ရာသီအကူးအပြောင်းကြောင့် ဘေဘီလေးတွေမှာ အအေးမိ ဖျားနာဖြစ်တာကြောင့် ချွဲထတာ၊ လေထု ညစ်ညမ်းတာကြောင့် အဆုတ် ထိခိုက်တာတွေကို သက်သာစေဖို့အတွက်လည်း မုန်လာဥဖြူက ထောက်ကူပေးနိုင်ပါတယ်။
ရင်ကြပ်နေတဲ့ ဘေဘီလေးကို ချွဲပျော်စေဖို့အတွက်လည်း မုန်လာဥဖြူ ကျွေးပေးလို့ ရပါတယ်။
မုန်လာဥဖြူက သံဓာတ် ကြွယ်ဝတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအား ပြည့်နေအောင် ထောက်ကူပေးတာကြောင့်လည်း ဘေဘီလေးတွေက ရာသီအကူးအပြောင်းမှာ ဖျားနာမှု ကင်းစေမှာပါ။ အဆုတ်လေးကို ကျန်းမာစေဖို့ရော ကိုယ်ခံအားလေး ပြည့်ဝနေစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
မုန်လာဥဖြူရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာပါ။ မုန်လာဥဖြူက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး ဘေဘီလေးကို ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မုန်လာဥဖြူက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ကောင်းစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
ဘေဘီလေးကို မုန်လာဥဖြူ ပြင်ဆင်ပေးတဲ့အခါ အပေါ်ခွံတွေကို သေချာ စင်အောင် ခွာပြီး ရေကို သေချာ စင်ကြယ်အောင် ဆေးကြောပေးဖို့ လိုပါမယ်။ အစာနင်တာမျိုး မဖြစ်စေဖို့ နူးအိနေအောင် ချက်ပြီး သေချာလေး ကြိတ်ခြေပေးဖို့ လိုပါမယ်။
ကဲ ……. ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား …..ဆိုတော့ ရပါတယ်နော်။ အခုလို အကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။