home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးတွေ လည်ပင်းက အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

ဘေဘီလေးတွေ လည်ပင်းက အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

ကလေးလည်ပင်းတဝိုက်မှာ အနီရောင် အကွက်လေးတွေတွေ့တယ်။ ဘာဖြစ်တာလဲမသိဘူး။ စိုးရိမ်ရလားသိချင်မိတယ်လို့များဖြစ်နေပြီလား။ပြောပြမယ်နော်။

ကလေးလည်ပင်းတဝိုက်အရေပြားနီမြန်းခြင်း

ကလေးလည်ပင်းအရေပြားအရစ်လေးတွေမှာ အနီရောင်အကွက်လေးတွေဖြစ်နေတယ်၊ အရေပြားလေးတွေလန်နေတယ်။ အဖုအပိမ့်လေးတွြေဖစ်နေတယ်။ ခပ်နွေးနွေးဖြစ်နေတယ်ဆိုရင်တော့ အရေပြားလောင်တာပါ။ ကလေးလေးတွေမွေးစအရွယ်ကနေ ၆ လလောက်အရွယ်တွေမျာ အများဆုံးဖြစ်တတ်ကြပါတယ်။ ကလေးလည်ပင်းတဝိုက်အရေပြားရောင်ရမ်းရတဲ့အကြောင်းအရင်းတွေထဲမှာ မိတ်ပေါက်တာကနေစလို့ မှိုပိုကူးစက်တာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ဒီအရေပြားပြဿနာက အရေပြားနီမြန်းရုံတင်မကပါဘူး။ ယားယံတာ၊အရေပြားအဖတ်လန်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ နို့တွေစို့တဲ့ကလေးလေးက နို့တွေ အရမ်းစို့မိပြီး လည်ပင်းပေါ်စီးကျရာကနေ အရေပြားလောင်နိုင်သလိုချွေးကြောင့်အရေပြားလောင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိတ် နဲ့ အခြားအရေပြားထိခိုက်စေတဲ့ အရာတွေကြောင့်လည်း အရေပြားနီမြန်းရောင်ရမ်းတာမျိုးဖြစ်စေနိုင်ပါတယ်။

လည်ပင်းအရေပြား နီမြန်းမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ

ဒီအချက်တွေကြောင့် ကလေးရဲ့ လည်ပင်းတဝိုက်မှာ အရေပြားနီမြန်းတာတွေဖြစ်နိုင်ပါတယ်။

မိတ် -နွေပူတဲ့အခါ အများဆုံးဖြစ်တတ်ပါတယ်။ အပူချိန်ြမင့်တာကြောင့် ခန္ဓါကိုယ်မှာချွေးတွေထွက်လာပြီး လည်ပင်းက တွန့်ခေါက်နေတဲ့ အရေပြားအောက်မှာချွေးဝပ်ရာကနေတဆင့် မိတ်တွေထွက်လာရတာပါ။ ဒီလိုမျိုးဖြစ်တဲ့အခါ လည်ပင်းတဝိုက်မှာ အနီရောင်အကွက်လေးတွေဖြစ်လာပြီး အရေပြားကယားယံလာပါတယ်။

နို့တွေစီးကျတာကြောင့်ဖြစ်တာ – နို့တိုက်အရွယ် ကလေးတွေမှာ အများဆုံးဖြစ်တာပေါ့နော်။ ကလေးက နို့ကို အငမ်းမရသောက်တဲ့အခါ နို့တွေက ပါးစပ်အပြင်ဘက်ကို စီးကျလာပြီး လည်ပင်းအရေပြားအတွန့်တွေအောက်ကိုရောက်သွားရာကနေ မသုတ်ပေးဘဲထားမိတာကြောင့် ဖြစ်ဖြစ်သေချာပြောင်အောင် မသုတ်ပေးမိတာကြောင့်ဖြစ်ဖြစ် အရေပြားလောင်ရတာပါ။

မှိုပိုးကူးစက်တာ – ပတ်ဝန်းကျင်မျာရှိနေတဲ့ ဖုန်မှုန့်တွေကြောင့် ကလေးရဲ့ လည်ပင်းအရေပြားမှာ မှိုပိုးတွေ ဝင်ရောက်ကူးစက်မှုကနေတဆင့်ကြောင့်လည်း ကလေးရဲ့ လည်ပင်းအရေပြားတဝိုက် နီမြန်းရောင်ရမ်းနိုင်ပါတယ်။ ကလေးရဲ့ လည်ပင်းအရေပြားအတွန့်အခေါက်လေးတွေအောက်ကချွေးကြောင့် အစိုဓါတ်အမြဲရှိနေတဲ့အတွက် မှိုပိုးတွေပေါက်ဖွားရှင်သန်ဖို့ အကောင်းဆုံး ခိုလှုံရာဖြစ်နေပါတော့တယ်။

အရေပြားရောင်ရမ်းမှုဖြစ်တာ – ကလေးလေးတွေကခေါင်းမထောင်နိုင်တဲ့အခါ လည်ပင်းအရေပြားက အတွန့်အခေါက်လေးတွေက တစ်ခုနပြ တစ်ခုပွတ်တိုက်မိနေနိုင်ကြပါတယ်။နောက်တစ်ခုက အင်္ကျီနဲ့ပွတ်တိုက်မိတာပါ။ ဒီလိုပွတ်တိုက်မှုကနေတဆင့်လည်း ကလေးရဲ့လည်ပင်းအရေပြားနီမြန်းရောင်ရမ်းပြီး အနီရောင်အကွက်လေးတွေဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

  • ကလေးကို ပုံမှန်ရေချိုးပေးပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။
  • အဝတ်အစားတွေကို ချည်သားနူးနူညံ့ညံ့လေးတွေ ဝယ်ပေးပါ။
  • ကလေးအဝတ်အစားအသုံးအဆောင်တွေကို ပိတ်စကြမ်းကြမ်းကြီးတွေ မသုံးပါနဲ့။
  • ကလေးလည်ပင်းတဝိုက်ကိုခြောက်သွေ့အောင်ထားပါ။
  • ကလေးကိုအေးမြပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပေးပါ။
  • ချွေးတွေ၊နို့တွေရှိနေရင် ချက်ချင်းသုတ်ပေးပါ။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

များသောအားဖြင့်ကတော့ ပုံမှန်လုပ်ပေးနေကျ ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ပေးရုံနဲ့ သက်သာသွားတတ်ကြပါတယ်။

  • ကလေးရဲ့ လည်ပင်းတဝိုက်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးတာ
  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်တာ
  • ကလေးကို ချည်သားနူးနူးညံ့ညံ့လေးတွေ ဝတ်ဆင်ပေးတာ
  • အဝတ်စားတွေလျှော်ပေးတဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေကို အသုံးမပြုတာ
  • လည်ပင်းတဝိုက်ကို အုန်းဆီလူးပေးတာ
  • ရေနွေးနွေးလေးနဲ့ရေချိုးပေးတာ
  • ကလေးပေါင်ဒါမှုန့် သုံးပေးတာမျိုးက အဆင်ပြေထိရောက်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How to Treat and Prevent Neck Rash in Infantshttps://parenting.firstcry.com/articles/neck-rash-in-babies-causes-signs-and-treatment/ Accessed Date 5 December 2018

Baby Neck Rash – Causes, Symptoms & Remedieshttps://www.momjunction.com/articles/simple-home-care-tips-to-treat-neck-rashes-in-your-baby_0077751/#gref Accessed Date 5 December 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 22/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။