backup og meta

မျှဝေပါ။

ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ

ကလေးကဖျားတာနာတာလည်းမရှိဘဲ မအီမသာဖြစ်နေတယ်။ ဘာကြောင့်မှန်းမသိဘဲ ဂျီကျနေတယ်ဆိုရင် ကလေးမှာထိခိုက်မှုတစ်စုံတရာများရှိနေလား၊ အကောင်ကိုက်ထားတာများရှိနေတာလား။ သေးခံလောင်နေလားဆိုတာကို စစ်ဆေးကြည့်ဖို့လိုပါမယ်။ တကယ်လို့ ကလေးရဲ့ပေါင်ခြံ၊ တင်ပါးတို့မှာ နီမြန်းနေတယ်။ အရေပြားအဖတ်လန်သလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကသေးခံလောင်နေတာပါ။

သေးခံလောင်ခြင်း

သေးခံလောင်တယ်ဆိုတာက ကလေးရဲ့ အရေပြား (အထူးသဖြင့်)သေးခံဝတ်ထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းနေတာ၊ အရေပြားမှာ အဖုအပိမ့်လေးတွေ ဖြစ်နေတာ၊ အပေါ်ယံအရေပြားအဖတ်လန်နေတာမျိုးတွေတွေ့ရနိုင်ပါတယ်။သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာမှ မဟုတ်ဘူး။တောက်တောက်ပြေးနေတဲ့အရွယ်ထိသေးခံဝတ်တဲ့ကလေးတိုင်းမှာသေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့်သေးခံလောင်တာပါ

သေးခံလောင်တာက ကလေးငယ်ငယ်လေးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့အရေပြားပြဿနာတစ်ခုပါ။ မိဘတွေက ဂရုစိုက်မှုနည်းတာကြောင့်ရယ်မဟုတ်ပါဘူး။ နုနယ်လွန်းတဲ့ ကလေးငယ်ရဲ့အရေပြားမှာဖြစ်တတ်တဲ့အရေပြားပြဿနာတစ်ခုပေါ့။

  • ကလေးက အမြဲလိုလိုသေးစိုနေတာ၊
  • ဝမ်းတွေနဲ့ထိတွေ့မိတာ၊
  • အစားအသောက်အသစ်အဆန်းတွေစားသုံးမိတာ
  • ကလေးရဲ့အရေပြား တုံ့ပြန်လွယ်တဲ့အခြေအနေဖြစ်နေတာ၊
  • ကလေးကိုသေးခံဝတ်ပေးထားတာ အရမ်းတင်းကျပ်နေတာတွေကြောင့် ကလေးလေးတွေမှာသေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။

သေးခံလောင်တဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

သေးခံလောင်တာကဘေဘီလေးတွေတိုင်း မဖြစ်မနေကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာဆိုပေမယ့်သေးခံလောင်တာကို သက်သာအောင်လုပ်ဆောင်ပေးလို့ရတဲ့ နည်းလမ်းလေးတွေတော့ရှိပါတယ်။ သေးခံလောင်တာကိုကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ခုကသေးခံဝတ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့အောင်ထားတာပါ။ ဒီလိုလုပ်တာက ကလေးရဲ့သေးခံလောင်တဲ့ပြဿနာကို ဆိုးမလာအောင်ကာကွယ်ပေးနိုင်ပါတယ်။

ကလေးကိုသေးခံစိုတာနဲ့လဲပေးပါ – ကလေးသေးခံကစိုနေပြီ ညစ်ပေနေပြီဆိုတာနဲ့ ချက်ချင်းလဲပေးလိုက်ပါ။ ဒါက ကလေးကိုသေးခံညစ်ပေတာကြောင့် အရေပြားထိခိုက်တာကိုလျော့ပါးသက်သာစေမှာပါ။

