အခြား အဆစ်နှင့် အရွတ်ရောဂါများ

အခြား အဆစ်နှင့် အရွတ်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အခြား အဆစ်နှင့် အရွတ်ရောဂါများ ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး သိမှတ်စရာများ

သင်သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဝေဒနာကို ခံစားနေရပြီဆိုလျှင် ယင်းသည် ရယ်စရာတခုမဟုတ်ပါ။ သို့သော် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အောက်ပါအချက်များသည် သင်ခံစားနေရသော နာကျင်မှုများကို ပိုပြီးသက်သာစေမည်ကို သင်တွေ့ရပါလိမ့်မည်။ ထို့ပြင် သင်သက်သာသွားသည့်အခါ သင့်အပေါင်းအသင်းများက သင့်ခြေဖနောင့်အနာအကြောင်းမေးလာလျှင်လည်း သင့်အနေဖြင့် မျှဝေစရာ အတွေ့အကြုံတခုဖြစ်နေပေလိမ့်မည်။ · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေဖနောင့်ရိုးနှင့် ခြေချောင်းရိုးများကို တွယ်ဆက်ထားသော တစ်သျူးများဖြစ်ပြီး အဆိုပါတစ်သျူးများရောင်ရမ်းခြင်းကို ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဟု ခေါ်ပါသည်။ · အသက် ၂၅ နှစ် မှ ၆၅ နှစ်အတွင်းရှိသူများ၏ ၈၃% ခန့်တွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။ · အပြေးသမားများ၏ ၁၀% ခန့်ကလည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။ · ထိုသို့ ဖြစ်သူများ၏ ၁၄%သည် ရှုးဖိနပ်များကို ပြောင်းစီးလိုက်ရုံနှင့် ဝေဒနာများသက်သာသွားကြောင်း တွေ့ရသည်။ · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း နှင့် ပတ်သက်ပြီး သိကောင်းစရာများ

အချို့လူများသည် ခြေဖနောင့်နာခြင်းခံစားနေရသော်လည်း သူတို့ကိုယ်သူတို့ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ဖြစ်သည်ဟု သတိမထားမိတတ်ကြပါ။ အောက်ပါတို့သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း၊ ခြေဖနောင့်နာခြင်းများနှင့် ပတ်သက်ပြီး သိသင့်သောအရာများဖြစ်ပါသည်။ 1. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းဆိုတာဘာလဲ။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။   2. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် ဘယ်လိုဖြစ်လာတာလဲ။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။ · အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း) · ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ

လူအများစုက သူတို့တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ လည်ပင်းနာတာ ခံစားဖူးကြတယ်။ အသက်ကြီးတဲ့လူတွေမှာ လည်ပင်းနာတာက ဇက်ရိုးကျီးပေါင်းရဲ့ လက္ခဏာဖြစ်စေနိုင်တယ်။ ဒါက ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိစေနိုင်တဲ့အတွက် လူတိုင်းဒီရောဂါအကြောင်း သိထားသင့်တယ်။   ဇက်ရိုးကျီးပေါင်းဆိုတာ ဘာလဲ။ ဇက်ရိုးကျီးပေါင်းဆိုတာက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးရဲ့ အရိုးတွေ၊ အဆစ်တွေ၊ အဆစ်ကြားကအပြားတွေက ပုံမမှန်ဘဲ ပြန်လည်တည်ဆောက်တဲ့အချိန်မှာ အတွေ့ရများပါတယ်။ ဒီပြောင်းလဲခြင်းက အသက်ကြီးလာလို့ ဖြစ်တဲ့ယိုယွင်းမှုပါပဲ။ သင်အသက်ကြီးလာတာနဲ့အမျှ သင့်လည်ဆစ်ရိုးတွေက ယိုယွင်းပျက်ဆီးလာတယ်။ သူတို့က ကျိုးလွယ်လာတယ်။ အလည်က ပျော့တဲ့နေရာက ဟနေတဲ့နေရာကတစ်ဆင့် အပြင်ကိုထွက်လာပြီး ကပ်တတ်တယ်။ ဒါက ကျောရိုးမကြီးကို ကာကွယ်မှု ကျစေတယ်။ အရိုးတွေက သူတို့ဘာသာ ပြန်ပြင်တဲ့အခါ အလွန်အမင်းကြီးထွားလာပြီး ကျောရိုးအထဲက နေရာလွတ်ကို ကျဉ်းသွားစေတယ်။ အဲ့နေရာလွတ်ထဲမှာ အာရုံကြောမကြီးရှိတယ်။ အာရုံကြောမကြီးက ပိပြားသွားပြီး ပျက်ဆီးလွယ်လာတယ်။ ဇက်ရိုးကျီးပေါင်းက သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာ တွေ့ရများပါတယ်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လူကြီးများတွင်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း

