backup og meta

နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ

နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ

ဘေဘီလေးတွေ ကျန်းမာစေဖို့ လိုအပ်တဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ နို့ဦးရည်ပါ။ ဘေဘီလေးက မိခင်ဝမ်းကနေ ထွက်ထွက်လာပြီးပြီးချင်းမှာ နို့ဦးရည်ကို လုံလောက်စွာ ရရှိပါမှ နို့ဦးရည်မှာ ပါတဲ့ အာဟာရဓာတ်တွေက ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကိုလည်း တည်ဆောက်ပေးနိုင်မှာပါ။ ဒီလို ကလေးအတွက် အရေးပါတဲ့ နို့ဦးရည်နဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေ ရှိသလို မှားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ ဘာတွေက မှန်လို့ ဘာတွေက မှားနေလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်နိုင်စေဖို့ ဒီတစ်ခေါက်တော့ နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊  အမှားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

နို့ဦးရည် ဆိုတာ ဘာများလဲ!

နို့ဦးရည် ဆိုတာက ကလေးမွေးဖွားပြီးလို့ မိခင်နို့ စစတိုက်ကျွေးချိန်မှာ ထွက်လာတဲ့ နို့ရည်ပါ။ ပထမဦးဆုံး ထွက်တဲ့ နို့ရည်ပါ။ ဒီနို့ရည်က မွေးကင်းစ ကလေးအတွက် အာဟာရ ပြည့်ဝစေတဲ့ နို့ရည်ပါ။ ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ 

နို့ဦးရည်က ကလေးရဲ့ အစာခြေစနစ်နဲ့ ကိုက်ညီတဲ့ အာဟာရ တစ်မျိုးဖြစ်ပြီး ကလေးအတွက် သက်စောင့်အာဟာရဆိုရင်လည်း မမှားပါဘူး။ နို့ဦးရည်က ကလေးရဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်ရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ 

နို့ဦးရည်က ပုံမှန် မိခင်နို့ရည်ထက် ပိုပျစ်ပြီး အရောင်ကလည်း ဝါဖန့်ဖန့်လေး ရှိပါတယ်။ ပုံမှန် မိခင်နို့ရည်ထက်လည်း အရောင် ပိုရင့်ပါတယ်။ နို့ဦးရည်မှာ မွေးကင်းစ ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။

နို့ဦးရည်အကြောင်း သိသွားပြီဆိုတော့ နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ အကြောင်း ဆက်လေ့လာလိုက်ရအောင်နော်။

နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ အကြောင်း 

နို့ဦးရည်နဲ့ ပတ်သက်ပြီး သိထားမိနိုင်တဲ့ အမှန်အမှားတွေကတော့ – 

၁- နို့ဦးရည်ထွက်ဖို့၊ နို့တိုက်ဖို့ ဘာမှလုပ်စရာမလိုဘူး။ အလိုလိုတတ်သွားမှာပဲ။

နို့ဦးရည်အပါအဝင်က မိခင်နို့က အလိုလိုထွက်တာတော့ ဟုတ်ပေမဲ့ သေချာတိုက်တတ်ဖို့တော့ လိုပါတယ်။ မိခင်နို့က စို့လေ ထွက်လေ ဖြစ်တဲ့အတွက် ကလေး နို့စို့တတ်ဖို့၊ မိခင်နို့တိုက်တတ်ဖို့ လိုပါတယ်။ တချို့မိခင်တွေ ရက်ပိုင်းလောက်ပဲ နို့ထွက်ပြီး ရပ်သွားတာ၊ မွေးပြီးပြီးချင်းမှာ နို့တိုက်ရခက်တာတွေက နို့တိုက်ဖို့ ကြိုတင် မလေ့လာထားလို့ပါ။ မွေးစမှာ နို့ဦးရည်သေချာထွက်ဖို့၊ ကလေး နို့သေချာစို့နိုင်ဖို့ ကိုယ်ဝန်ဆောင်တည်းက လေ့လာထားဖို့ လိုပါတယ်။ ဒါမှ အဖိုးတန်တဲ့ နို့ဦးရည်ကို ကလေးကို စောစောတိုက်နိုင်မှာပါ။

