နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read
Share now

ခြင်မရှိတဲ့ အရပ်၊ ခြင်မရှိတဲ့ အိမ်ရယ်လို့ မရှိပါဘူး။ ဒီတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ခြင်ကို ခြင်ဆေး မလိုဘဲ သဘာဝနည်းလေးတွေနဲ့ ခြင်ပြေးအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

ခြင် မကိုက်အောင် လုပ်ဆောင်ပေးမယ့် သဘာဝနည်းလမ်းများ

နေအိမ်မှာ ခြင်ပြးစေဖို့ ခြင်ဆေး ထွန်းစရာ မလိုမယ့် နည်းလမ်းက

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ အနံ့ ခပ်ပြင်းပြင်းက ခြင်တွေကို အဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်ပါ။ အအေးခံပြီး စပရေးဗူးထဲ ထည့်လို့ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရုံပါ။

လေးညှင်းပွင့် နဲ့ သံပရိုသီး

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ စိုက်ထားပေးပါ။ လေးညှင်းပွင့် နဲ့ သံပရိုသီးတို့ရဲ့ ရနံ့ ပေါင်းစပ်မှုက ခြင်တွေကို ဝေးဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်မှာပါ။

ပင်စိမ်း

ပင်စိမ်းက ဟင်းလျာတွေကိုတင် ရနံ့တိုးစေတာ မဟုတ်ဘဲ ခြင်တွေ ပြေးစေဖို့လည်း အကူအညီ ပေးနိုင်မှာပါ။ လတ်လတ်ဆတ်ဆတ် ပင်စိမ်းကို နေအိမ် အခန်းထဲမှာ ထားထားတာကလည်း ခြင်ပြေးစေမယ့် နည်းလမ်းကောင်းပါ။

Tea Tree Oil

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ အရေပြားမှာ Tea Tree Oil က အရေပြား ပြဿနာတွေကိုတင် ကင်းစေတာ မဟုတ်ဘဲ အရေပြားမှာ လိမ်းထားမယ်ဆိုရင်လည်း ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်မှာပါ။ ခြင်ကိုက်ဖုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ဖြန်းပေးတာကလည်း သဘာဝ ခြင်ပြေးဆေးတစ်ခုပါ။ စပရေးဗူးထဲမှာ ထည့်လို့ နေအိမ်မှာ ဖြန်းပေးပါ။

တမာဆီ နဲ့ လာဗင်ဒါဆီ

တမာဆီ နဲ့ လာဗင်ဒါဆီကို ဆတူရောပြီး အရေပြားပေါ်မှာ လိမ်းပေးတာက အရေပြားကို ထိခိုက်မှု ကင်းပြီး ခြင်တွေကို အဝေးပြေးစေမှာပါ။

ပူစီနံ အဆီ

ပူစီနံရွက်က ရတဲ့ အဆီကို လိမ်းပေးတာ အစိုဓာတ် ထိန်းစက်ထဲ ထည့်ပြီး ဖွင့်ပေးတာ၊ ရေနွေးနဲ့ ရောစပ်ပြီး ဖြန်ပေးတာကလည်း ခြင်ပြေးစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

Rosemary ရိုးတံ

Rosemary ရိုးတံကလည်း ဖြင်ပြေးစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင် ပါတယ်။ နေအိမ်ထဲမှာ မီးဖို သေးသေးလေးနဲ့ Rosemary ရိုးတံ ကို မီးရှို့ပေးရုံပါ။ ဒီအငွေ့က ခြင်တွေကို မောင်းထုတ်ပေးမှာပါ။

ကော်ဖီမှုန့်

နှပ်ကော်ဖီ လုပ်သောက်တဲ့ ကော်ဖီ အကြမ်းမှုန့်ကို ဖြူးပေးထားတာကလည်း ခြင်တွေကို အဝေးပြေးစေမှာပါ။ နေအိမ် အခန်းတွေထဲမှာ ကော်ဖီမှုန့်ကို ဖြူးထားပေးတာ၊ ရေဝပ်နိုင်တဲ့ နေရာတွေကို ကော်ဖီမှုန့် ဖြူးပေးတာက ခြင်တွေ ပြေးစေဖို့ရော ခြင်တွေ မပေါက်ဖွားစေဖို့ပါ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကဲ…. အိမ်သုံးပစ္စည်းလေးတွေ သုံးလို့ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ခြင်တွေကိူ အဝေးမောင်းထုတ်လိုက်ရအောင်လား………………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အရေပြားကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်ပေါ်တင်သက်ရောက်တာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား…………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 26, 2021 . 2 mins read
ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား......................

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read