backup og meta

လက်ဖဝါး ဘာလို့ယားတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဖဝါး ဘာလို့ယားတာလဲ
    လက်ဖဝါးယားတယ်ဆိုရင် ငွေဝင်တော့မယ်လို့ ပြောကြတယ်။ လာဘ်ကောင်းတဲ့ နိမိတ်လို့ ယုံကြည်သူတွေရှိပါတယ်။ ဒါလည်း ဟုတ်ရင်ဟုတ်နိုင်ပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ အကြောင်းရင်းတစ်ခုခုရှိနေတာသေချာပါတယ်။ လက်ဖဝါး ဘာလို့ယားတာလဲ ဆိုတာက အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ 
    ဥပမာ လက်ဖဝါးယားတာက အရေပြားမှာအဖြစ်များတဲ့ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ပိုပြင်းထန်တဲ့ရောဂါအကြောင်းရင်းခံကို လက္ခဏာပြတာလည်း ဖြစ်နေနိုင်ပါတယ်။

    လက်ဖဝါး ဘာလို့ယားတာလဲ

    လက်ဖဝါးယားရတာက ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။

    လက်မှာ ယားစပ်စပ်နဲ့ ဖြစ်လာရာကနေ အရေပြားအရောင်ပြောင်းလာတတ်ပါတယ်။ အရေပြားက ခြောက်သွေ့လာနိုင်ပါတယ်။ အဖုလေးတွေပေါက်ပြီးရင် အရေပြားက ပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်း သို့မဟုတ် တစ်ပတ် နှစ်ပတ် လောက်ပဲဖြစ်နိုင်ပါတယ်။ လနဲ့ချီပြီး ခံစားနေရမှာမဟုတ်ပါဘူး။

    ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းက ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုများခြင်းလည်း ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓာတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ အလုပ်အကိုင်တွေဖြစ်ပါတယ်။

    အလှလက်စွပ်နဲ့ တခြားလက်ဝတ်လက်စားတွေလိုမျိုးဆီက သံသတ္တုနဲ့ ဓာတ်မတည့်ခြင်း၊ ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တာများပါတယ်။

    • ဆီးချိုရောဂါ

    လူတစ်ယောက်မှာ ဆီးချိုရောဂါရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လက်ဖဝါး သို့မဟုတ် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေ ဖြစ်လာတာတွေ ဖြစ်တတ်ပါတယ်။

    Primary biliary cirrhosis (PBC) လို့ခေါ်တဲ့ အသည်းခြောက်ရောဂါဟာ လက်ဖဝါးမှာ ယားယံပြီး အကွက်လေးတွေ ဖြစ်လာစေနိုင်ပါတယ်။ PBCကြောင့် အသည်းနဲ့ အူလမ်းကြောင်းကို ဆက်သွယ်ပေးတဲ့ သည်းခြေပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ အသည်းနဲ့ အူလမ်းကြောင်းကြားမှာ ရွေ့လျားနေတဲ့ သည်းခြေရည်တွေက အသည်းမှာစုနေပြီး အသည်းရွတ်ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါးအကွက်တွေဖြစ်တာ၊ မအီမသာဖြစ်တာ၊ အရိုးနာကျင်တာ၊ ဝမ်းပျက်တာ၊ ဆီးအရောင်ရင့်တာတွေ ရှိနိင်ပါတယ်။

    လက်ဖဝါး ယားတယ် ဆိုတိုင်း ရောဂါလက္ခဏာဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျ ဘာရယ်မဟုတ် ခဏလောက် လက်ဖဝါး ယားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ ဆောင်းရာသီမို့ အသားခြောက်တာမျိုး။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

  • လက်အရေပြားမှာ နီမြန်း၊ ရောင်ရမ်းလာပြီး အရေခွံကွာလာတာ၊
  • အရေပြား အက်ကွဲလာတာ၊ သွေးစို့လာတာ၊
  • အရေကြည်ဖုလေးတွေ ဖြစ်လာပြီး ပေါက်ပြဲလာတာ၊
  • အနီကွက်တွေ ဖြစ်လာတာ၊
  • ရေယုန် ဖြစ်လာတာ၊
  • အရေပြားမှာ လောင်တဲ့ပုံစံ ဖြစ်လာတာ
  • ဘယ်လိုဂရုစိုက်ရမလဲ၊ ကာကွယ်ရမလဲ

    ရိုးရိုးသာမန် လက်ဖဝါး ယားယံခြင်းကိုတော့ အရေပြား ထိန်းသိမ်းရင်းနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။
    • ရေဓာတ် ပြည့်ဝအောင်နေပါ– ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝနေစေဖို့ ရေဝဝသောက်ပါ။ ရေဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။
    • lotion လိမ်းပါ– အရေပြားကို သက်သောင့်သက်သာဖြစ်စေပြီး အစိုဓာတ် ထိန်းပေးနိုင်ဖို့ lotions နဲ့ moisturizersတွေ လိမ်းပေးပါ။
    • ကာကွယ်ပါ – လက်အရေပြားက ထိခိုက်လွယ်၊ တုံ့ပြန်လွယ် အသားအရေ ဖြစ်တယ်ဆိုရင် ဓာတုပစ္စည်းပါတဲ့ အရာတွေကို ထိတွေ့တော့မယ့် အခါတိုင်း လက်ကို ကာကွယ်ဖို့ သတိပြုပါ။ ဆပ်ပြာ ကိုင်မယ် ကြံတိုင်း၊ ပန်းကန် ဆေးမယ်ဆိုရင် ရော်ဘာ လက်အိတ် စွပ်ပါ။ သိပ်ပြင်းတဲ့ ဆပ်ပြာတွေကို မသုံးတာအကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement