backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 12/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ကဘာလဲ။

ဒီရောဂါဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်သော ရောဂါမဟုတ်ချေ။ အကြောင်းရင်းမရှိဘဲ နှာခေါင်းအမြှေးပါးရောင်ပြီး နာတာရှည်နှာချေခြင်း သို့ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတွေ တွေ့ရနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဆိုးဆိုးရွားရွားမဟုတ်တဲ့ မသက်မသာခံစားရမှုတွေ တွေ့ရနိုင်ပါတယ်။

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အရွယ်အားလုံးဖြစ်နိုင်ပေမဲ့ အသက်၂၀အထက်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

လက္ခဏာများ

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ဖြစ်လိုက်ပျောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးတွေ့ရတတ်ပါတယ်။ မကုသဘူးဆိုရင် ရက်သတ္တပတ်တွေအများကြီး သို့ အကြာကြီး ဖြစ်နေနိုင်ပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့

• နှာခေါင်းအနောက်ပိုင်းနှာရည် သို့ အချွဲများ လည်ချောင်းထဲသို့စီးသွားခြင်း

• နှာရည်ယိုခြင်း

• နှာချေခြင်း

• နှာပိတ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

အောက်ဖော်ပြပါအချက်တွေထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။

• သင့်အခြေအနေဆိုးရွားနေခဲ့မယ်ဆိုရင်

• ဆေးဆိုင်ကဆေးတွေ ဆေးမြီးတိုတွေနဲ့ကုလို့ မသက်သာရင်

• ဆရာဝန်ညွှန်ထားတဲ့ဆေးတွေ သို့ ဆေးဆိုင်ကစပ်ပေးတဲ့ဆေးတွေကြောင့် အခြားဘေးထွက်ဆိုးကျိုးတွေ ရှိနေခဲ့မယ်ဆိုရင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ။

သင့်နှာခေါင်းထဲကသွေးကြောတွေ ကျယ်လာခြင်းကြောင့်ဖြစ်ပါတယ်။ ကျယ်လာခြင်းကနေ ရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်းနဲ့ နှာခေါင်းထဲမှာအချွဲတွေပြည့်လာနိုင်ပါတယ်။ ဘာကြောင့် နှာခေါင်းသွေးကြောတွေ ရောင်ရတယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေကတော့

• ရေမွှေး၊ အနံ့အသက်၊ ဆေးလိပ်နံ့စတဲ့ စိတ်ကသိကအောက်ဖြစ်စရာများ

• ရာသီဥတုအပြောင်းအလဲ အထူးသဖြင့် ပူအိုက်တဲ့ရာသီ

• အအေးမိ၊တုပ်ကွေးပိုးကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်း

• ပူစပ်သောအစားများ အရည်များ

• aspirin (သို့) ibuprofenကဲ့သို့သော ဆေးများ

• သန္ဓေတားဆေးများအသုံးပြုခြင်း ၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ကဲ့သို့သော ဟော်မုန်းအပြောင်းအလဲများ

ဖြစ်နိုင်ခြေများ

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

အများကြီးရှိပါတယ်။

• မီးခိုးငွေ့၊ ဆေးလိပ်ငွေ့စသော စိတ်ကသိကအောက်ဖြစ်စရာများ

• အသက်၂၀အထက် (ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့နှာရည်ယိုရောဂါတွေနှင့် မတူညီပါ။ ဒီရောဂါသည် အသက်၂၀ပြည့်ပြီးနောက်မှာ အများဆုံးဖြစ်တတ်ပါတယ်။)

• ရင်ကျပ်ပျောက်ဆေးအရည်တွေ ဖြန်းဆေး တွေ ကြာကြာအသုံးပြုခြင်း။ (Afrin၊ Dristan ကဲ့သို့သော ရင်ကျပ်ပျောက်ဆေးအရည်တွေ ဖြန်းဆေး တွေ ရက်အတော်ကြာ သုံးပြီးနောက်ပိုင်း ရင်ကျပ်ပျောက်ခြင်းသက်သာသွားပြီး ဆိုးဆိုးရွားရွားနှာပိတ်ခြင်း)

• အမျိုးသမီးများ (ဟော်မုန်းအပြောင်းအလဲများကြောင့် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်မှာ ပိုဆိုးသွားနိုင်ပါတယ် ။)

