ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။
ရောဂါပိုးမွှားများကို ပြင်ပကနေ ခန္ဓာကိုယ်ထဲ အလွယ်တကူဝင်မလာနိုင်အောင် ထိန်းချုပ်ပေးနိုင်တဲ့၊ ကိုယ်ခန္ဓာထဲမှာ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ဖို့နှင့် ရောဂါပိုးများ မျိုးပွားခြင်းကို နှေးကွေးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းသည် အလွန်အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။