ကလေးရဲ့အောက်ပိုင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ
ကလေးက ဆီးနဲ့ ဝမ်းသွားထားတယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်အဝတ်လဲပေးပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတဝိုက်မှာ ဘက်တီးရီးယားတွေပေါက်ဖွားဖို့လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။
အညစ်အကြေးစွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ
ကလေးကိုအဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကိုသေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။
အနူးညံ့ဆုံး ထုတ်ကုန်တွေကိုပဲသုံးပါ
ကလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရေပြားဓါတ်မတည့်တာမျိုးဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကိုသေချာစစ်ဆေးကြည့်ပါ။ အပြင်းစားဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓါတုပစ္စည်းတွေထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ကလေးငယ်ကိုမသုံးပေးပါနဲ့။
Baby oil သို့မဟုတ် Baby Cream သုံးပေးပါ
ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့်ထွက်တာမျိုးတွေမဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာ Baby Cream တစ်မျိုးကို လိမ်းပေးထားသင့်ပါတယ်။ အညစ်အကြေးသန့်စင်ပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီး ပွန်းထား၊ လောင်ထားတဲ့နေရာတွေကို လည်းအနာကျက်စေမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။