ်အလှုပ်ရှားရဆုံးကာလပါ။ ဘေဘီလေးက မေမေဖေဖေတို့နဲ့ ဆက်ဆံမှုတွေလုပ်နိုင်လာပါပြီ။

  • စကားလုံးတွေကို စမှတ်သားတတ်နေပါပြီ။
  • ပါးစပ်ကနေ အသံလေးတွေ စထွက်တတ်နေပါပြီ
  • ငိုတဲ့အခါတိုင်းမှာ အဓိပ္ပါယ်တစ်မျိုးစီရှိနေပါတယ်။ ဆာလို့ ငိုတာ၊ အိပ်ချင်လို့ ငိုတာတွေတစ်ခုချင်းစီမှာ ကွဲပြားမှုတွေရှိနေပါတယ်။

ဘေဘီလေးတွေက ဘာတွေနားလည်နေပြီလဲ…………

ဒီကာလမှာ ဘေဘီလေးရဲ့ နားလည်နိုင်စွမ်းကလည်း တိုးတက်လာပါပြီ။ ဒီအချိန်မှာ ဘေဘီလေးက သူ့ရဲ့ milestone တွေကို စတင်စိုက်ထူနိုင်ပါပြီ။

• မိသားစုဝင်တွေရဲ့ အသံတွေကိုနားလည်နေပါပြီ။ (အထူးသဖြင့် ဖေဖေနဲ့မေမေ့ရဲ့ အသံတွေကိုပါ။)
• ပြုံးပြတတ်ပြီ။
• အသံတွေကို ပိုထွက်တတ်လာတာနဲ့အတူ လက်တွေခြေတွေကို လိုသလို လှုပ်တတ်နေပါပြီ။

မေမေနဲ့ဖေဖေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ……..

ဒီအရွယ်မှာ ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့

• ဘေဘီလေးနဲ့ မျက်နှာချင်းဆိုင်ကြည့်ပြီး မျက်လုံးချင်းဆုံကြည့်ပေးပါ
• အဝတ်အစားဝတ်ပေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါ၊ ထမင်းခွံတဲ့အခါ နဲ့ ကလေးနဲ့ကစားတဲ့အချိန်မျိုးမှာ ချိုချိုသာသာ စကားပြောပေးပါ
• ကလေးကို သီချင်းဆိုပြပါ
• ကလေးကို အသံထွက်တဲ့ အရုပ်ပျော့ပျော့လေးနဲ့ ပေးကစားပါ
• ကလေးကို တိရစ္ဆာန်အသံတုလေးတွေလုပ်ပြပါ
• ကလေးကို ရုပ်ပုံလေးတွေပြပေးပါ
• ကလေးရဲ့ အိပ်ရာပေါ်မှ အရုပ်လေးတွေချိတ်ဆွဲပေးပါ
• ကလေးကို နာမည်လေးခေါ်ပေးပါ
• ကလေးကို ပွေ့ချီပေးပါ

အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၁ လ ကနေ ၃ လအတွင်းမှာတွေ့ရမယ့် ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ် အာဟာရဓာတ် အစာအိမ်အူလမ်းကြောင်း သတ္တုဓာတ် ကိုယ်အလေးချိန် ဗိုက်ကယ်ခြင်း သံဓာတ် သရေစာ ရေများများသောက်ပါ အစားအစာ စားသုံးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

မျှစ် ချဉ်ပြုံးပြုံးအရသာ ငါး ငရုတ်သီး ကျန်းမာရေး သတ္တုဓာတ် ကယ်လ်ဆီယမ် အာဟာရဓာတ် ဗီတာမင် C သံဓာတ် ဗီတာမင် A ချဉ်ပေါင်ရွက် ဆေးဖက်ဝင် အအေးမိ၊ ဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေး မေမေ့နို့ အစာစစား ပန်းဂေါ်ဖီစိမ်း အစာမာ ရေ မေမေဖေဖေ ချောကလက် ကဖင်းဓာတ် သွေးပေါင်ချိန် နှလုံးခုန်နှုန်း အာရုံကြောစနစ် label

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာ ကွမ်းသီး ကျန်းမာရေး ကျန်းမာရေးဆိုးကျိုး ကျန်းမာရေးအကျိုးကျေးဇူး လေဖြတ် ကြွက်သား ခံတွင်း သွားချေး သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020