ကလေးကို အစားအသောက်ပြင်ဆင်ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အစားအစာတွေထဲ အနံ့ရော အရသာပါပြောင်းလဲထူးခြားတာမျိုးမဖြစ်စေဘဲ ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်နေနိုင်တယ်ဆိုတာကို သိပါရဲ့လား။ အနံ့ပြောင်းနေရင်ဖြစ်ဖြစ် အရသာပြောင်းနေရင်ဖြစ်ဖြစ် မစားသင့်ဘူးဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ အစားအစာက ခန္ဓါကိုယ်အတွက်မဖြစ်မနေမှီဝဲအားထားရတဲ့အရာပါ။ ဒီတော့ အစားအစာဘေးကင်းမှ ကျန်းမာဖွံ့ဖြိုးမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီလိုအရေးကြီးတဲ့ အစာအာဟာရကိုဘေးကင်းအောင်ပြင်ဆင်ဖို့က မဖြစ်မနေသတိထားသင့်တဲ့အချက်ပါ။ ဒီတော့ သားသားမီးမီးလေးတွေကို အစားအစားတွေပြင်ဆင်ကျွေးမွေးမယ့်မေမေဖေဖေတို့အနေနဲ့ အစားအစာတွေကြောင့် သားသားမီးမီးလေးတွေကို ကျန်းမာဖွံ့ဖြိုးမှုမထိခိုက်စေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။

အစားအစာတွေကိုဘေးကင်းကင်းနဲ့ အာဟာရပြည့်ဝစေဖို့ပြင်ဆင်မယ်

အစားအစာတွေမသန့်ရှင်းတာကြောင့် ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေဝင်ရောက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခြေခံအကျဆုံးဖြစ်တဲ့ သန့်ရှင်းရေးကို ဂရုစိုက်တာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကစလို့ပြင်ဆင်အသုံးပြုတဲ့ပစ္စည်းတွေအဆုံး အကုန်လုံးကို သန့်ရှင်းသပ်ရပ်အောင်ဂရုစိုက်ရပါမယ်။

အစားအစာပြင်ဆင်မယ့်သူတွေလိုက်နာရမယ့် အခြေခံအချက်တွေ

သားသားမီးမီးလေးတွေအပါအဝင် တစ်မိသားစုကျန်းမာပြီး အာဟာရပြည့်တဲ့အစားအစာတွေ စားသုံးခွင့်ရစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပြီးပြင်ဆင်ပေးဖို့လိုပါမယ်။

သန့်ရှင်းရေး ဂရုစိုက်လက်တွေကို သန့်စင်အောင်ဆေး၊ အစားအသောက်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ အသုံးအဆောင်တွေကို သန့်စင်အောင်ဆေးပါ။

သီးသန့်ခွဲထားအသားတွေ၊ ငါးတွေ နဲ့ အသီးအရွက်တွေ၊ အခြောက်အခြမ်းစားစရာတွေကို သပ်သပ်စီခွဲထားပါ။

ကျက်အောင်ချက် – အစားအစာချက်တိုင်း အပူချိန်လုံလောက်အောင်ပေးပြီးသေချာကျက်အောင်ချက်ပါ။

ရေခဲသေတ္တာကို အအေးမျှတအောင်ထားရေခဲသေတ္တာထဲမှာ စားသောက်စရာတွေသိမ်းဆည်းရတာဖြစ်တဲ့အတွက် အအေးကိုမျှတအောင်ထားပေးပါ။

ဈေးဝယ်ထွက်တဲ့အခါ

အစားအစာတွေချက်ပြုတ်တော့မယ်ဆိုရင်အရင်ဆုံးလုပ်မှာကဈေးဝယ်တာပေါ့။ ဒီတော့ဈေးဝယ်ပြီဆိုရင် ဒါတွေဂရုစိုက်ပါ။

  • ဈေးဝယ်တဲ့အခါ အာလူးကြော်၊Cereals၊ပေါင်မုန့်တို့လိုမျိုး အစားအစာတွေကို အရင်ဝယ်ယူပြီးမှ နို့၊ အသား၊ငါးနဲ့အခြားသောအအေးခံထားတဲ့ အစားအစာတွေကိုဝယ်ပါ။
  • အသား၊ငါးတွေဝယ်တဲ့အခါသေချာထုပ်ပိုးထား၊မထားစစ်ဆေးပါ။ ထုတ်ပိုးမှု ပုံပျက်နေတာတွေကိုမရွေးချယ်ပါနဲ့။
  • ထုတ်လုပ်ရက်နဲ့ကုန်ဆုံးရက်ကိုစစ်ဆေးပါ။
  • အမြင်အရ မလတ်ဆတ်ဘူးလို့ထင်ရတဲ့ အသား၊ငါးတွေ၊ အနံ့အသက်သိပ်မကောင်းတော့တဲ့ အသား၊ငါးတွေကို မရွေးချယ်ပါနဲ့။ မျက်လုံးနဲ့နှာခေါင်းအနံ့ခံအာရုံတို့ရဲ့ ညွှန်ကြားချက်ကိုလိုက်နာပါ။
  • အအေးခံထားတဲ့ အစားအသောက်တွေနဲ့ အခြားသော အစားအစာတွေနဲ့ ခွဲခြားထားပါ။ အသား၊ငါးတွေနဲ့ အခြာက်အခြမ်းစားစရာတွေ၊ ချက်ပြုတ်စရာမလိုဘဲ စားသောက်နိုင်တဲ့ အစားအစာတွေကိုရောမထားပါနဲ့။ ခြင်းထဲမှာ တစ်ဖက်စီခွဲထားပါ။
  • ကြက်ဥ၊ဘဲဥတွေမဝယ်ခင် အခွံ အက်နေလား၊ကွဲနေလားဆိုတာကို စစ်ဆေးပါ။ ကွဲနေ၊အက်နေရင် မဝယ်ပါနဲ့။
  • သစ်သီးတွေကိုလည်း နွမ်းနေတာ၊ အနာအဆာပါတာမျိုးမဝယ်ပါနဲ့။ လတ်ဆတ်တဲ့ သစ်သီးတွေကိုပဲရွေးချယ်ပေးပါ။

ပြင်ဆင်ချက်ပြုတ်တဲ့အခါ

အစားအစာကိုပြင်ဆင်ချက်ပြုတ်တော့မယ်ဆိုရင် –

  • အရင်ဆုံးလက်ဆေးပါ။ရေခပ်နွေးနွေးလေးနဲ့ဆပ်ပြာကိုသုံးပြီးဆေးကြောပေးပါ။
  • အသားစိမ်း ငါးစိမ်းတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ရောမထားပါနဲ့။
  • အသားတွေ ငါးတွေလှီးပြီးတိုင်း စဉ်းတီတုံးကိုဆေးကြောပါ။ ဆပ်ပြာရည်သုံးပြီးဆေးကြောပေးတာက ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မှာပါ။ရေနွေးနဲ့ဆေးကြောပေးလည်းရပါတယ်။
  • အသီးအရွက်တွေမလှီးခင်မှာ စဉ်းတီတုံးကိုသေချာဆေးကြောပေးပါ။
  • အသားတွေကို ငါးတွေကိုသေချာကျက်အောင် ချက်ပြုတ်ပါ။
  • အသားစိမ်း ငါးစိမ်းတွေနယ်ထားတဲ့ ပန်းကန်ထဲကို ချက်ပြီးသားတွေ ထည့်လိုက်တာမျိုးမလုပ်ပါနဲ့။
  • အိုးခွက်ပန်းကန်တွေကို သန့်ရှင်းအောင်ထားပေးပါ။
  • အသားစိမ်း၊ငါးစိမ်းတွေကို မီးဖိုခန်းထဲမှာ အလွယ်တကူဆေးကြောလိုက်တာမျိုးမလုပ်ပါနဲ့။
  • ဟင်းသီးဟင်းရွက်တွေဆေးတဲ့အခါရေထဲကို ဆားနည်းနည်းထည့်ပြီးဆေးကြောပေးပါ။
  • အသားစိမ်း ငါးစိမ်းတွေလှီးထားတဲ့ ဓါးကိုသေချာဆေးကြောပြီးမှ အခြားသောအရာတွေကိုလှီးပါ။
  • လက်သုတ်ဝတ်တွေကို ဆပ်ပြာမှုန့်ရေနွေးတို့ကို အသုံးပြုပြီး ပုံမှန်လျှော်ဖွတ်ပေးပါ။
  • ပန်းကန်စင် နဲ့ မီးဖိုစင်ကိုလည်းသေချာသန့်စင်ဆေးကြောပါ။
  • ဘေစင်ကိုသေချာဆေးကြောဖို့ မမေ့သင့်သလို မီးဖိုခန်းကိုလည်းသေချာသန့်ရှင်းအောင်ထားပါ။
  • ပန်းကန်ဆေးရာမှာ အသုံးပြုတဲ့ အစကို ပုံမှန်လဲလှယ်ပေးပါ။

ဒီအချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်း သားသားမီးမီးတို့ကိုဘေးကင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုပြင်ဆင်ပေးလိုက်ပါဖေဖေမေမေတို့ရေ ….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အသားအရေက အလှတိုးစေသလို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 1 min read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read