၂- မွေးပြီးပြီးချင်းထွက်တဲ့ နို့ကို ညှစ်ပစ်ရတယ်။

မွေးပြီးပြီးချင်း ထွက်တဲ့ နို့က ပျစ်တယ်၊ ဝါတယ်။ ဒါကြောင့် ကလေးကို ချွဲကျပ်စေမယ်။ အသားဝါစေမယ်ဆိုပြီး ညှစ်ထုတ်ပစ်ကြပါတယ်။ မွေးပြီးပြီးချင်းမှာ ထွက်တဲ့ နို့က နို့ဦးရည်ပါ။ သူက သဘာဝအရကို ပျစ်ပြီး ဝါဖန့်ဖန့်အရောင် ရှိနေတာ ဖြစ်ပါတယ်။ ကလေးကို ကြီးထွားစေဖို့၊ ရောဂါပိုးတွေကို ခုခံနိုင်ဖို့ အာဟာရတွေသာ ပါဝင်တာဖြစ်ပြီး ကလေးကို မထိခိုက်စေပါဘူး။ ဒါကြောင့် စိတ်ချလက်ချ တိုက်လို့ရပါတယ်။ ညှစ်ထုတ်ပစ်ဖို့ မလိုပါဘူး။

၃ – နို့ဦးရည်က ကလေးကို ဝမ်းသွားစေတယ်။

မေမေ့ဗိုက်ထဲမှာ ဖွံ့ဖြိုးနေစဉ်က ဘေဘီလေးရဲ့ အစာခြေစနစ်က လှုပ်ရှားမှု မရှိထားတာကြောင့် အူလမ်းကြောင်းထဲမှာ ငယ်ချေးလေးတွေ စုနေတတ်ပါတယ်။ ‌နို့စစို့လို့ မိခင်နို့ဦးရည် ဝမ်းထဲရောက်သွားချိန်မှာတော့ အူလမ်းကြောင်းတွေ စတင်လှုပ်ရှားလာပါတယ်။ ဒီလိုနဲ့ ဘေဘီလေး မိခင်ဝမ်းထဲမှာ နေတုန်းက အစာခြေစနစ်ထဲမှာ ရှိနေတဲ့ စွန့်ထုတ်ရမယ့် အရာတွေကို စပြီး စွန့်ထုတ်ပါတော့တယ်။

နို့ဦးရည် ကနေတဆင့် မိခင်နို့ ပြောင်းသွားတာနဲ့အမျှ ကလေးရဲ့ ဝမ်းက ပျစ်လာပြီး ဝမ်းအရောင်ကလည်း အမည်းရောင် ကနေ စိမ်းဖန့်ဖန့်၊ စိမ်းဖန့်ဖန့်ကနေ အဝါရောင် ပြောင်းလာပါတယ်။ ဒါကြောင့် ကလေးက နို့ဦးရည်ကြောင့် ဝမ်းသွားတာ မဟုတ်ပါဘူး။ အစာခြေစနစ်ရဲ့ စတင်လှုပ်ရှားမှုကြောင့်သာ စွန့်ထုတ်ရမယ့် အရာတွေကို စွန့်ထုတ်တာပါ။ 

၅ – နို့ဦးရည်က နည်းနည်းပဲ ထွက်တော့ နို့ဘူးကူရမယ်။ 

နို့ဦးရည်က ခပ်ပျစ်ပျစ်နဲ့ မီးဖွားပြီး အစောပိုင်းရက်တွေမှာ ထွက်တဲ့ နို့ရည်ပါ။ အစောပိုင်းရက် အနည်းငယ်မှာသာ ထွက်ပြီး ပမာဏအားဖြင့် တစ်နေ့ကို ၃၀ မီလီလီတာ ကနေ ၁၀၀ မီလီလီတာလောက် အထိပဲ ထွက်ပါတယ်။ ပမာဏ နည်းပေမယ့် ကလေးအတွက် လုံလောက်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ နို့ဦးရည်က နည်းနည်းပဲ ထွက်လည်း ကလေးအတွက်က လုံလောက်ပါတယ်။ ဒါကြောင့် နို့ဘူးကူစရာမလိုပါ။ ကလေးကို နို့ခဏခဏ တိုက်ဖို့သာ လိုပါတယ်။

