သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေကို ပေးကလိုက်ပါ

လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေ သီချင်းသံ ကြားတဲ့အခါ လှုပ်စိလှုပ်စိ လိုက်ကတာလေးက တော်တော်လေး ချစ်ဖို့ ကောင်းပါတယ်။ ဒီလို ကနေတဲ့အခါ ဖေဖေမေမေတို့က ဟန့်တာ၊ လှောင်တာမျိုး မလုပ်ဘဲ လက်ခုပ်လေးတီးလို့ အားပေးလိုက်ပါ။ ကတာက ဘေဘီလေးရဲ့ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်လို့ပါ။

ဘေဘီလေးတွေကို ပေးကပါလို့ ပြောရတဲ့ အကြောင်းအရင်း

သီချင်းသံ မြူးမြူးလေးနဲ့ ဘေဘီလေးက လိုက်ကတဲ့အခါ

ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ်

ကလေးအရွယ်ကတည်းက ယုံကြည်မှုရှိအောင် လုပ်ပေးမှ အသက်ကြီးလာတဲ့အခါ ရဲရင့်ပြီး ယုံကြည်မှု ပြည့်ဝတဲ့သူအဖြစ် ကြီးပြင်းလာမှာပါ။ ဒီနေ့ခေတ်မျာ အောင်မြင်ဖို့ဆိုရင် ဘေဘီလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို ယုံကြည်မှု ပြည့်ဝစေဖို့ ပေးကလိုက်ပါ။

ဒီလို လွတ်လွတ်လပ်လပ် ပေးကတာက တစ်နေ့ထက်တစ်နေ့ ဘေဘီလေးကို ယုံကြည်မှု တိုးလာစေမှာပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းစေတယ်

ဘေဘီလေးကို အက သင်ပေးတာက ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ အားဖြည့်ပေးတာပါပဲ။ ကလေးက ကတဲ့အခါ အခြားသူတွေနဲ့ တွဲဖက် လုပ်ဆောင်မှု သဘောတရားကို ငယ်ငယ်ကတည်းက နားလည်လာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အဖြစ် ကြီးပြင်းလာမှာပါ။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေတယ်

ဘေဘီလေးဟာ ကတဲ့အခါ ခန္ဓာကိုယ်ကို လှုပ်ရမ်းရတဲ့အတွက် ခန္ဓာကိုယ်က ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးပြီးသား ဖြစ်ပြီး ကြွက်သားနဲ့ အရိုးတွေ ဖွံ့ဖြိုး သန်မာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ကတာက ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အကြားအာရုံ ကောင်းစေတယ်

သီချင်း စည်းချက်ကို အာရုံစိုက် နားထောင်ပြိး ကရတာဖြစ်တာကြောင့် သီချင်းမြူးမြူးလေးနဲ့ ပေးကတာက ဘေဘီလေးကို အကြားအာရုံ ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ကိုယ်နေဟန်ထား မှန်ကန်စေတယ်

ဘေဘီလေးက အက ဗီဒီယိုလေးကို ကြည့်ရင်း လိုက်ကမယ်ဆိုရင် ကိုယ်နေဟန်ထား မှန်ကန်လာမှာပါ။ လမ်းလျှောက်တာက စလို့ နေပုံထိုင်ပုံအဆုံး ကိုယ်နေဟန်ထား မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို စမတ်ကျစေပြီး ကိုယ်နေဟန်ထား မှန်စေချင်ရင် ငယ်ငယ်ကတည်းက ကတာကို မတားပါနဲ့။

သင်ယူနိုင်စွမ်း တိုးစေတယ်

ကတဲ့အခါ သီချင်း စာသား၊ သံစဉ် ကစလို့ ကိုယ်နေဟန်ထား ဘယ်လို နေရမလဲ ဆိုတာကို လိုက်မှတ် ရပါတယ်။ ဒီလို လိုက်မှတ်တာက ဘေဘီလေးရဲ့ မှတ်သားသင်ယူနိုင်စွမ်းကို တိုးစေဖို့ အစပျိုးပေးတာပါပဲ။ ဒီလို ငယ်ငယ်ကတည်းက အလေ့အကျင့် လုပ်ပေးတာက ဘေဘီလေးရဲ့ သင်ယူနိုင်စွမ်းကို တိုးလာစေမှာပါ။

ပျော်ရွှင်တက်ကြွစေတယ်

ကတာက ဘေဘီလေးကို စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး ပျော်ရွှင် တက်ကြွစေဖို့ ထောက်ပံ့ ပေးပါတယ်။ တက်ကြွ လန်းဆန်းနေမှုက ဘေဘီလေးကို ဉာဏ်ကောင်းစေဖို့လည်း ထောက်ပံ့ ပေးနိုင်ပါသေးတယ်။ အကောင်းမြင်စိတ် တိုးစေပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက် အဖြစ် ကြီးပြင်း လာစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
8 Benefits of Dance https://www.healthline.com/health/fitness-exercise/benefits-of-dance Accessed Date 28 August 2020
Reasons Why Dance is Good for Kids https://www.iseeme.com/blog/blog/2019/02/05/5-reasons-dance-is-good-for-kids/ Accessed Date 28 August 2020
EFFECTS OF DANCE EDUCATİON ON EMOTİONAL İNTELLİGENCE RELATED OUTCOMES https://www.periodicojs.com.br/index.php/gei/article/view/146 Accessed Date 28 August 2020
DANCE AND ITS INFLUENCE ON EMOTIONAL SELF-CONTROL AND REGULATION AND EMOTIONAL INTELLIGENCE ABILITIES AMONG EARLY CHILDHOOD-AGED CHILDREN http://www.universitypublications.net/ijas/0604/pdf/P3G53.pdf Accessed Date 28 August 2020
Movement and Dancing is Good For Kids – And Their Brains https://www.avera.org/balance/childrens-health/movement-and-dancing-is-good-for-kids-and-their-brains/ Accessed Date 28 August 2020
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 17/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။