ကိုယ်ကလည်း စကားပြောသလို သူပြောတာ၊ အသံပြုတာလည်း နားထောင်ပေးပါ။ သူနဲ့ စကားပြောနေတဲ့ ပုံစံမျိုး ဖြစ်ပါစေ။
ကလေးတွေကို စကားပြောစေဖို့ဆိုရင် သူတို့ဆီက စကားသံလေးတွေ ထွက်လာအောင်၊ စာလုံးလေးတွေ ပြောထွက်လာအောင် နည်းနည်းတော့ tricksလေးတွေ သုံးရပါတယ်။ ဥပမာ
(၁) သူတို့ရှေ့မှာ သူတို့ကြိုုက်တာကို စားပြပါ။ သူတို့တောင်းစားပါစေ။ ဥပမာ ကိုယ်က သူကြိုက်တဲ့မုန့်ကို စားနေတယ်။ သူကလည်း စားချင်နေတယ်ဆိုရင် သူ့ကို ‘သားက ဒီမုန့်ကို စားချင်နေတာလား၊ မုန့်မုန့်ကိုလေ’ဆိုပြီး မုန့်လေးကို ပြပြီးမှ သူ့ကိုပေးပါ။
(၂) သူကြိုက်တဲ့အရုပ်ကို သူ့ကို မပေးဘဲ ဆော့နေပါ။ သူကြိုက်တဲ့ ဘောလုံးလေးကို သူ့ရှေ့မှာ ဆော့ပြပါ။ သူလည်း ဝင်လာပါလိမ့်မယ်။ ဒီတော့မှ ‘မီးမီးက ဆော့ချင်တာလား၊ ဒီလို ဒီလို ဆော့ချင်တာလား’ဆိုပြီး သူ့ကို လုပ်ပြလိုက်ပါ။ ဘယ်လိုလုပ်တာက ဆော့တာလဲဆိုတာ သူသိသွားပါလိမ့်မယ်။
(၃) နောက်တစ်နည်းကတော့ သူကြိုက်တဲ့ မုန့်လေးတွေကို ဘူးထဲထည့်ပြီး ဖွင့်လို့မရအောင် လုပ်ထားလိုက်ပါ။ သူစားချင်တဲ့အခါ ကိုယ့်ကို လာပြီး ဖွင့်ခိုင်းပါလိမ့်မယ်။ အဲ့ဒီအခါ အထဲက မုန့်ကို ‘မုန့်မုန့်’ ဖွင့်ပေးပြီးသွားရင် ‘ဖွင့်ဖွင့်’ စသဖြင့် စကားလုံးတွေနဲ့ ရင်းနှီးအောင် သင်ပေးလိုက်ပါ။
(၄) သူကြိုက်တဲ့ အရုပ်တွေကို သူမမီနိုင်တဲ့ အမြင့်မှာ တင်ထားပါ။ သူကြိုက်တဲ့ ဘောလုံးလေးတွေ၊ အရုပ်လေးတွေကို သူမမီနိုင်တဲ့ နေရာမှာထားတဲ့အခါ သူဆော့ချင်ရင် ကိုယ့်ကို လာယူခိုင်းပါလိမ့်မယ်။ စစချင်းမှာတော့ သူက လက်ညိုးထိုးပြီး ယူခိုင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒါက ‘ဘော ဘော’လို့ပြောပြီး ယူပေးလိုက်ပါ။ နောက်ပိုင်းကျရင်တော့ သူလိုချင်တာကို ချက်ချင်း မယူပေးသေးဘဲ ‘ဘော ဘော’ဆိုတဲ့ စကားလုံးထွက်တဲ့အထိ စောင့်လိုက်ပါ။
(၅) တူတူဆော့ပေးပါ။ ဘောလုံးအပြန်အလှန်ပစ်တဲ့ ကစားနည်းတွေဆို သူကကိုယ့်ကို ပစ်ပေးပြီးရင် ခဏလေး ပြန်မပေးသေးဘဲ စောင့်လိုက်ပါ။ စစချင်းမှာတော့ သူက ‘ပစ် ပစ်’ အဲ့ဒီကနေမှ ‘ပစ်ပေး’ ‘ဘောလုံးပစ်’ ‘ဘောလုံးပစ်ပေး’ စသဖြင့် စာလုံးလေးတွေ တိုးလာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။