အသည်းရောင် အသားဝါရောဂါ
အသည်းရောင် အသားဝါရောဂါဆိုတာက အသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလိုရောဂါဖြစ်စေတဲ့အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့်ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။