ဘေဘီလေးကို ဘယ်လောက်တစ်ကြိမ်ခေါင်းလျှော်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ဘယ်လောက်တစ်ကြိမ်ခေါင်းလျှော်ပေးမလဲ

    ကလေးကို ဘယ်သူပဲကောက်ချီလိုက်ကောက်ချီလိုက်မွှေးမွှေးကြိုင်ကြိုင် သန့်သန့်ရျင်ရျင်းလေးဖြစ်စေချင်တယ်ဟုတ်။ ဒီတော့ ကလေးကိုနေ့တိုင်းရေချိုးသန့်စင်ပေးတယ်။ပေါင်ဒါလိမ်းတယ်၊ baby Oil လိမ်းတယ်။ အဝတ်အစားလေးသပ်သပ်ရပ်ရပ်ဝတ်ပေးတယ်နော်။ ဒါ့အပြင်နောက်ထပ်လုပ်ပေးချင်တာတစ်ခုရှိသေးတယ်ဟုတ်။ ကလေးကခေါင်းမှာ ဂျီးတွေဖြစ်နေတယ်၊ဗောက်လို အဖြူဖပ်ဖပ်လေးတွေဖြစ်နေတယ်ဆိုပြီးခေါင်းလျှော်ေပးချင်တာလေ။ ဒီဆန္ဒတော့ဖြစ်တယ်လျှော်လို့ရရဲ့လားမသိဘူးဆိုပြီးဖြစ်နေတဲ့မေမေ၊ဖွားဖွားနဲ့ တီတီတို့ရေ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်နော်။

    ကလေးကိုခေါင်းလျှော်ပေးလို့ရလား

    ကလေးကို မဖြစ်မနေခေါင်းလျှော်ပေးရမယ်တော့မဟုတ်ပါဘူး။ ကလေးက နုနယ်လွန်းပါတယ်။ ကလေးတွေကိုမွေးစက သူတို့ဦးခေါင်းမှာပါလာတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးထားပြီးမို့ ငယ်စဉ်မှာခေါင်းလျှော်ပေးဖို့ သိပ်မလိုအပ်ပါဘူး။ ကလေးကိုခေါင်းလျှော်ပေးလို့ ကလေးက ပိုသန့်မသွားသလို ပိုပြီး ကျန်းမာလာမှာလည်းမဟုတ်ပါဘူး။ မဖြစ်မနေအခြေအနေမျိုးမှာလျှော်လို့ရတယ်ဆိုပေမယ့် မလျှော်ပေးလည်းအဆင်ပြေပါတယ်။ ကလေးကိုခေါင်းခဏခဏလျှော်ပေးတဲ့အခါခေါင်းက လိုအပ်တဲ့ အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်လာပြီး ဦးရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့်ပြောချင်တာက ကလေးကိုခေါင်းလျှော်ပေးလို့ရတယ်ဆိုပေမယ့် ခဏခဏတော့မလျှော်ပေးနဲ့ပေါ့။ ကလေးကို Baby Shampoo ခပ်ပျော့ပျော့လေးသုံးပြီး တစ်ပတ်ကို တစ်ကြိမ်လာက်လျှော်ပေးတာက အကောင်းဆုံးပါ။

    ကလေးကို ဒီလိုလေးခေါင်းလျှော်ပေးပါ

    နောက်တစ်ချက်ရှိသေးတယ်။ ဒါကတော့ ကလေးကို ဘယ်လိုခေါင်းလျှော်ပေးရမလဲ မသိတဲ့အချက်ပါ။ ဒီအချက်လေးကိုဖြေရှင်းပေးပါရစေနော်။

    • အရင်ဆုံးရေချိုးခန်းကို ကလေးအတွက်အဆင်ပြေစေဖို့ သန့်သန့်ရှင်းရှင်းလေးထားပါ။
    • အပူချိန်အဆင်ပြေနေပါစေ။ ကလေးကိုရေချိုးခန်းထဲမှာ တစ်ယောက်တည်း မထားခဲ့ဖို့လည်း မမေ့ပါနဲ့။
    • ပြီးရင်တော့ ကလေးရဲ့ ခြေထောက်ကိုရေစွတ်ပေးပြီး ဆံသားလေးတွေကိုပါ ရေနည်းနည်းစွတ်လိုက်ပါ။
    • ပြီးရင်ခေါင်းလျှော်ရည်ကို လက်ဖဝါးထဲထည့်ပြီး ဆံသားမှနှံ့အောင်ပွတ်ပေးလိုက်ပါ။
    • ကလေးကိုခေါင်းငြိမ်ငြိမ်ထားအောင် သူကြိုက်တဲ့အရုပ်လေးပေးထားတာဖြစ်ဖြစ်ချော့မြူပေးတာဖြစ်ဖြစ်လုပ်ပေးပါ။ သီချင်းဆိုပေးလို့လည်းရပါတယ်။
    • ကလေးကို မျက်လုံးထဲ ရေတွေ ခေါင်းလျှော်ရည်တွေမဝင်စေဖို့ လက်မှာ ပွေ့ထားပြီးခေါင်းလျှော်ပေးပါ။
    • ဆံသားနဲ့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေသုံးပြီး ခပ်ဖွဖွလေးပွတ်ပေးပါနော်။ လက်သည်းနဲ့ ကုတ်တာမျိုးမလုပ်ပါနဲ့။
    • နောက်ဆုံးတစ်ချက်ကတော့ ကလေးကိုခေါင်းအကြာကြီး မလျှော်ပေးပါနဲ့။ ခပ်မြန်မြန်လျှော်နိုင်လေ အကောင်းဆုံးဖြစ်လေပါ။
    • ကလေးကိုရေမချိုးခေါင်းမလျှော်ခင်ကတည်း က တဘက်လိုမျို း လိုအပ်မယ့်အရာတွေကို အဆင်သင့်ပြင်ထားပေးပါ။

    ကဲဘေဘီလေးကိုခေါင်းခဏခဏမလျှော်ပေးနဲ့နော်။ တစ်ပတ်တစ်ကြိမ်လောက်ပဲလျှော်ပေးပါ။လျှော်ပေးတဲ့အခါမှာလည်း ဒီနည်းလေးတွေကို အသုံးပြုပေးပြီး အဆင်ပြေပြေလျှော်ပေးနိုင်ကြပါစေကြောင်း

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement