ဒါတင်မကသေးပါဘူး။ တခြားဘာကောင်းကျိုးတွေ ရှိလဲဆိုတာကို လေ့လာနေကြတာလဲ ဒုနဲ့ ဒေးပါပဲ။ ခုဖြစ်နေတဲ့ ကိုဗစ်အပါအဝင်ပေါ့။ ကိုဗစ်ကို ကာကွယ်နိုင်လား၊ ကုသနိုင်လားဆိုတာကိုလည်း အကြိတ်အနယ်လေ့လာပြီး စာတမ်းတွေ အများကြီး ပြုစုနေကြတုန်းပါပဲ။
ဗီတာမင်ဒီကို ဘယ်လိုပေးသလဲ။ ဘယ်သူတွေကို မဖြစ်မနေပေးသလဲ။
ဗီတာမင်ဒီကို ပေးမယ်ဆိုရင် ဆရာဝန်တွေက ၃ချက်ကို စဉ်းစားရပါတယ်။
- ဗီတာမင်ဒီ ချို့တဲ့နိုင်ခြေရှိတဲ့သူလား။
- ချို့တဲ့တဲ့ လက္ခဏာတွေ ပြနေပြီလား။
- သွေးထဲမှာရော တကယ်နည်းနေပြီလား စတဲ့အချက်တွေကို စဉ်းစားရပါတယ်။
တစ်ခုချင်းစီကို ပြန်သွားရအောင်။
ဗီတာမင်ဒီချို့တဲ့နိုင်ခြေ ရှိတဲ့သူဆိုတာ ဘယ်သူတွေလဲ။
-အာဟာရချို့တဲ့တဲ့သူတွေ (အာဟာရချို့တဲ့ပြီး ဗီတာမင်ဒီတင်မက တခြားအာဟာရတွေပါ ချို့တဲ့နေတဲ့သူတွေ)
–နေရောင်နဲ့ မထိတဲ့သူတွေ (တစ်နေကုန် အိမ်တွင်းအောင်းနေတဲ့သူတွေ)
-အသက် ၆၅နှစ်အထက်တွေ (အသက်ကြီးလို့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့ ခက်လို့ နေရောင်ခြည်မရတဲ့အပြင် အရေပြားကလည်း ဒီအရွယ်လောက်ဆို နေရောင်ကို ကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး)
-အဝလွန်တဲ့သူတွေ BMI>၃၀နဲ့အထက်တွေ (ဝလေလေ ဗီတာမင်ဒီချို့တဲ့လေပါပဲ)
-အသားအရောင်ရင့်တဲ့သူတွေ (အသားအရောင်ရင့်လေလေ ဗီတာမင်ဒီစုပ်ယူမှု နည်းလေလေပါ၊ နေရောင်ထဲမှာ အမြဲနေရတဲ့သူဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းပါတယ်)
-အစားအသောက်ထဲက ဗီတာမင်ဒီစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အစာအိမ်အူလမ်းကြောင်း ရောဂါရှိသူတွေ (ဥပမာ ပန်ကရိယရောင်တာ၊ အူက မစုပ်ယူနိုင်တာ)
-အသည်း၊ ကျောက်ကပ်မကောင်းတဲ့သူတွေ (ကိုယ်ထဲမှာ ဗီတာမင်ဒီကို သုံးလို့ရအောင် အသည်းနဲ့ ကျောက်ကပ်မှာ အဆင့်ဆင့်ပြောင်းရတာကြောင့်ပါ)
-ဗီတာမင်ဒီကို အနှောင့်အယှက်ဖြစ်စေမယ့် ဆေးဝါးတွေကို စွဲသောက်နေရတဲ့ သူတွေ (ဥပမာ အတက်ကျဆေး၊ ဂလူကိုကော်တီးကွိုက်)
ဒီအချက်တွေ ရှိနေရင် သင်က သူများထက် ဗီတာမင်ဒီ ချို့တဲ့နိုင်ခြေ ရှိပါတယ်။
ချို့တဲ့တဲ့ လက္ခဏာတွေ ဆိုတာကရော
-ကလေးတွေမှာဆို ricketsလို့ ခေါ်တဲ့ အရိုးခွင်ပြိး အားပျော့တဲ့ ရောဂါဖြစ်မယ်။
-လူကြီးတွေဆို အရိုးတွေ နာမယ် (အထူးသဖြင့် ခါး)
-အရိုးတွေ အားနည်းပြီး ကျိုးလွယ်မယ်
-ကြွက်သားတွေ နာမယ် (ကြွက်တက်မယ်)
-ကြွက်သားအကြီးတွေ အားပျော့မယ်
-နုံးမယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။