• အချို့သောကျန်းမာရေးပြဿနာများ ( သိုင်းရွိုက်ဟော်မုန်းနည်းခြင်၊ နာတာရှည်အမောရောဂါကဲ့သို့သော နာတာရှည်ကျန်းမာရေးပြဿနာများ

• စိတ်ဖိစီးမှု ( စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အချို့သောသူတွေမှာ ဖြစ်နိုင်ပါတယ။်)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာ နှာရည်ယိုရောဂါလက္ခဏာတွေ ရှိနေပြီဆိုရင် ဓါတ်မတည့်မှုကြောင့် (သို့) အခြားသောအကြောင်းတွေကြောင့် ဟုတ်မဟုတ်အရင်စမ်းသပ်ပါလိမ့်မယ်။ အခြားကြောင့်ဖြစ်တာ မဟုတ်ကြောင်း သိပြီးနောက်မှာတော့ သင့်မှာ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာရည်လည်ချောင်းထဲဝင်ခြင်းတွေ ရှိနေခြင်းတွေက နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ

ကြောင့်လို့ အတည်ပြုနိုင်ပါတယ်။

ဓါတ်မတည့်မှုကြောင့်ဟုတ်မဟုတ်သိချင်ရင်တော့ အရေပြားဓါတ်မတည့်မှုစစ်ခြင်း၊ သွေးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ နာတာရှည်လေအိတ်ရောင်ရောဂါကြောင့်ဟုတ်မဟုတ် သိချင်ရင်တော့ နှာခေါင်းနှင့် ဦးခေါင်းခွံရိုးကို ဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် sinus ကို ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT scan) တွေ ပြုလုပ်ပါလိမ့်မယ်။ သင့်တော်တဲ့ကုသမှုပေးနိုင်ဖို့ မှန်ကန်စွာအဖြေထုတ်နိုင်ဖို့တော့ လိုပါတယ်။

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ကို ဘယ်လိုကုသပါသလဲ

သင့်လက္ခဏာတွေဆိုးလာမယ်ဆိုရင် သင့်ဆရာဝန်က အခြားဆေးတွေညွှန်ဖို့ လိုလာပါလိမ့်မယ်။ သွေးကြောရောင်နှာရည်ယိုရောဂါ ကုသနိုင်တဲ့ဆေးတွေကတော့

• ဆားရည်နှာဖြန်းဆေး

• fluticasone (Flonase) (သို့) triamcinolone (Nasacort)ကဲ့သို့သော စတီးရွိုက်ပါသောနှာဖြန်းဆေးများ

• azelastine (Astelin၊ Astepro)၊ olopatadine hydrochloride (Patanase) ကဲ့သို့သော Antihistamine နှာခေါင်းဖြန်းဆေးများ

• ipratropium (Atrovent)ကဲ့သို့သော Anti-drip anticholinergic နှာခေါင်းဖြန်းဆေးများ

• pseudoephedrine ကဲ့သို့သော သောက်ရသော ရင်ကျပ်ပျောက်ဆေးများ

တစ်ခါတစ်ရံမှာတော့ နှာခေါင်းအသားလုံးများဖယ်ထုတ်ရန်နှင့် နှာခေါင်းဆက်ကြားလွဲနေသည်ကို တည့်ပေးရန် ခွဲစိတ်ကုသခြင်းက ပိုအကျိုးရှိပါလိမ့်မယ်။ အခြားကုသမှုတွေနဲ့ မသက်သာလာတော့မှ ခွဲစိတ်ကုသဖို့ စဉ်းစားလေ့ရှိပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှာခေါင်းအမြှေးပါးရောင်၊ နှာရည်ယိုရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ ဆားရည်နှာဖြန်းဆေး

• pseudoephedrine (သို့) phenylephrine ကဲ့သို့သော ရင်ကျပ်ပျောက်ဆေးများ

• diphenhydramine (Benadryl)၊ clemastine၊ loratadine (Claritin) ကဲ့သို့သော Antihistamine နှာခေါင်းဖြန်းဆေးများ

• fluticasone (Flonase) (သု့ိ) triamcinolone (Nasacort) ကဲ့သို့သော စတီးရွိုက်ပါသောနှာဖြန်းဆေးများ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 12/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement