backup og meta

မေမေတိုင်း ဆောင်ထားသင့်တဲ့ ကလေး အိမ်သုံးဆေးဝါး များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတိုင်း ဆောင်ထားသင့်တဲ့ ကလေး အိမ်သုံးဆေးဝါး များ

    လူကြီးတွေက နေမကောင်းဖြစ်ရင် ကြိတ်မှိတ်နေလို့ရပေမယ့် ကလေးဆိုရင်တော့ ပြစုပေးရမှာပါ။ သူ့အရွယ်လေးနဲ့ မလိုက် ဝေဒနာ ခံစားနေတာကို မေမေတို့လည်း ကြည့်မနေနိုင်ပါဘူး။ ဒါကြောင့် ညရေးညတာဖြစ်ဖြစ်၊ ဆေးရုံဆေးခန်း သွားဖို့ မလွယ်ရင်ဖြစ်ဖြစ် မေမေတို့ ကလေး တွေ အလွယ်သုံးနိုင်မယ့် အိမ်သုံးဆေးဝါး လေးတွေကို ပြောပြပေးချင်ပါတယ်။

    မေမေတိုင်း ဆောင်ထားသင့်တဲ့ ကလေး အိမ်သုံးဆေးဝါး များ

  • ပါရာစီတမော
  • ကလေးဖျားနာခဲ့ရင် ပါရာစီတမောကို တိုက်ပေးနိုင်ပါတယ်။ အရည်၊ အခဲ စသဖြင့် မျိုးစုံရှိပါတယ်။ တိုက်မယ်ဆို အညွှန်းကို အရင်ဖတ်ပါ။ ကလေးရဲ့ ကိုယ်အလေးချိန်၊ အသက် စတာတွေနဲ့ တွက်ပြီး ပေးရတာ ဖြစ်သလို ဆေးတံဆိပ် တစ်မျိုးနဲ့ တစ်မျိုး ပြင်းအား မတူပါဘူး။ ဥပမာ တစ်မီလီမီတာမှာ ပါရာစီတမော ဘယ်လောက်မီလီဂရမ်ဆိုတာကို သေချာရှာဖတ်ဖို့ လိုပါတယ်။

    Loratidineတို့ စီထရင်ဇင်းတို့ diphenhydramineတို့ စတာတွေ ရေးထားတဲ့ ဆေးတွေပါ။ ဓာတ်မတည့်တာကြောင့် နှာရည်ယိုတာ၊ နှာစေးတာတွေအတွက် သုံးလို့ရပါတယ်။ တချို့ဆေးတွေက အိပ်ငိုက်တတ်ပါတယ်။ ကလေး၂နှစ်အောက်မှာ မသုံးရပါဘူး။ ဆေးပမာဏကို အညွှန်းမှာ သေချာ ဖတ်ပါ။

    • ချွဲပျော်ဆေးနဲ့ ချောင်းဆိုးပျောက်ဆေး

    သလိပ်ထွက်ရင် ချွဲပျော်ဆေး၊ ရိုးရိုး ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး တိုက်ရမယ်လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ လုပ်ဆောင်ပုံခြင်း မတူလို့ မှားတိုက်လို့တော့ မရပါဘူး။ ချွဲပျော်ဆေးဆို ဆေးပုလင်းမှာ Expectorantsတို့ Mucusတို့ စတဲ့ စာသားတွေကို ရှာပါ။ ချောင်းဆိုးပျောက်ဆေးဆို Cough suppressants တို့ Dry coughတို့ စတဲ့ စာသားတွေ ရေးထားတတ်ပါတယ်။ ဆေးပမာဏကို အညွှန်းမှာ သေချာ ဖတ်ပါ။ ကလေးငယ်လေးတွေဆို တိုက်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    • ဆားရည်

    Physiodoseလို့ လူသိများပါတယ်။ ကလေး နှာပိတ်တဲ့အခါ နှာခေါင်းထဲကို အစက်ချပြီး ထည့်ပေးရပါတယ်။ ဖွင့်ပြီး ၂၄နာရီအတွင်းပဲ သုံးရပါတယ်။

    ကလေးဝမ်းလျှောရင် တိုက်တဲ့ အထုပ်သေးသေးလေးတွေပါ။ ဓာတ်ဆားနဲ့ မမှားပါနဲ့။ ဒါတွေက ဓာတ်ဆားမဟုတ်ပါဘူး။ အကျိုးပြုဘက်တီးရီးယားတွေပါတဲ့ ဆေးတစ်မျိုးပါ။ ကလေး ဝမ်းလျှောတဲ့အခါ ဝမ်းပိတ်ဆေးကို တိုက်လေ့တိုက်ထ မရှိပါဘူး။ အတွင်းမှာ အောင်းနေတတ်လို့ပါ။ အကျိုးပြုဘက်တီးရီးယားတွေ ပြန်ဖြည့်ပေးတာ၊ ဓာတ်ဆားတိုက်တာတွေပဲ လုပ်လေ့ရှိပါတယ်။

    WHOဖော်မြူလာနဲ့ BPI ဓာတ်ဆားဆို ပိုကောင်းပါတယ်။ ကလေး ဝမ်းလျှောတဲ့အခါ၊ ချွေးထွက်များတဲ့အခါ ထွက်သလောက်ကို ပြန်ဖြည့်ပေးပါ။ ဓာတ်ဆားဖျော်နည်းကို သေချာ ဖတ်ပါ။ ဓာတ်ဆားထုပ်ကို တစ်ဝက်ခွဲပြီး မဖျော်ရပါ။

    • လည်ချောင်းနာ သကြားလုံး

    ကလေးတွေ လည်ချောင်းနာတဲ့အခါ လူကြီးတွေလိုပဲ ဆေးသကြားလုံး ငုံနိုင်ပါတယ်။ ကလေး အသေးလေးတွေ၊ ကောင်းကောင်းမမျိုနိုင်တဲ့ကလေးတွေဆို မပေးပါနဲ့။ အမေနို့၊ ရေများများသာ တိုက်ပေးပါ။

    • လိမ်းဆေးများ

    သာမန်ယားနာတို့၊ နှင်းခူတို့ဆို hydrocortisoneပါတဲ့ ဆေးတွေ လိမ်းနိုင်ပါတယ်။ ထိခိုက်ရှနာအတွက် ပိုးသတ်ဆေးကရင်မ်တွေဆောင်ထားပါ။ မိတ်ဖုအတွက် လိုးရှင်းဆောင်ထားပါ။

    • ကလေး အားဆေး

    ကလေး သောက်လက်စ အားဆေးတွေ၊ ဗီတာမင်စီ ပါတာလေးတွေ ဆောင်ထားနိုင်ပါတယ်။

    ကလေးကို ဆေးတိုက်တဲ့အခါ သတိထားရမယ့် အချက်တွေ

    • ကလေးငယ်လေးတွေ တတ်နိုင်သမျှ ဆေးမတိုက်ပါနဲ့။ ကလေးအများစုက နေမကောင်း ခဏခဏ ဖြစ်တတ်ပေမယ့် ရက်အနည်းငယ်အတွင်းမှာ သက်သာသွားကြတာ များပါတယ်။ အထူးသဖြင့် ချောင်းဆိုးပျောက်ဆေးတွေ၊ အအေးမိပျောက်ဆေးတွေကို ခဏခဏ မတိုက်ပါနဲ့။
    • ၂နှစ်အောက် ကလေးငယ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေးမတိုက်ပါနဲ့။
    • ဆေးအသစ်တစ်မျိုးကို ပထမဆုံးအကြိမ်တိုက်ရတော့မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
    • ဆေးအညွှန်းအတိုင်း တိတိကျကျ တိုက်ပေးပါ။ ဆေးအညွှန်းမှာ ကိုယ့်ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ မကိုက်ရင် မတိုက်ဘဲ ဆရာဝန်ကို ပြန်မေးပါ။
    • ဆေးရည်တွေတိုက်တဲ့အခါ သူ့မှာ ပါပြီးသား ဇွန်း၊ ခွက် စတာတွေကိုပဲ သုံးပါ။ အိမ်က တွေ့ရာဇွန်းကို မသုံးပါနဲ့။
    • ဆေးနဲ့ နို့နဲ့ ရောတိုက်ချင်တယ်ဆိုရင် နို့တစ်အောင်စနဲ့ ဆေးနဲ့ရောပြီးတိုက်ပါ။ နို့ပုလင်းထဲက နို့အားလုံးနဲ့ ရောစရာ မလိုပါ။
    • ကလေးဆေးတိုက်မယ်ဆို အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ တိုက်ပါ။ ဆေးမှားတာ၊ ပမာဏမှားတာတွေ မဖြစ်အောင် ဂရုစိုက်ပါ။
    • ကလေးကို သူ့ဟာသူ ဆေးမသောက်ပါနဲ့။ လူကြီးတစ်ယောက်ယောက်က ကြည့်ပေးနေရပါမယ်။
    • ကလေးကို ဆေးတိုက်တဲ့အခါ ‘သကြားလုံး’၊ ‘ချိုချို’ စတာတွေ မပြောပါနဲ့။ ဆေးတွေက ကလေးသောက်လို့ရအောင် လုပ်ထားတဲ့အတွက် ချိုပါတယ်။ ကလေးက လူလစ်တဲ့အခါ ယူပြီး သောက်ပါလိမ့်မယ်။
    • ဆေးပုလင်းတွေကို ကလေးမမြင်တဲ့နေရာ၊ မမီတဲ့နေရာမှာ ထားပါ။  child-resistant capsလို့ ခေါ်တဲ့ ကလေးဖွင့်မရတဲ့ အဖုံးအမျိုးအစားပါတဲ့ ဆေးကို ရွေးဝယ်ပါ။

    တတ်နိုင်သမျှတော့ ကလေးကို သဘာဝနည်းလမ်းတွေနဲ့ပဲ သက်သာအောင် လုပ်ပေးပါ။ ဆေးတွေကို ကလေးမှာ စွဲပြီး မတိုက်ပါနဲ့။ ရက်ကြာလို့မှ မသက်သာရင် ဆရာဝန်နဲ့ ပြသပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement