အားကစားလုပ်ရာတွင်သောက်သော အချိုရည်များ
အားကစားလုပ်ရာတွင်သောက်သော အချိုရည်အများစုသည် ဆိုဒီယံနှင့် ပို တက်ဆီယံဓါတ်များ ကြွယ်ဝကြသည်။ သို့သော ်သင်သည် အားကစားသမားတဦးမဟုတ်လည်း ထိုအားဖြည့်အချိုရည်များကို သောက်သုံးနိုင်ပါသည်။ ၎င်းတို့သည် မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။
ပူစီနံ
ပူစီနံသည် မအီမသာဖြစ်ခြင်းကို သက်သာစေကြောင်းလူသိများသည်။ ဂျင်းကဲ့သို့ပင် ပူစီနံကိုလည်း အလွယ်တကူဝယ်ယူနိုင်ပါသည်။ ပူစီနံအနံ့ကို စိတ်ကြည်လင်စေရန် ရှုနိုင်ပါသည်။ သို့သော် ပူစီနံကို စားခြင်းက သင့်ဖြစ်နေသော မအီမသာခံစားမှုကို ထိရောက်စွာ သက်သာစေပါလိမ့်မည်။
ရေ နှင့် ရေခဲချပ်များ
ရေနည်းနည်းစီသောက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနှင့် ပျို့ခြင်းတို့ကို လျော့နည်းစေသည်။ သင့်အစာအိမ်ကလက်ခံနိုင်သလောက်ရေပမာဏကို နည်းနည်းချင်းစီ စသောက်ပါ။ ရေခဲချပ်များသည်လည်း အအေးမိခြင်း၊ ကား၊သင်္ဘော၊ လေယာဉ်မူးခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ပျို့ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် ကင်ဆာဆေးများကြောင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။ ရေခဲသည် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့်ရေဓါတ်ခမ်းခြောက်ခြင်းတို့ကိုလည်းလျှော့နည်းစေပါသည်။ သံပရာ၊ လီမွန်စသည့်အရသာများနှင့် ပြုလုပ်ထားသော ရေခဲတုံးများကို ဝါးမစားဘဲ ပါးစပ်ထဲတွင် ငုံထားခြင်းဖြင့်လည်း မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။
အထက်ဖော်ပြပါနည်းလမ်းများသည် သင်မအီမသာဖြစ်နေသောအခါ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ထိုအနက်မှ အချို့အစားအစာများသည် ကင်ဆာရောဂါသည်များနှင့် မနက်အိပ်ရာထချိန် ပျို့အန်သော သူများအတွက် ကောင်းကျိုးများစွာရှိပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။