အခြား အဆစ်နှင့် အရွတ်ရောဂါများ

အခြား အဆစ်နှင့် အရွတ်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အခြား အဆစ်နှင့် အရွတ်ရောဂါများ ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Scleroderma (စကာလရိုဒါးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Scleroderma (စကာလရိုဒါးမား) ကဘာလဲ။ စကာလရိုဒါးမားဆိုသည်မှာ ဆက်တွယ်တစ်ရှူးများနှင့် အရေပြားတစ်ရှူးများကို မာကြော တောင့်တင်းသွားစေသော ရောဂါများကိုစုခေါ်သည့် နာမည်တစ်ခုဖြစ်ပါသည်။ စကာလရိုဒါးမားလက္ခဏာများမှာ အရေပြား၌ထင်ရှားသော်လည်း လူများစွာတွင် သွေးကြော၊ ကလီစာများနှင့် အစာချေလမ်းကြောင်းတို့တွင်သာ ထိခိုက်မှုများ၏။ လက္ခဏာများမှာ မတူတတ်ပါ။ ရောဂါဖြစ်နေသော အင်္ဂါပေါ်တွင်မူတည်ကာ ပြောင်းလဲတတ်ပါသည်။   စကာလရိုဒါးမားအဓိကပုံစံနှစ်မျိုးရှိသည်- တစ်နေရာတည်းဖြစ်သော စကာလရိုဒါးမား နှင့် စနစ်အလိုက်ထိသော စကာလရိုဒါးမား တစ်နေရာတည်းဖြစ်သော အမျိုးအစားမှာ ခန္ဓါကိုယ်၏အစိတ်အပိုင်းတစ်ခုကိုသာ ထိသည်။ များသောအားဖြင့် အရေပြားတစ်ရှူး။ အဓိကအင်္ဂါကြီးများကို အန္တရာယ်ပေးလေ့မရှိပါ။ ဖြစ်ရပ်အများစုတွင် သူ့အလိုလိုပျောက်သွားပြီး ပြင်းထန်သောဖြစ်ရပ်များတွင်တော့ အရေပြားပျက်စီးနိုင်ပါသည်။ စနစ်အလိုက်ထိသောအမျိုးအစားမှာ တစ်ကိုယ်လုံးကိုထိခိုက်ခြင်းဖြစ်ပြီး အရေပြား၊ အရေပြားအောက်မှတစ်ရှူးများ၊ သွေးကြောများနှင့် အဓိကအင်္ဂါကြီးများကို ထိခိုက်လေ့ရှိသည်။ Scleroderma (စကာလရိုဒါးမား) က ဘယ်လောက်အဖြစ်များသလဲ စကာလရိုဒါးမားသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်။ များသောအားဖြင့် အသက် ၃၀ မှ ၅၀ အတွင်းဖြစ်လေ့ရှိသည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ACL Injuries (ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း) ကဘာလဲ။ ACL injury ဆိုသည်မှာ ဒူးခေါင်း၏ အဓိကအရွတ် တစ်ခု ဖြစ်သော ကြက်ခြေခတ်ပုံ အရှေ့ပိုင်းအရွတ် (ACL) ဆုတ်ပြဲခြင်း ဖြစ်သည်။ ACL injury သည် ဘက်စကတ်ဘော၊ ဘောလုံး၊ တင်းနစ်၊ နှင်းလျှောစီးခြင်း၊ ဘောလီဘော၊ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စသော ရုတ်တရက် ရပ်ခြင်း၊ ခုန်ခြင်း၊ ဦးတည်ချက်ပြောင်းခြင်းတို့ပါဝင်သော အားကစားများ ကစားစဉ် အဖြစ်များသည်။ လူအများသည် ACL injury ဖြစ်ပါက ဖောက်ကနဲမြည်သံ ကို ကြားရ ခံစားရသည်။ ဒူးခေါင်းသည် ရောင်လာပြီး ခိုင်ခန့်မှု မခံစားရတော့ပါ။ အလေးချိန်ဖိပါက အလွန်နာကျင်လာသည်။ ACL injury […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းဆစ်ချော်သောသူများတွင် သိထားရမည့် အိမ်တွင်း ကုထုံး ၅ မျိုး

လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။ ထိုသို့ မပြင်းထန်သော ဝေဒနာများကို ခံစားရလျှင် အိမ်တွင်းကုထုံးများဖြင့် ကုသခြင်းက အသုံးဝင်နိုင်ပါသည်။   အပူ သို့မဟုတ် အအေးကုထုံး လည်ပင်းနေရာကို အပူသို့မဟုတ် ရေခဲကပ်ခြင်းဖြင့် သက်သက်သာစေနိုင်ပါသည်။ အပူသည် သွေးကြောများကို ကျယ်စေပြီး အဆစ်ချော်သည့်နေရာသို့ သွေးလည်ပတ်မှုကောင်းစေသောကြောင့် နာကျင်ခြင်းကို လျှင်မြန်စွာ သက်သာစေပါသည်။ ရေခဲကပ်ခြင်းသည် သွေးကြောများကို ကျုံ့စေပြီး ရောင်ရမ်းခြင်းနှင် နာကျင်မှုများကို သက်သာစေပါသည်။ လည်ပင်းနာနေသောနေရာကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။ သို့သော် အအေးကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်နိုင်ရန် ရေခဲနှင့် အရေပြားကြားတွင် အဝတ်ပါးတစ်လွှာခံပေးပါ။ ထို့ပြင် ရေနွေးဝတ်ဖြင့် ကပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းတို့ကိုလည်း ပြုလုပ်ပေးခြင်းဖြင့် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းအဆစ်ချော်ခြင်းကို အများဆုံးဖြစ်စေသော အချက် ၃ ချက်

လည်ပင်းအဆစ်ချော်ခြင်းသည် ဖြစ်ခဲသော်လည်း ဖြစ်လာလျှင် လည်ပင်းနာကျင်ခြင်းကို ခံစားရစေပါသည်။ အောက်ပါဆောင်းပါးသည် လည်ပင်းအဆစ်ချော်ခြင်းဖြစ်ပေါ်လာပုံကို ဖော်ပြပြီး သင်သည် လည်ပင်းအဆစ်ချော်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းများကို သိရှိနိုင်မည်ဖြစ်ပါသည်။ (၁) ယိုယွင်းပျက်စီးခြင်း လည်ပင်းအဆစ်ချော်ခြင်းသည် အသက်ရွယ်အိုမင်းလာခြင်းကြောင့် ယိုယွင်းပျက်စီးခြင်းပင်ဖြစ်ပါသည်။ ခါးရိုးဆစ်များတွင် နုနယ်သော အတွင်းပိုင်းအလွှာနှင့် တောင့်တင်းသော အပြင်ပိုင်း အရိုးနုအလွှာဟူ၍ ရှိပါသည်။ ထိုအရာများသည် ခါးရိုးကို ပြေပြစ်စွာ လှုပ်ရှားမှုများပြုနိုင်စေရန်နှင့် ထိခိုက်မှုများကို ခံနိုင်စေရန် လုပ်ဆောင်ပေးပါသည်။ အချိန်ကြာလာသည်နှင့် အမျှ ခါးရိုးကြားရှိ အဆိုပါချပ်ပြားများသည် ရေဓါတ်ခမ်းခြောက်လာပြီး တဖြေးဖြေးပါးလာကြသည်။ ယင်းသည် ပုံမှန်ဖြစ်စဉ်တခုဖြစ်သော်လည်း အရိုးချပ်ပြားများပျက်စီးသော ရောဂါရှိသူများတွင် ရေဓါတ်များပိုခမ်းခြောက်ကာ ပိုပါးလာပြီး အဖိအဆန့်ဒဏ်ကို မခံနိုင်ဖြစ်လာကာ နောက်ဆုံးတွင် အဆစ်များ ချော်ထွက်သွားခြင်းဖြစ်ပါသည်။ အရိုးချပ်ပြားများပျက်စီးသော ရောဂါရှိသူများတွင် အဆစ်ချော်ခြင်းသည် အဖြစ်များသော အခြေအနေတခုဖြစ်ပြီး အများအားဖြင့် လည်ပင်းဆစ်များတွင် ဖြစ်လေ့ရှိပါသည်။ ကျောရိုးနှင့် တဆက်တည်းဖြစ်သော […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ

အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ အကြောင်း သိပြီးပြီလား! သေသေချာချာ သိရှိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ သင့်ကျောရိုးသည် သင့်တစ်ကိုယ်လုံး အလေးချိန်ကို ထမ်းထားရသည့်အတွက် အခြားသော နေရာများ ထက်စာလျှင် ပြဿနာများ၊ ဒဏ်များ ပိုဖြစ်စေပါသည်။ သင်အိပ်သော အနေအထားကလည်း ခါးနာခြင်းကို ဖြစ်စေနိုင်ကြောင်း သင်သတိပြုမိပါသလား။ အောက်ပါဆောင်းပါးသည် အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေခြင်းနှင့် ကျီးပေါင်း ဖြစ်သူများ ပြုလုပ်ရမည့် လေ့ကျင့်ခန်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေပုံ ကျီးပေါင်း ဖြစ်ခြင်းသည် ခါးရိုးကြားရှိ ကြားခံ ချပ်ပြားများ ပျက်စီးလာခြင်းကြောင့် ခါးနာခြင်း၊ လည်ပင်းနာခြင်းများ ခံစားရခြင်း ဖြစ်ပါသည်။ ယင်းဖြစ်စဉ်သည် ခါးရိုးကြားရှိ ချပ်ပြားများနှင့် အရိုးများသည် အိုမင်းရင့်ရော်လာခြင်းကြောင့် ဖြစ်ရခြင်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ

လူအများစုက သူတို့တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ လည်ပင်းနာတာ ခံစားဖူးကြတယ်။ အသက်ကြီးတဲ့လူတွေမှာ လည်ပင်းနာတာက ဇက်ရိုးကျီးပေါင်းရဲ့ လက္ခဏာဖြစ်စေနိုင်တယ်။ ဒါက ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိစေနိုင်တဲ့အတွက် လူတိုင်းဒီရောဂါအကြောင်း သိထားသင့်တယ်။   ဇက်ရိုးကျီးပေါင်းဆိုတာ ဘာလဲ။ ဇက်ရိုးကျီးပေါင်းဆိုတာက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးရဲ့ အရိုးတွေ၊ အဆစ်တွေ၊ အဆစ်ကြားကအပြားတွေက ပုံမမှန်ဘဲ ပြန်လည်တည်ဆောက်တဲ့အချိန်မှာ အတွေ့ရများပါတယ်။ ဒီပြောင်းလဲခြင်းက အသက်ကြီးလာလို့ ဖြစ်တဲ့ယိုယွင်းမှုပါပဲ။ သင်အသက်ကြီးလာတာနဲ့အမျှ သင့်လည်ဆစ်ရိုးတွေက ယိုယွင်းပျက်ဆီးလာတယ်။ သူတို့က ကျိုးလွယ်လာတယ်။ အလည်က ပျော့တဲ့နေရာက ဟနေတဲ့နေရာကတစ်ဆင့် အပြင်ကိုထွက်လာပြီး ကပ်တတ်တယ်။ ဒါက ကျောရိုးမကြီးကို ကာကွယ်မှု ကျစေတယ်။ အရိုးတွေက သူတို့ဘာသာ ပြန်ပြင်တဲ့အခါ အလွန်အမင်းကြီးထွားလာပြီး ကျောရိုးအထဲက နေရာလွတ်ကို ကျဉ်းသွားစေတယ်။ အဲ့နေရာလွတ်ထဲမှာ အာရုံကြောမကြီးရှိတယ်။ အာရုံကြောမကြီးက ပိပြားသွားပြီး ပျက်ဆီးလွယ်လာတယ်။ ဇက်ရိုးကျီးပေါင်းက သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာ တွေ့ရများပါတယ်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လူကြီးများတွင်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း

ကျောရိုးအဆစ်လွဲခြင်းအကြောင်း သင်ကြားဖူးလား။ ကျောရိုးအဆစ်လွဲခြင်းက သင့်ကျောရိုးမှာဖြစ်နိုင်တယ်ဆိုတာရော သိလား။ သင်အသက်ကြီးလာတဲ့အခါ ကျောရိုးအဆစ်လွဲနိုင်တယ် ဆိုတာရော သိလား။ ဒီအချက်တွေကို လိုက်နာပြီး သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို ရှာဖွေလိုက်ပါ။   ကျောရိုးအဆစ်လွဲတာက ကျောရိုးရဲ့အောက်ပိုင်းမှာ ဘာလို့ဖြစ်ပေါ်သလဲ။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးအကြားရှိအဆစ်ပြားတွေ ပျက်စီးတာ(ကျီးပေါင်းရောဂါ)ကို ပြန်တည်ဆောက်တဲ့အချိန်မှာ ဖြစ်စေနိုင်ပါတယ်။ အရိုးကျီးပေါင်းဖြစ်သောအခါ အရိုးတွေက အနည်းငယ်ကျိုးနိုင်ပါတယ်။ တချို့သောအခြေနေတွေမှာ အရိုးကျိုးတာက ကျောရိုးကို အားနည်းစေပါတယ်။ ကျောရိုးက သူ့ရဲ့ပုံစံကို ထိန်းထားဖို့ ခက်ပါလိမ့်မယ်။ ဒီအခါ ကျောရိုးဆစ်လေးတွေက သူတို့ရဲ့နေရာကနေ ချော်ထွက်သွားနိုင်ပြီး ကျောရိုးအဆစ်လွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ယိုယွင်းပျက်စီးခြင်းဆိုတာ အသက်ကြီးခြင်းရဲ့ သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ သင့်ကျောရိုးဆစ်၊ အရိုးများ၊ တွယ်ဆက်တစ်ရှူးများ နဲ့ အဆစ်တွေက ယိုယွင်းပျက်စီးတတ်ပါတယ်။ သူတို့ဟာ သင့်ကျောရိုးကို ပုံမှန်အနေအထားနဲ့ မထိန်းထားနိုင်ပါဘူး။ ကျောရိုးတစ်ခုက သူ့အောက်ရှိကျောရိုးပေါ်ကို ပိကျနိုင်ပါတယ်။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးတစ်လျှောက်လုံး ဖြစ်နိုင်သော်လည်း ခါးဆစ်ရိုးတွင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အချက်များ

ခါးဆစ်ချော်ခြင်းဆိုသည်မှာ ခါးရိုးတလျှောက်တွင်ရှိသော အဆစ်များသည် အရှေ့ဘက်သို့ကျွံထွက်သွားခြင်းကို ဆိုလိုပါသည်။ ယင်းဖြစ်စဉ်သည် ခါးအောက်ပိုင်းနေရာများတွင်ဖြစ်လေ့ရှိပြီး ခါးဆစ်ချော်ခြင်း ဆိုးရွားပြင်းထန်ပါက ခါးရိုးရှိအာရုံကြောများနှင့် ပင်မအာရုံကြောမကြီးကိုပါဖိမိကာ ရောဂါလက္ခဏာများ ပိုဆိုးတတ်ပါသည်။   ခါးဆစ်ချောခြင်း အမျိုးအစားများ ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။ ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။ ခါးအဆစ်အလယ်နေရာ ချော်ခြင်း ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။ မွေးရာပါ ခါးဆစ်ချော်ခြင်း ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အရိုးများဖြစ်တည်မှု […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်း၏ ရောဂါလက္ခဏာများ

ခါးဆစ်ချော်သော ဝေဒနာရှိသူအများစုသည် ရောဂါလက္ခဏာပြလေ့မရှိခြင်း၊ ရောဂါလက္ခဏာများ အမြဲရှိမနေခြင်းတို့ကြောင့် သူတို့ကိုယ်သူတို့ ရောဂါရှိမှန်း သတိပြုမိခဲပါသည်။ သို့သော် ရောဂါလက္ခဏာများပြင်းထန်လာသောအခါ ခံစားရသော ဝေဒနာများသည် လူတယောက်နှင့် တယောက်မတူညီပါ။   ခါးဆစ်ချော်ခြင်း အမျိုးအစားများ ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။ ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။ ခါးအဆစ်အလယ်နေရာ ချော်ခြင်း ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။ မွေးရာပါ ခါးဆစ်ချော်ခြင်း ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

ခါးဆစ်ချော်ခြင်းဝေဒနာရှိသူအများစုသည် လှုပ်ရှားမှုများပြုလုပ်ချိန်တွင် ခါးအောက်ပိုင်းနေရာတခုတွင် နာကျင်ခြင်းဖြစ်တတ်ပြီး အထူးသဖြင့် ခါးဆန့်လိုက်သော အခါတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့နာကျင်လာပါက တင်ပါးဆုံနှင့် ပေါင်များအထိပါ နာကျင်တတ်သည်။ ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှုကုထုံးများ ခံယူခြင်းဖြစ်ပါသည်။ တနည်အားဖြင့် Williams flexion exercises ဟုခေါ်သော ကိုယ်လက်လေ့ကျင့်မှုကုထုံးများသည် ခါးအရိုးဆစ်တလျှောက်ကြွက်သားများကို သန်မာစေပြီး ခါးရိုးပင်မကျောရိုးကို နေရာတကျပြန်ဖြစ်စေကာ သင့်နာကျင်မှုများကို သက်သာစေသော လေ့ကျင့်ခန်းများဖြစ်ပါသည်။ အောက်ပါတို့သည် ခါးဆစ်ချော် ဝေဒနာရှိသူများအတွက် ထောက်ခံမှု မြင့်မားစွာရရှိထားသော Williams flexion exercises လေ့ကျင့်ခန်းများဖြစ်ပါသည်။ ခါးအောက်ပိုင်း အရိုးကွင်းလေ့ကျင့်ခန်း ခါးအောက်ပိုင်းတွင် အကောက်အကွေးများလွန်းသော အနေအထားများကြောင့် ခါးအောက်ပိုင်းနေရာတွင် နာကျင်လာခြင်းဖြစ်ကြောင်း Williams ကဆိုပါသည်။ ခါးအောက်ပိုင်း အရိုးကွင်လေ့ကျင့်ခန်းသည် အဆိုပါအနေအထားကို တန်ပြန်သက်ရောက်မှုဖြစ်စေကာ သင့်ခါးအောက်ပိုင်းကို ညှင်သာစွာဆန့်ထုတ်ပေးခြင်း နည်းဖြင့်ခါး၏ အကွေးအဆန့်ပြုလုပ်နိုင်မှု စွမ်းရည်ကို သက်သာစေပါသည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်