၆ – မိခင် ရင်သားသေးရင် နို့ဦးရည် နည်းနည်းပဲ ထွက်မယ်

မိခင်ရင်သား ထွားတာ သေးတာက မိခင်နို့ ထွက်ရှိမှုအပေါ်ရော နို့ဦးရည် ထွက်ရှိမှု အပေါ်မှာပါ သက်ရောက်တာမျိုး မရှိပါဘူး။ မိခင်တစ်ယောက်က ကလေးမွေးဖွားပြီးချိန်မှာ လုံလောက်တဲ့ နို့ဦးရည်ကိုရော နို့ရည်ကိုပါ ထောက်ပံ့ပေးနိုင်မှာပါ။ ပြည့်ဝမျှတတဲ့ အာဟာရကို စားသုံးဖို့တော့ လိုတာပေါ့။ 

ဒါကြောင့် မိခင်နို့တိုက်နေချိန်မှာ မေမေ့အနေနဲ့ အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုသလို ရေလုံလောက်အောင် သောက်ဖို့လည်း လိုပါမယ်။ နောက်ထပ် သောက်ပေးလို့ရတာ တစ်ခုက နို့ဦးရည်ကိုရော မိခင်နို့ရည်ကိုပါ အာဟာရ ပြည့်ဝစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကြက်ပေါင်းရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။ နောက်တစ်ခုကတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ပါ။ ဒီလို နည်းလမ်းလေးတွေကို လိုက်နာပေးတာကလည်း ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့ လုံလောက်တဲ့ နို့ရည်ကိုရော နို့ဦးရည်ကိုပါ ထွက်ရှိစေမှာပါ။

မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ဘေဘီလေးကို မွေးဖွားပြီးချိန်မှာပါ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပေးတာက လုံလောက်ပြည့်ဝတဲ့ နို့ဦးရည်နဲ့ နို့ရည်ကို ရရှိစေမှာ ဖြစ်သလို မိခင်ရော ကလေးပါ ကျန်းမာစေမှာပါ။

လျှော့စျေးကူပွန်ရယူရန်

သင်က
  • ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
  • ကိုယ်ဝန်ဆောင်မိခင်
  • နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
ဒါဆိုရင်တော့  https://bit.ly/BRANDS_PROMO_CODE_OFFER ကို ဖြည့်ပြီး ဘရန်း(စ်)  ကြက်ပေါင်းရည်   42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why is colostrum so important? https://www.medela.com/breastfeeding/mums-journey/colostrum Accesssed Date 31 May 2023

Breastfeeding Myths : Colostrum https://www.second9months.com/breastfeeding-myth-colostrum/  Accesssed Date 31 May 2023

 Colostrum – its Composition, Benefits as a Nutraceutical – A Review.http://www.foodandnutritionjournal.org/volume1number1/colostrum-its-composition-benefits-as-a-nutraceutical-a-review/ Accesssed Date 31 May 2023

Amazing colostrum – facts and myths https://www.cherishedparenting.com.au/single-post/amazing-colostrum-facts-and-myths#:~:text=Colostrum%20has%20a%20mild%20laxative%20effect.&text=Once%20the%20milk%20starts%20changing,this%20just%20isn’t%20true. Accesssed Date 31 May 2023

COLOSTRUM FEEDING : MYTHS AND REALITIES https://jogi.co.in/storage/articles/files/filebase/Archives/1994/oct/1994_745_750_Oct.pdf Accesssed Date 31 May 2023

15 Myths About Breastfeeding https://www.unicef.org/egypt/nutrition/15-myths-about-breastfeeding Accesssed Date 31 May 2023

ယခုပုံစံ

07/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement