backup og meta

ဖျားနေတဲ့ကလေးကို မြန်မြန်သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်း (၇) ခု


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားနေတဲ့ကလေးကို မြန်မြန်သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်း (၇) ခု

    ရင်သွေးတိုင်းကို ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ကလေးကနေ့စဉ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာပေးတာကိုတောင်ကျေးဇူးတင်စရာလို့ထင်နေတဲ့စိတ်ကူးမိဘတိုင်းမှာရှိမှာပါ။ ကလေးနေထိုင်မကောင်းဖြစ်တာက မိဘတွေအတွက် အခက်ခဲဆုံး အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရသလိုပါ။ ကလေးကငယ်လေလေ အခြေအနေကကိုင်တွယ်ဖြေရှင်းဖို့ခက်လေလေပါ။

    ဒီအနေအထားကခက်ခဲတယ်ဆိုပေမယ့်လည်း ကလေးကို အအေးမိဖျားနာဝေဒနာတွေဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ကိုယ်စိတ်တိုင်းကျစေစားလို့မှမရတာ။ ဒီတော့ကလေးကဖျားနာလာပြီဆိုရင် လာမယ့်ဘေးပြေးတွေ့ဆိုရုံကလွဲ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီအခြေအနေကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးထားပါတယ်။

    ဖျားနေတဲ့ ကလေးငယ်မြန်မြန်သက်သာစေဖို့

    ကလေးတွေက လူကြီးတွေလောက် ကိုယ်ခံအားမကောင်းတာကြောင့် ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ အအေးခံတာများသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် အလွယ်တကူဖျားနာနိုင်ပါတယ်။ ကလေးက ဖျားနာတဲ့အခါ အခုလိုနည်းလမ်းလေးတွေသုံးပြီးမြန်မြန်သက်သာအောင်လုပ်ပေးလို့ရပါတယ်။

    (၁) ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ

    ကလေးကဖျားနေတဲ့အချိန်မျိုးမှာတော့ မိဘတွေအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒထက် ကလေးငယ်ဖြစ်ချင်တဲ့ ဆန္ဒကိုလိုက်လျောပေးလိုက်ပါ။ ကလေးကအိပ်ရာထဲမှာလှဲမနေချင်တာမျိုးကို အတင်းအိပ်ရာထဲမှာလှဲနေခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးက သူ့ကိုယ်သူသက်တောင့်သက်သာဖြစ်မယ်ထင်တဲ့နေရာမှာနေနိုင်အောင်စီစဉ်ပေးလိုက်ပါ။မေ့မထားသင့်တဲ့နောက်တစ်ခုက ကလေးကို ဖျားနေတာပဲဆိုပြီး အတင်းလေလုံနေတဲ့အခန်းမျိုးမှာ မထားပါနဲ့လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးပါ။ အခန်းအပူချိန်အရမ်းမြင့်တာက ကလေးရဲ့ အဖျားကိုပိုဆိုးစေနိုင်ပါတယ်။

    (၂) အစာကြေလွယ်မယ့် အစားအသောက် တွေကျွေးပေးပါ

    ကလေးက ဖျားနေချိန်မှာ ပုံမှန်ချိန်ထက်ပိုပြီး အာဟာရပြည့်ဖို့လိုပါမယ်။ ကလေးက မစားချင်ရင်တောင်မှာ အစာကြေလွယ်မယ့် ဆန်ပြုတ်၊ခေါက်ဆွဲပြုတ်လိုမျိုးအရာတွေကို စားချင်စဖွယ်ပြင်ဆင်ကျွေးမွေးပေးပါ။ကွေကာအုတ်၊ကြက်စွပ်ပြုတ်၊နွားနို့လိုမျိုး အာဟာရဖြစ်စေမယ့် အစာတွေကျွေးပေးလို့လည်းရပါတယ်။

    (၃)ရေဓါတ်ြပည့်ဝနေပါစေ

    ခန္ဓါကိုယ်မှာရေဓါတ်ကအများဆုံးပမာဏပါဝင်နေတဲ့အရာပါ။နေထိုင်မကောင်းဖြစ်တဲ့အခါမြန်မြန်ကျန်းမာလာဖို့ိဆိုရင် ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုပြည့်ဝအောင်ဖြည့်တင်းဖို့လိုပါမယ်။ ဒါကြောင့်ကလေးကိုရေဓါတ်ပြည့်ဝအောင် ဂရုစိုက်တိုက်ကျွေးပေးပါ။

    (၄)နေထိုင်လို့ကောင်းမွန်မယ့် ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ

    ကလေးကိုပြည့်ပြည့်ဝဝအနားယူနိုင်အောင်လုပ်ဆောင်ပေးဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒီလိုအနားယူနိုင်အောင်လုပ်ပေးတဲ့နေရာမှာလည်း ပတ်ဝန်းကျင်အနေအထားကအရေးကြီးပါတယ်။ နေထိုင်မကောင်းတဲ့ကလေးငယ်အနားမှာဆေးလိပ်သောက်တာမျိုး၊ အနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေ အသုံးပြုတာမျိုးမလုပ်မိဖို့သတိထားပါ။နောက်တစ်ခုက အနံ့ပြင်းတဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေအသုံးမပြုပါနဲ့။ ဒီအနံ့စူးစူးတွေက ကလေးရဲ့ လည်ချောင်းနဲ့အဆုတ်တွေကို မအီမသာဖြစ်စေပြီး ဖျားနာမှုကို ပိုဆိုးစေနိုင်ပါတယ်။

    (၅) ကလေးက ဘယ်နားနေထိုင်မကောင်းလဲဆိုတာကိုမေးမြန်းပါ

    ကလေးကဖျားနေတဲ့အခါ ကိုယ်လက်မအီမသာဖြစ်နေတာမျိုး၊ခေါင်းထဲကမူးနေတာမျိုးတွေရှိနေနိုင်တာကြောင့် ဘယ်နေရာက မသက်သာဘူးဖြစ်နေလဲဆိုတာကိုမေးမြန်းပါ။ ကလေးကခြေလက်တွေညောင်းညာနေတယ်ဆိုရင်တော့ ခပ်ဖွဖွလေးနှိပ်နယ်ပေးတာမျိုး လုပ်ပေးလိုက်ပါ။

    (၆) မိခင်ရဲ့ ချစ်ခြင်းမေတ္တာက အံ့ဖွယ်ဆေးစွမ်းတစ်လက်ဆိုတာမမေ့ပါနဲ့

    ကလေးတွေက ပုံမှန်ချိန်မှာတောင် မိခင်ကို အားကိုးတတ်ကြစမြဲပါ။ ဖျားနာတဲ့အခါမှာတော့ ပိုဆိုးတာပေါ့။ ဒီလိုအခါမျိုးမှာ မိခင်က ကလေးရဲ့အနားမှာနေပေးပြီး ဂရုစိုက်ပေးပါ။ မိခင်ရဲ့ထွေးပွေ့ပြုစုမှုကလည်း ကလေးတွေကိုခံစားနေရတဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်။

    (၇)ရေနွေးနွေးလေးနဲ့ ကိုယ်လက်သန့်စင်ပေးပါ

    ကလေးကဖျားနာနေလို့ရေမချိုးရဘူးမှန်ပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကလူတိုင်းအတွက် အရေးကြီးတာမို့ ကလေးကိုခြေလက်သန့်စင်ပေးတာမျိုးတော့လုပ်ပေးဖို့လိုအပ်ပါတယ်။ရေနွေးကြက်သီးနွေးကို တဘက် ဒါမှမဟုတ် အဝတ်စသန့်သန့်လေးကို စိမ်ပြီး ကလေးကို ကိုယ်လက်သန့်စင်ပေးပါ။ရောဂါပိုးတွေကို နှိမ်နင်းနိုင်မယ့်အပြင် ကလေးကိုပါ လန်းဆန်းစေမှာ အသေအချာပါ။

    ရင်သွေးလေးတွေဖျားတဲ့အခါ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအသုံးပြုပြီး မိမိသားသမီးလေးတွေကို နှိပ်စက်နေတဲ့ အဖျားရောဂါပိုးတွေကို နှိမ်နင်းလိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement