backup og meta

ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့

    အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့ အရွယ်တွေ၊ စူးစမ်းတတ်တဲ့ အရွယ်တွေကို တအားလွှတ်မထားပါနဲ့နော်။

    ကလေး သဘာဝ လွတ်လွတ်လပ်လပ် ဆော့ခွင့်ပေးထားတာ ကောင်းပေမယ့် မိဘက ဘေးကနေ စောင့်ကြည့်နေသင့်ပါတယ်။ ကလေးတွေနဲ့ဆို သတိထား စောင့်ကြည့်သင့်တဲ့ အိမ်က ပစ္စည်းတွေ အကြောင်း သတိပေးလိုက်ချင်ပါတယ်။

    ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ သတိထားသင့်တဲ့ ပစ္စည်းများ

    (၁) ဓာတ်ခဲ အသေးစား

    အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ (ဥပမာ -နာရီဓာတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက် စတီးမျှင်ထွေး တွေလို သံသတ္တ္တုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။

    (၂) Flat တီဗီ

    ဘယ်သူမဆို မတော်တဆ ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ Flat တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင် လျှပ်စစ်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင် တွေကို လည်း သတိထား ကိုင်တွယ်ပါ။

    တီဗီ ပလပ်ပေါက်တွေ ကလေး ကိုယ်တိုင် မဖွင့်၊ မပိတ်ဖို့ သတိထားစောင့်ကြည့်ပါ။ မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကို ကလေးတွေ ပေးကိုင်တဲ့ အကျင့်မလုပ်ပါနဲ့။

    (၃) မီးဖို

    ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင် ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ် အတွက်ပါ သတိထားရမယ့် အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။

    ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အတိုင်းဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထု အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာ ထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

    ဒါ့ကြောင့် အလုံပိတ်အခန်း အတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ

    • အိမ်ထဲမှာ (မီးဖိုနဲ့ မနီးကပ်ရပါ) ပန်ကာ ဖွင့်ထားပါ။
    • ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေ ဖွင့်ထားပါ။
    • မီးတောက်က ပြာလဲ့လဲ့ ဖြစ်ရပါမယ်။ လိမ္မော်ရောင် သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ။
    • အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ။
    • ဂက်စ်အိုး နားမှာ မီးနဲ့ ပတ်သက်တာ မယူလာပါနဲ့။ (ဥပမာ ဖယောင်းတိုင်) ဂက်စ်အိုး နဲ့ ပိုက်တွေ လုံမလုံ၊ ယိုစိမ့်မှု ရှိသလား အမြဲစစ်ဆေးပါ။

    (၄) ချွန်ထက်တဲ့ အရာတွေ (ဓား)

    ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီ ပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ ဓားထည့်စင်နဲ့ စီပြီးထားတာလည်း မတော်တဆ တိုက်ချမိနိုင်လို့ သတိထားပါ။ ဓား အပါအဝင် ချွန်ထက်တဲ့ အရာတွေကို ကလေးတွေ မမီလောက်တဲ့ နေရာမှာ ထားပါ။

    ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့

    (၅) ရေတွင်း၊ ရေကန်

    ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်တွေ တစ်ဝိုက်မှာ ရေညှိတွေနဲ့ ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှ လူကြီးတွေပါ အန္တရာယ် ကင်းနိုင်မှာပါ။ ရေချိုးခန်းထဲက အုတ်ကန်တောင် ကလေးတွေအတွက် မေ့မေ့လျော့လျော့ မထားပါနဲ့။

    (၆) လှေကား ၊ ဝရံတာ

    တိုက်ခန်းမှာ နေထိုင်သူတွေဆို အိမ်ရှေ့ဝရံတာ နဲ့ လှေကားတွေမှာ ကလေးတွေ ကို မျက်စိအောက်မှာပဲ စောင့်ကြည့်သင့်ပါတယ်။ ဆော့ကစားရင်း မတော်တဆ ပြုတ်ကျ၊ ချော်ကျ ခဲ့ရင် ရင်ကျိုးရပါလိမ့်မယ်။

    (၇) ဆေး

    အိမ်မှာ ဆေးတွေ ဆောင်ထားသင့်တယ် ဆိုပေမယ့် သိမ်းဆည်းတဲ့ နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေ မမီတဲ့နေရာမှာ ထားသင့်ပါတယ်။

    မိသားစုထဲက တစ်ယောက်ယောက်က ဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကို မစွန့်ပစ်မိလို့ သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် လိုတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ ဆေးခန်းက ပေးလိုက်တာ ဆိုလည်း တခြားမိသားစုဝင်တွေ ရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။

    (၈) မှိုတက်နေတဲ့ ပစ္စည်းတွေ

    မှိုအမှုန် သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ပန်းနာရင်ကျပ် နဲ့ တခြားဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်က မှိုလဲ ဆိုတော့ အိမ်က အစားအသောက် မှာ တက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့ မှို၊ အိမ်မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာ ဖြစ်တဲ့ မှို ဖြစ်ပါတယ်။

    အရောင်စုံ ဖြစ်လာတတ်တဲ့ မှိုအမှုန်လေး တွေက ကျန်းမာရေး အတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ။ ရက်လွန်အစားအစာ တွေကို လွှင့်ပစ်ပါ။ အမှိုက် တွေကို စနစ်တကျစွန့်ပစ်ပါ။ မှိုတက်နေတဲ့ အရာတွေကို ကလေးတွေ မထိတွေ့မိစေဖို့ အိမ်သန့်ရှင်းရေး မကြာခဏ လုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement