အနာအဆာကင်းတဲ့ အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ ညှင်း အကြောင်း ပြောပြပေး ချင်ပါတယ်။