ကျောရိုးအဆစ်လွဲခြင်းအကြောင်း သင်ကြားဖူးလား။ ကျောရိုးအဆစ်လွဲခြင်းက သင့်ကျောရိုးမှာဖြစ်နိုင်တယ်ဆိုတာရော သိလား။ သင်အသက်ကြီးလာတဲ့အခါ ကျောရိုးအဆစ်လွဲနိုင်တယ် ဆိုတာရော သိလား။ ဒီအချက်တွေကို လိုက်နာပြီး သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို ရှာဖွေလိုက်ပါ။   ကျောရိုးအဆစ်လွဲတာက ကျောရိုးရဲ့အောက်ပိုင်းမှာ ဘာလို့ဖြစ်ပေါ်သလဲ။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးအကြားရှိအဆစ်ပြားတွေ ပျက်စီးတာ(ကျီးပေါင်းရောဂါ)ကို ပြန်တည်ဆောက်တဲ့အချိန်မှာ ဖြစ်စေနိုင်ပါတယ်။ အရိုးကျီးပေါင်းဖြစ်သောအခါ အရိုးတွေက အနည်းငယ်ကျိုးနိုင်ပါတယ်။ တချို့သောအခြေနေတွေမှာ အရိုးကျိုးတာက ကျောရိုးကို အားနည်းစေပါတယ်။ ကျောရိုးက သူ့ရဲ့ပုံစံကို ထိန်းထားဖို့ ခက်ပါလိမ့်မယ်။ ဒီအခါ ကျောရိုးဆစ်လေးတွေက သူတို့ရဲ့နေရာကနေ ချော်ထွက်သွားနိုင်ပြီး ကျောရိုးအဆစ်လွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ယိုယွင်းပျက်စီးခြင်းဆိုတာ အသက်ကြီးခြင်းရဲ့ သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ သင့်ကျောရိုးဆစ်၊ အရိုးများ၊ တွယ်ဆက်တစ်ရှူးများ နဲ့ အဆစ်တွေက ယိုယွင်းပျက်စီးတတ်ပါတယ်။ သူတို့ဟာ သင့်ကျောရိုးကို ပုံမှန်အနေအထားနဲ့ မထိန်းထားနိုင်ပါဘူး။ ကျောရိုးတစ်ခုက သူ့အောက်ရှိကျောရိုးပေါ်ကို ပိကျနိုင်ပါတယ်။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးတစ်လျှောက်လုံး ဖြစ်နိုင်သော်လည်း ခါးဆစ်ရိုးတွင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ကျောရိုးဆစ်ကျွံခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရမလဲ

Spinal disk ပျက်စီးဖူးတဲ့ သူတွေသာ အဲ့ဒါကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုကို နားလည်ပေးနိုင်မှာပါ။ နာကျင်မှုက တကယ်စိတ်ပျက်စရာပါ။ လှုပ်ရှားမှုအားလုံးက ပိုဆိုးစေမှာပါ။ သင့်ကျောရိုးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို disc ကျွံနိုင်ပါတယ်။ ဒါပေမယ့် disc ကျွံခြင်း အများစုက ခါးအောက်ပိုင်း (lumbar spine) မှာ ဖြစ်ပွားကြပါတယ်။   Spinal disk ဆိုတာ ဘာလဲ။ Spinal disk ဆိုတာ သင့်ကျောရဲ့ အရိုးကို ဖြစ်စေတဲ့ အရိုး (vertebrae) ဖြစ်ပြီး သေးငယ်သော ရေမြှုပ်ကဲ့သို့ (disc) အပြားလေးဖြင့် ကြားခံထားပါတယ်။ အဲ့ disc လေးတွေ ကျန်းမာရင် ကျောရိုးအတွက် တုန်ခါမှု စုပ်ယူသော ပစ္စည်း (shock absorbers) လို အလုပ်လုပ်ပြီး ကျောရိုးကို ကွေးလို့ရစေပါတယ်။ ဆရာဝန်တွေက […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းကျီးပေါင်း က ခေါင်းကိုက်ခြင်းကို ဘယ်လို ဖြစ်စေသလဲ

လည်ပင်းကျီးပေါင်း (Cervical spondylosis)  ရှိတဲ့ လူတော်တော်များများမှာ သိသာတဲ့ ရောဂါလက္ခဏာ မပြကြပါဘူး။ တကယ်လို့ ပေါ်လာခဲ့ရင်လည်း မပြင်းထန်တဲ့အဆင့်မှ အလွန်ပြင်းထန်တဲ့အဆင့်ထိ ရှိပါတယ်။ တဖြည်းဖြည်းပေါ်လာတာရှိသလို ရုတ်တရက်ပေါ်လာတာမျိုးလဲ ရှိပါတယ်။ Cervical spondylosis နဲ့ တွဲမြင်တဲ့ လူသိနည်းသော တခြား ရောဂါလက္ခဏာတစ်ခုက suboccipital headacheလို့ ခေါ်တဲ့ ခေါင်းကိုက်ခြင်း ဖြစ်ပါတယ်။ လည်ပင်းကျီးပေါင်း ကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း Cervical spondylosis က ခေါင်းကိုက်ခြင်းအတွက် ဖြစ်နေကျ၊ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုပါ။ လူလတ်ပိုင်းအရွယ်ကနေ နောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။ Spondylotic headache မှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိပါတယ်။ တစ်ခါလောက် ရင်းနှီးသွားရင် နောက်ကို ရောဂါခွဲရတာ လွယ်သွားပါတယ်။ သူက နောက်စေ့တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ အနောက်မှာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ

ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေကျင်းဝတ်ဒဏ်ရာဆိုတာ ဘာတွေဖြစ်မလဲ သင့်ရဲ့ခြေကျင်းဝတ်ကို ခန္ဓာကိုယ်အတွက် ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ အရိုးများ၊ ကြွက်သားများ၊ အရွတ်များနဲ့ ဖွဲ့စည်းထားပါတယ်။ ခြေကျင်းဝတ်အရိုးနဲ့ ခြေသလုံးရိုး၂ခုဟာ ခြေကျင်းဝတ် အဆစ်ကို ဖြစ်ပေါ်စေပါတယ်။ အရွတ်များက အရိုးတွေကို တခုနဲ့တခု တွယ်ကပ်စေပြီး တည်ငြိမ်စေပါတယ်။ ကြွက်သားများနဲ့ ကြွက်သားအရွတ်တွေဟာ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ခြေကျင်းဝတ်ပြဿနာတွေက အရိုး၊ ကြွက်သားနဲ့ နူးညံ့တဲ့တစ်သျှူးတွေကို ထိခိုက်မိရာကနေ ဖြစ်ပေါ်လာပါတယ်။ အဖြစ်များတဲ့ ပြသနာတွေကတော့ အရွတ်ဒဏ်ဖြစ်ခြင်း အရိုးကျိုးခြင်း ကြွက်သားအရွတ်ရောင်ခြင်း အဆစ်ရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ဟာ ကိုယ်ခန္ဓာမှာ ဒဏ်ရာအရဆုံး အဆစ်ဖြစ်ပါတယ်။ အဖြစ်အများဆုံး ခြေကျင်းဝတ်ပြဿနာတွေကတော့ အရွတ်ဒဏ်ဖြစ်ခြင်းနဲ့ အရိုးကျိုးခြင်း ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေဟာ ပြန်လည်ပျောက်ကင်းဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားတွယ်ဆက်တဲ့ နေရာတွေ၊ အရွတ်တွေစတဲ့ အဆစ်ကို […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Nursemaid's Elbow (တံတောင်ဆစ် အရိုးလွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကဘာလဲ။ Nursemaid’s Elbow ဆိုတာ မူလနေရာကနေ တံတောင်ဆစ်အရိုးများ ချော်ထွက်သွားခြင်းကို ခေါ်ပါတယ်။ လက်ဖံရိုး (Radius) နဲ့ လက်မောင်းရိုး (Ulna) တို့ကို ကြုံ့နိုင်ဆန့်နိုင်သော အရွတ်တို့ဖြင့် တွယ်ဆက်ထားပါတယ်။ ထိုအရွတ်တို့က အသက်ကြီးလာတာနဲ့ အမျှ ပိုမိုခိုင်ခန့်လာပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ မွေးကင်းစလေးတွေမှာ အရွတ်များဟာ လျော့ရဲစွာ တွယ်ဆက်ထားကြပါတယ်။ ထိုသို့ဖြစ်နေခြင်းက တံတောင်ဆစ်လွဲဖို့ လွယ်ကူသွားစေပါတယ်။ Nursemaid’s Elbow ဖြစ်သွားတဲ့ ကလေးတစ်ယောက်ဟာ လက်နာကျင်ခြင်းကို ခံစားရမှာပါ။ ဒါပေမယ့်လည်း ရေရှည်ထိခိုက်မှုတွေတော့ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဆေးခန်းတို့ အရေးပေါ်ခန်းတို့မှာပဲ ကျွမ်းကျင်သူတွေက တံတောင်ဆစ်ကို ပြန်တည့်ပေးနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားမှာပါ။ Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်ငယ်လေးတွေနဲ့ မူကြိုအရွယ်လေးတွေမှာ အဖြစ်များပါတယ်။ ၁နှစ်ကနေ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ကဘာလဲ။ Connective tissue disease ဆိုတာ ခန္ဓါကိုယ် တည်ဆောက်ရာမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာတွင် လိုအပ်သော ခန္ဓါကိုယ် အစိတ်အပိုင်းများကို သက်ရောက်မှုရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Connective tissue တွေမှာ Collagen ကိုလဂျင် နှင့် Elastin အီလတ်စတင် ဆိုပြီး ပရိုတင်း (၂)မျိုးနှင့် တည်ဆောက်ထားတာပါ။ Collagen ဆိုတာ အရွတ်၊ အရေပြား၊ မျက်ကြည်လွှာ၊ အရိုးနု၊ အရိုးနှင့် သွေးကြောများမှာ တွေ့ရတဲ့ ပရိုတင်း (၁)မျိုး ဖြစ်ပါတယ်။ Elastin ဆိုတာ သားရေကွင်းနှင့်တူသော ဆွဲဆန့်လို့ရတဲ့ ပရိုတင်း (၁)မျိုးဖြစ်ပြီး အရွတ်များနှင့် အရေပြားမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ လူနာတစ်ယောက်မှာ Connective tissue ရောဂါရှိပြီဆိုရင် Collagen […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ကဘာလဲ။ လမ်းလျှောက်တဲ့အခါ၊ ထိုင်ရာမှထရပ်တဲ့အခါ၊ ခြေထောက်လွှဲတဲ့အခါ တင်ပါးဆုံရိုးမှ တဇက်ဇက်အသံမြည်ခြင်း၊ ခံစားချက်ရခြင်းတို့ဖြစ်ပါတယ်။ လူအများစုအတွက် ထိုအခြေအနေက စိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် တစ်ခုထဲသောလကဏာက ထိုအသံမြည်ခြင်း၊ ထိုကဲ့သို့ခံစားချက်ရခြင်းတစ်ခုထဲပါ။ ဒါပေမယ့် အကသမားတွေ၊ အားကစားသမားတွေအတွက်တော့ ထိုအခြေအနေမှာ နာကျင်ခြင်း၊ လှုပ်ရှားကိုအနှောင့်အယှက်ဖြစ်မယ့် တင်ပါးဆုံရိုးအားနည်းအားလျော့ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများSnapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများအားဖြင့် တင်ပါးဆုံရိုးပေါ်မှာရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေလှုပ်ရှားမှုကြောင့်ဖြစ်တာပါ။ အဖြစ်အများဆုံးနေရာကတော့ တင်ပါးဆုံရိုးအပြင်ဘက်၊ iliotibial band ဟုခေါ်သော တွယ်ဆက်တစ်သျူးကြွက်သားက ပေါင်ရိုးပေါ်ရှိအရိုးဖုပေါ်ဖြတ်သွားရာနေရာမှာ အဖြစ်များပါတယ်။ မတ်တပ်ရပ်နေစဉ်မှာ ထိုတစ်သျူးကအရိုးဖုနောက်တွင်ရှိပြီး ပေါင်ကွေးလိုက်သောအခါ အရိုးဖုကိုဖြတ်ကာ အရှေ့ဘက်ရွေ့သွားရာမှ အသံထွက်လာခြင်းဖြစ်တယ် ။ ပေါင်အပေါ်ပိုင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း