backup og meta

ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့

    ဘေဘီလေးက ဆီးသွားတိုင်း ငိုနေတယ်။ ဆီးကလည်း သိပ်မသွားဘူး။ အနံ့ကလည်း ပြင်းတယ်။ ဘာဖြစ်တာလဲ မသိဘူး ဆိုတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး အတူတူ အဖြေထုတ်လိုက်ရအောင်လား………

    ဘေဘီလေး ဆီးသွားတိုင်း ငိုနေရတာက ဆီးလမ်းကြောင်း ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ သေချာစေဖို့ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါ။

    ဘေဘီလေးက ဆီးလမ်းကြောင်းပိုးဝင်နေတာလား………….

    ဘေဘီလေးက

    • ကိုယ်ပူနေမယ်
    • ဆီးခဏခဏသွားမယ်
    • ဆီးနံ့ပြင်းမယ်
    • ဆီးက ပန်းရောင် ဒါမှမဟုတ် အရောင် နောက်ကျိကျိ ဖြစ်နေမယ်
    • အန်မယ်
    • အီနေမယ်
    • ဆီးသွားတိုင်း ငိုနေမယ် ဆိုရင် ဘေဘီလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။

    ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ အိမ်တွင်းကုထုံးများ

    ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ဆိုရင်

    နို့များများ တိုက်ပေးပါ

    ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ မိခင်နို့ များများ တိုက်ပေးပါ။ ဘေဘီလေးက ၆ လကျော်ပြီဆိုရင် ရေကျက်အေး တိုက်ပေးပါ။

    သန့်ရှင်းရေး လုပ်ပေးပါ

    ဘေဘီလေး သေးခံ စိုသွားတိုင်း ချက်ချင်း သန့်စင်ပေးပါ။ သေးခံ အသစ် လဲလှယ်ပေးပါ။ ကလေးကို သေးခံ လဲပေးတဲ့အခါ antimicrobial baby wipes ကို အသုံးပြုပြီး အေက်ပိုင်းကို သန့်စင်ပေးပါ။

    သေးခံ မလဲပေးခင်မှာ လက်ကို သေချာ သန့်စင်ဆေးကြောဖို့ မမေ့ပါနဲ့။

    ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ

    ဘေဘီလေးကို hypoallergenic ဆပ်ပြာ အမျိုးအစား နဲ့ ရေနွေးနွေးလေး ရောစပ်ပြီး ရေချိုးပေးတာက ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယား ပေါက်ဖွားမှုကို လျှော့ချပေးပြီး ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

    အရှေ့ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ

    ဘေဘီလေးကို အင်းအင်းပါပြီးတိုင်း ဒါမှမဟုတ် ရှူးရှူးပေါက်ပြီးတိုင်း သန့်စင်ပေးတဲ့အခါ အရှေ့ဘက်ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။ ဒါမှ ဆီးလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။ အထူးသဖြင့် မီးမီးလေးတွေမှာပေါ့။

    မကြာခဏ ဆီးသွားခိုင်းပါ

    ဘေဘီလေးကို မအိပ်ခင်၊ အိပ်ခါနီး၊ ရေချိုး ခါနီး အချိန်တွေမှာ ရှူးတည်ပေးပါ။ မကြာခဏ ဆီးသွားစေတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။

    အုန်းဆီ

    ဘေဘီလေးက ၆ လကျော်ပြီဆိုရင် သူစားသုံးမယ့် အစားအစားထဲကို အုန်းဆီနည်းနည်း ထည့်ပြီး ပြင်ဆင်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်မှာပါ။

    ဘေဘီလေးက ၆ လအောက်ဆိုရင်တော့ ဆီးစပ်နားမှာ အုန်းဆီလေး လိမ်းပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။

    ရေနွေးဝတ် ကပ်ပေးပါ

    ကလေးရဲ့ ဝမ်းဗိုက် အောက်ပိုင်းကို ရေနွေးဝတ် ကပ်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ တစ်နေ့တာမှာ အကြိမ်ရေ တော်တော်များများ ကပ်ပေးဖို့တော့ လိုပါမယ်။

    ရေနွေးဝတ်က တအား ပူမနေစေဖို့ သတိထားပေးပါ။

    ချောင်ချောင်ချိချိ ဝတ်ပေးပါ

    ကလေးကို အဝတ်အစား ဝတ်ပေးတဲ့အခါ ချောင်ချောင်ချိချိ ဖြစ်စေဖို့နဲ့ လေဝင်လေထွက် ကောင်းတဲ့ ချည်သား ဖြစ်စေဖို့ ဂရုပြုပါ။ ဘေဘီလေးရဲ့ အောက်ပိုင်းကို ခြောက်သွေ့အောင် ထားပေးပါ။ ဒီလို လုပ်ပေးတာက ကုသရာရောက်သလို ကာကွယ်ရာလည်း ရောက်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြ မလဲ.…….

    တကယ်လို့ ဘေဘီလေးက

    • ဆီးသွားတဲ့အခါ အရမ်းငိုနေမယ်
    • အဖျားက ၁၀၁ ဒီဂရီဖာရင်ဟိုက်အောက် ဖြစ်မယ်။ ဒါပေမယ့် ကိုယ်ပူမကျဘူး။
    • ဆီးက အရောင် အနံ့ပြောင်းလာမယ်
    • ဆီးအရောင်က နောက်လာမယ်။ သွေးစလေးတွေ ပါမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားပြစေချင်ပါတယ်။

    ဆီးလမ်းကြောင်း ပိုးဝင်တာက ကြီးကြီးမားမား ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် အချိန်ကြာနေရင်တော့ မကောင်းတာ အမှန်ပါ။ ဆီးလမ်းကြောင်း ပိုးဝင်တာက အချိန်ကြာမြင့်နေမယ်ဆိုရင် ဘေဘီလေးတွေရဲ့ နုနယ်တဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အထက်မှာ ပြောခဲ့တာတွေကို လုပ်ဆောင်ကြည့်လို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement