- ခုံပေါ်ကို ကုတ်တွယ်ပြီး တတ်လာပြီ။ ပြေးတတ်လာပြီ။
- စာရွက်နဲ့ ခဲတံပေးထားရင် လျှောက်ခြစ်တတ်လာပြီ။ အတုံးလေးတွေ တစ်ခုပေါ် တစ်ခု ဆင့်တတ်လာပြီ။
- စကားလုံး ၃လုံးအထက်တွေကို နားည်လာပြီ။ ဥပမာ မန်မန်စားမယ်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်က ဘယ်မှာလဲဆို သူ့ဟာသူ ပြတတ်လာပြီ။
- ရှူးပေါက်ချင်တာ၊ အီးပါချင်တာကို ပြောပြတတ်လာပြီ။ မေမေလုပ်ခိုင်းတာတွေကိုလည်း အတော်အသင့် နားလည်လာပြီ။
၂နှစ်
- လှေကားတက်တတ်ပြီ။ တစ်ထစ်ကို ခြေနှစ်ဖက်ချပြီးမှ နောက်တစ်ထစ်ကို ဆက်တက်တတ်ပြီ။
- အတုံးတွေကိုလည်း ၆တုံးလောက်ထိ ခပ်မြင့်မြင့် ဆင့်တတ်ပြီ။ စာရွက်ပေါ်မှာ အရင်လို လက်မငြိမ်ဘဲ ခြစ်တာမဟုတ်ဘဲ လက်ငြိမ်ငြိမ်နဲ့ ဒေါက်လိုက်မျဉ်းပုံစံ ခြစ်တတ်ပြီ။ စာအုပ်ပေးထားရင် စာရွက်တစ်ရွက်ချင်း လှန်တတ်ပြီ။
- စာကြောင်း အပြည့် ပြောတတ်ပြီ။ သူ့နာမည်မေးရင် ဖြေတတ်ပြီ။
- ကိုယ့်ဟာကိုယ် အင်္ကျီတွေ ဘောင်းဘီတွေ ချွတ်တတ်ပြီ။
၃နှစ်
- လှေကားထစ်တွေကို လူကြီးတွေ တက်သလိုမျိုး ခြေတစ်ဖက် တစ်ထစ် တက်တတ်ပြီ။ ကလေး သုံးဘီးစက်ဘီးလေးတွေ စီးတတ်ပြီ။
- စက်ဝိုင်းကို လူကြီးက ဆွဲပြရင် သူလိုက်ကူးတတ်ပြီ။ (ဝလုံး ရေးတတ်ပြီလို့ ပြောချင်တာပါ။) အရောင်တွေလည်း တွဲတတ်ပြီ။
- သူ့ရဲ့ နာမည် အပြည့်အစုံ၊ အသက်၊ ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာကို သိနေပြီ။ လူကြီးတစ်ယောက်လို စကားပြောနိုင်ပြီ။
- ဘောင်းဘီထဲမှာ ရှူရှူးတွေ၊ အီအီးတွေ မပါချတော့ဘူး။
၅နှစ်
- ဘောလုံးလေးကို ပစ်လိုက် ဖမ်းလိုက် လုပ်တတ်နေပြီ။
- တြိဂံပုံ ကူးဆွဲတတ်နေပြီ။
- စကားကို ဖြောင့်ဖြောင့်ဖြူးဖြူး ပြောနိုင်ပြီ။ အရောင်၄ရောင်လောက်ကို မှတ်ထားနိုင်နေပြီ။
- သူငယ်ချင်းတွေလည်း ထားတတ်လာပြီ။ အင်္ကျီကိုလည်း နည်းနည်းလောက် ထိန်းပေးရုံနဲ့ ဝတ်တတ်နေပြီ။
ဒါတွေကတော့ ကလေးတစ်ယောက်ရဲ့ ပုံမှန် ဖွံ့ဖြိုးမှုပေါ့။ ဒီတိုင်းလေး ဖွံ့ဖြိုးလာတယ်ဆိုရင် မေမေ့ကလေးက ပုံမှန်ပါပဲ။ သူများကလေးတွေကတော့ တစ်ခါတစ်လေ မိဘမျိုးရိုးပေါ်မူတည်ပြီး အထိုင်စောတာ၊ စကားပြောစောတာ ရှိနိုင်ပါတယ်။ ကိုယ့်ကလေးက ဖွံ့ဖြိုးမှု စောစရာ မလိုပါဘူး။ ပုံမှန်အတိုင်းပဲ ဖွံ့ဖြိုးရင် ရပါပြီ။ ဆက်ပြီး ဖွံ့ဖြိုးမှု နောက်ကျတဲ့ အချက်တွေကို ဆက်ကြည့်ရအောင်။
ဖွံ့ဖြိုးမှုနဲ့ ပတ်သတ်ပြီး စိုးရိမ်ရမယ့် အချက်များ
မိခင်မျက်နှာ ဒါမှမဟုတ် အရာဝတ္ထုကို လိုက်မကြည့်ခြင်း။ မြူရင် မပြုံးပြတတ်ခြင်း။ အသံပေးသော်လည်း အမူအရာ မပြောင်းခြင်း။ အလွန်တောင့်ခြင်း ဒါမှမဟုတ် ပျော့ခြင်း
လက်သီး အမြဲ စုပ်ထားခြင်း။ ခေါင်းမခိုင်ခြင်း။ အရုပ်တစ်ခုခုကို မကိုင်နိုင်ခြင်း။
အမှီအတွယ်မရှိရင် မထိုင်နိုင်ခြင်း။ လက်ထောက်ပြီးတောင် မထိုင်နိုင်ခြင်း။ မရယ်မောတတ်ခြင်း။
ဝူးဝူး ဝါးဝါး မလုပ်တတ်ခြင်း။ မတ်တပ်မစမ်းခြင်း။
ဖေဖေ မေမေ မခေါ်တတ်ခြင်း။ လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း။
မပြေးနိုင်ခြင်း။ မကြာခစလဲကျခြင်း။ ဝါကျအတိုများ မပြောနိုင်ခြင်း။ မျက်လုံးခြင်း ဆိုင်မကြည့်ခြင်း။
စကားပြောပေမယ့် အခက်အခဲရှိတဲ့အတွက် တခြားသူတွေ နားမလည်ခြင်း။ တခြားကလေးများနဲ့ မကစားဘဲ တစ်ဦးတည်း သီးသန့်နေခြင်း။
အရင်ရှိပြီးသား ဖွံ့ဖြိုးတိုးတက်မှုများ ပျောက်ဆုံးသွားခြင်း၊ ဆုတ်ယုတ်လာခြင်း၊ အရင်ပြောတတ်ပြီးသား စကားများ ပြန်ပျောက်သွားခြင်း။
ဒီလို ဖွံ့ဖြိုး နောက်ကျနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။