- ဝမ်းသာအားရ မျက်လုံးထဲ လက်မထည့်လိုက်ပါနဲ့။ လက်ကို အရင်သန့်ရှင်းအောင် ရေနဲ့ ဆပ်ပြာနဲ့ဆေးပါ။ လက်သန့်ရင်ပြီးရောဆိုပြီး ရေမလိုလက်သန့်ဆေးရည်ကိုတော့ မသုံးစေချင်ပါဘူး။ လက်သန့်ဆေးရည်တွေဆိုတာ လက်ထဲမှာ တင်ကျန်နေတတ်တာမျိုးပါ။
- မျက်လုံးထဲဝင်နေတာတွေ လည်ပြီး ပြန်ထွက်လာဖို့ဆို မျက်ရည်ရှိရပါတယ်။ ဒါကြောင့် မျက်တောင် ခဏခဏ ခတ်ေပးပါ။
- အပေါ် မျက်ခမ်းအောက်မှာ ဝင်နေတယ်လို့ခံစားရရင် မျက်ခမ်းကို လှန်ပြီး ရှာပါ။
- လုံးဝကို ရှာလို့မတွေ့တော့ဘူးဆိုရင် ရေဖလားထဲ ရေထည့်ပြီး ရေထဲမှာ မျက်လုံးကို မှိတ်လိုက် ဖွင့်လိုက် လုပ်ပေးပါ။ မျက်လုံးထဲဝင်နေတာတွေ ပြန်ထွက်သွားပါလိမ့်မယ်။
အစိုင်အခဲတွေ မဟုတ်တဲ့ ဆပ်ပြာရည်တို့ ေခါင်းလျှော်ရည်တို့၊ ဓါတုပစ္စည်းအရည်တို့ဝင်သွားပြီဆိုရင်တော့
- ဖလားထဲမှာ ရေထည့်ပါ။ ပြီးရင်အပေါ်ကနေ မျက်လုံးထဲလောင်းချပါ။ ဒါမှ မျက်လုံးထဲဝင်နေတဲ့ အရည်တွေ ရေနဲ့ အတူ စီးသွားမှာ ဖြစ်ပါတယ်။
- တစ်ကြိမ်တည်းလုပ်ရုံနဲ့ မပြီးပါဘူး။ ၁၅ မိနစ်ကနေ နာရီဝက်ကြာအောင် ဆေးပေးနေရပါမယ်။
- ဖလားထဲရေထည့်ပြီး မျက်လုံးမှိတ်လိုက်ဖွင့်လိုက် လုပ်တာမျိုးကို ဒီအချိန်မှာ မလုပ်သင့်ပါဘူး။ မျက်လုံးထဲကို ဝင်သွားတဲ့ ဓါတုပစ္စည်းအရည်တွေ ဖလားထဲကရေထဲမှာ ရောသွားနိုင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။
ဘယ် အချိန်မှာ ဆရာဝန်ဆီသွားသင့်လဲ။ ။
- မျက်လုံးက မခံမရပ်နိုင်အောင် နာတာမျိုး၊ စူးပြီးအောင့်နေတာမျိုး
- မျက်လုံးထဲဝင်သွားတာကို ဖယ်ပြီးတာတောင် မျက်လုံးက စပ်နေတာ၊ တစ်ခုခုထပ်ရှိနေသေးတယ်လို့ခံစားနေရာတာမျိုး
- မျက်လုံးထဲ ဓါတုပစ္စည်းအရည်တွေ၊ ဖန်ကွဲစေတွ ဝင်တဲ့ အခါမျိုးဆို ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။ ။
မျက်လုံးဆိုတာ တကယ်ကို နူးနူးညံ့ညံ့ ကိုင်တွယ်ရမယ့် ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပါ။ အခန့်မသင့်လို့ဝင်လာတဲ့ ပစ္စည်းတွေကို မဝင်အောင်တားထားလို့မရပေမယ့် ပိုဆိုးမသွားအောင်တော့ ကာကွယ်လို့ရပါတယ်နော်။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။