ဘေဘီလေးရဲ့ ခြင်ကိုက်ဖု နေရာကို ဘေဘီ lotion လေး ခပ်ဖွဖွ လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကို သက်သာစေနိုင် ပါတယ်။ သဘာဝ အသီးတွေက ထုတ်ထားတာမျိုးဆို ပိုကောင်း ပါတယ်။
ရေနွေးနွေးထဲကို သံပုရာရည် တစ်စိတ်စာလောက် ထည့်ပြီး မွှေပါ။ အအေးခံပြီး ဘေဘီလေးရဲ့ ခြင်ကိုက်ဖုမှာ ပွတ်လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကြောင့် ယားယံတာကိုရော ခြင်ကိုက်ဖုကိုပါ သက်သာစေမှာပါ။
ခြင်ကိုက်ခံ ရတဲ့အခါ ခြင်ကိုက်ဖုပေါ်မှာ ပျားရည် ခပ်ပါးပါးလေး ပွတ်လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကို သက်သာ စေမှာပါ။
ရေနွေးနွေးလေး ထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး မွှေပါ။ အအေးခံပြီးရင် ဂွမ်းစလေးနဲ့ယူပြီး ခြင်ကိုက်ဖု နေရာကို တို့သုတ်ပေးပါ။ ခြင်ကိုက်ဖုကြောင့် ယားယံတာကိုရော ရောင်ရမ်းတာကိုပါ သက်သာစေမှာပါ။
အုတ်ဂျုံကို ရေနွေးထဲ ထည့်စိမ်ပါ။ ပွလာပြီဆိုရင် အဖတ်တွေကို ဆယ်ယူပြီး ခြင်ကိုက်ဖု ပေါ်မှာ အုံထားပေးပါ။ ဒီလို လုပ်ပေးတာက ခြင်ကိုက်ဖုကြောင့် အရေပြား ယားယံမှုကို သက်သာစေသလို အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်တာကိုပါ သက်သာစေနိုင်ပါတယ်။
ကဲ… မေမေတို့ရေ ဒီနည်းလမ်းလေးတွေ သုံးလို့ ဘေဘီလေးတွေ ခြင်ကိုက်ခံရရင် သက်သာအောင် လုပ်ပေးလိုက်စို့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။