ကလေးကိုသေးခံလဲတိုင်း သန့်ရှင်းရေးလုပ်ပေးပါ – ကလေးကိုသေးခံလဲပေးတဲ့အခါတိုင်းမှာ တစ်သျှူးအစိုလေးသုံးပြီး သန့်ရှင်းရေးလုပ်ပေးပါ။ရေနဲ့ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ တစ်သျှူးအစိုကို အသုံးပြုတဲ့အခါမှာလည်း အယ်လ်ကိုဟောနဲ့ ရနံ့မပါတာတွေက အဆင်အပြေဆုံးဖြစ်မှာပါ။
သန့်ရှင်းရေးလုပ်ပြီးတိုင်းရေခြောက်အောင်သုတ်ပါ – ကလေးကိုသေးခံအသစ်မလဲခင် သန့်ရှင်းရေးလုပ်ပြီးတိုင်းခြောက်သွေ့အောင် တဘက်စသန့်သန့်လေးသုံးပြီး သုတ်ပေးတာ၊ တစ်သျှူးစနုနုလေးသုံးပြီးခြောက်သွေ့အောင်လုပ်ပေးတာမျိုးလုပ်ပါ။ ရေတွေကိုခြောက်သွေ့အောင်လုပ်တဲ့အခါ ခပ်ဖွဖွလေးတို့သုတ်ပေးတာမျိုးပဲလုပ်ပါ။ ခပ်ကြမ်းကြမ်းသုတ်တာမျိုးမလုပ်ပါနဲ့ ကလေးရဲ့အရေပြားကို ထိခိုက်စေနိုင်တာကြောင့်ပါ။
သေးခံကိုချောင်ချောင်ချိချိဝတ်ဆင်ပေးပါ – ကလေးကိုသေးခံဝတ်ဆင်ပေးတဲ့အခါ တင်းတင်းကျပ်ကျပ်ဝတ်ပေးတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ အရေပြားထိခိုက်ပွန်းပဲ့နိုင်တာကြောင့်ပါ။လေဝင်လေထွက်ကောင်းတဲ့အနေအထားမျိုးဖြစ်အောင်သေးခံကိုဝတ်ဆင်ပေးပါ။ကလေးကိုသေးခံမဝတ်ဘဲထားပေးပါ – ကလေးကို အမြဲတမ်းသေးခံဝတ်ပေးထားတာမျိုးမလုပ်ဘဲ တစ်ခါတလေသေးခံမဝတ်ဘဲထားပေးတာမျိုးလုပ်ပေးပါ။ပြင်ပလေနဲ့ထိတွေ့မှုကလည်းသေးခံလောင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို တဘက်စကြီးကြီးသန့်သန့်ပေါ်မှာထားပေးပြီးသေးခံမဝတ်ပေးဘဲထားပေးပါ။Diaper Rash Cream တစ်ခုခုလူးပေးပါ – ကလေးကိုသေးခံလဲပေးပြီးတဲ့အခါ Diaper Rash Cream တစ်ခုခုကိုသေးခံလောင်တဲ့နေရာတွေပေါ်မှာ ခပ်ပါးပါးလေးလူးပေးလိုက်ပါ။သေးခံလောင်ကို ပိုမဆိုးအောင်ကာကွယ်ပေးနိုင်သလိုသေးခံလောင်တာကိုလည်း သက်သာစေမှာပါ။ Petroleum jelly ကိုခပ်ပါးပါးလေးလူးပေးလို့လည်းရပါတယ်။ တကယ်လို့ Cream Type ကိုမကြိုက်ဘူးဆိုရင်တော့ပေါင်ဒါမှုန့်ကို အသုံးပြုပေးလို့လည်းရပါတယ်။ ကလေးသေးခံလောင်တာအတွက် သီးသန့်ထုတ်ထားတဲ့ပေါင်ဒါမှုန့်ဖြစ်ဖို့တော့လိုပါမယ်။သေးခံမလဲခင်နဲ့လဲပြီးတိုင်းမှာ လက်ကိုဆေးကြောသန့်စင်ပေးပါ -သေးခံမလဲခင်နဲ့လဲပြီးတိုင်းမှာ လက်ကိုဆေးကြောသန့်စင်ပေးတာက ကလေးရဲ့အရေပြားပေါ်မှာ ဘက်တီးရီးယားနဲ့မှိုပိုးတွေကြောင့်ပြဿနာတွေမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။ ကလေးကိုသေးခံအသစ်မလဲပေးခင်မှာသေချာသန့်စင်အောင်လုပ်ဆောင်ပေးဖို့လည်းမေ့ထားလို့မဖြစ်ပါဘူး။ ကလေးသေးခံလောင်တာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်မယ့် လွယ်ကူတဲ့နည်းလမ်းတစ်ခုက ကလေးကိုသေးခံမလဲခင်မှာရေနွေးနဲ့ဆေးကြောသန့်စင်ပေးတာပါ။ ကလေးကိုရေခပ်နွေးနွေးလေးနဲ့ရေချိုးသန့်စင်ပေးတာက အရေပြားပေါ်ကို ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပြီးဘေဘီလေးကိုသေးခံလောင်တာကနေ သက်သာစေမယ့်အပြင် အခြားအရေပြားပြဿနာတွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diaper Rashhttps://www.medicinenet.com/diaper_rash/article.htm#diaper_rash_facts Accessed Date 24 July 2018

Diaper Rashhttps://www.mayoclinic.org/diseases-conditions/diaper-rash/symptoms-causes/syc-20371636 Accessed Date 24 July 2018

Your Baby’s Diaper Rashhttps://www.webmd.com/parenting/diaper-rash-treatment#2 Accessed Date 24 July 2018

Tips for Treating Diaper Rashhttps://www.healthline.com/health/home-remedies-diaper-rash#1 Accessed Date 24 July 2018

ယခုပုံစံ

21/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement