backup og meta

နေ့စဉ်ဘဝမှာ ရှောင်လွှဲရခက်တဲ့ အဆုတ်ထိခိုက်စေနိုင်သောအကြောင်းရင်း (၆) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ်ဘဝမှာ ရှောင်လွှဲရခက်တဲ့ အဆုတ်ထိခိုက်စေနိုင်သောအကြောင်းရင်း (၆) ခု

    ဆေးလိပ်ေသာက်မှ ၊ဆေးလိပ်ငွေ့ရှူမှ အဆုတ်ထိခိုက်တယ်လို့ထင်ကြတာများပါတယ်။ အသက်ရှင်ဖို့လေရှူရပါတယ်ဆိုမှလေရှူဖို့၊အောက်ဆီဂျင်ရဖို့အဓိကလုပ်ဆောင်ပေးနေတဲ့ အဆုတ်ရဲ့ကျန်းမာရေးမကောင်းရင် ဘယ်လိုအသက်ရှင်ကြမလဲ။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေထဲမှာ ကိုယ်တွေရဲ့နေ့စဉ်ဘဝထဲ ကြုံရများတဲ့ အရာတွေပါဝင်နေတယ်ဆိုတာ သိတဲ့သူနည်းပါတယ်။ အဆုတ်ရောဂါဖြစ်စေတဲ့ တရားခံဆို မီးခိုးငွေ့နဲ့လေထုညစ်ညမ်းမှုကိုပဲပြေးမြင်ကြတာမဟုတ်လား။

    အဆုတ်ကို ထိခိုက်စေနိုင်တဲ့ တရားခံ (၆)ယောက်

    မှို

    စားတဲ့မှိုပွင့်တွေကို မပြောဘူးနော်။လေထဲကို အမှုန်လေးတွေလွင့်လာနိုင်တဲ့ မှို။ အစားအသောက်တွေရက်လွန်ပြီဆိုရင် မှိုတက်တာမှ အစိမ်းအဝါအမည်း အရောင်ကိုစုံလို့။ အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါပိုးတွေကူးစက်ခံရလွယ်စေနိုင်တယ်။

    ပိုးသတ်ဆေး

    စိုက်ခင်းတွေ၊ အပင်တွေမှာ ဖျန်းတဲ့ပိုးသတ်ဆေး၊ ဓါတုပစ္စည်းတွေကို ရှူရှိုက်မိ၊ ထိတွေ့မိ၊စားမိရင် အာရုံကြော၊ဟော်မုန်း၊ မျက်စိ၊အရေပြားနဲ့ အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေးလုပ်သူတွေအနေနဲ့ ဆေးဖျန်းတဲ့အခါ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ဝတ်စုံတွေ ဝတ်သင့်တယ်။ ပန်းနာနဲ့ COPD တို့လို အဆုတ်ရောဂါတွေဖြစ်စေနိုင်ပါတယ်။

    မီးပန်း

    မီးပန်းရောင်စုံဆိုတာ ညက်မှုန့်နေတဲ့အမှုန်လေးတွေ မတူညီတဲ့အမျိုးမျိုးကို နည်းနည်းချင်းစီစုပြီးလေထုထဲပစ်လွှတ်ဖောက်မှဖြစ်လာတာပါ။ မီးပန်းတွေကြောင့် ပန်းနာ၊ အဆုတ်နဲ့နှလုံးရောဂါတွေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် မီးပန်းလွှတ်တဲ့အခါ အခိုးအငွေ့တွေ၊ အမှုန်တွေနဲ့ဝေးဝေးမှာနေပါ။ အမှုန်တွေရှူမိမှာစိုးရပါတယ်။

    ဂျုံမှုန့်

    မုန့်လုပ်တဲ့အခါ ဂျုံမှုန့်တွေချည်း လူးနေရတာဆိုတော့ မရှူမိဘဲနေဖို့ခက်ပါတယ်။ ဒါနဲ့ပဲ မုန့်ဖုတ်ခြင်းနဲ့ပန်းနာရင်ကျပ်က ပူးတွဲလာပါရော။ အချိန်ကြာလာတာနဲ့အမျှ အဆုတ်ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။ အကောင်းဆုံးက နှာခေါင်းစည်းတပ်ပါ။

    ဂက်စ်မီးဖို

    ဂက်စ်မီးဖိုတွေနဲ့ အနွေးပေးစက်တွေလို ဂက်စ်အသုံးပြုရတဲ့အိမ်သုံးပစ္စည်းတွေဟာ အဆုတ်ရောဂါဖြစ်စေတဲ့ အသံတိတ်တရားခံတွေဖြစ်ပါတယ်။ ဂက်စ်ကလောင်ကျွမ်းလာတဲ့အခါ အဆုတ်ကိုရောင်ရမ်းစေနိုင်တဲ့ နိုက်ထရပ်အောက်ဆိုဒ်လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုး ထွက်လာစေနိုင်တယ်။ ထင်း၊ရေနံ၊ကျောက်မီးသွေး၊ ဒီဇယ်တို့လောင်ကျွမ်းသလိုပါပဲ။ ဒီလိုအသုံးအဆောင်တွေကို စနစ်တကျနေရာချထားဖို့နဲ့ စွန့်ထုတ်ဂက်စ်တွေဘယ်ကိုရောက်သလဲ တစ်ချက်စစ်ကြည့်ပါ။ အိမ်ထဲမှာ ကြိတ်ရှူမနေရဖို့အရေးကြီးပါတယ်။

    ပိုးဟပ်

    ပိုးဟပ်ချေးတွေနဲ့ သူတို့ရဲ့အပိုင်းအစတွေက ကြမ်းပြင်ပေါ်၊ အိပ်ရာ၊ ပရိဘောဂတွေမှာ ဖုန်တွေ၊ အမှုန်တွေအဖြစ်ပြောင်းလဲသွားကြတယ်။ ဒါတွေရှူလိုက်ရင် ဓါတ်မတည့်မှုတွေဖြစ်နိုင်တယ်၊ အသက်ရှူလမ်းကြောင်းပြဿနာတွေဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် အိမ်သန့်ရှင်းရေးနဲ့ ဖုန်စုပ်စက်ကို အမြဲဂရုစိုက်သင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement