အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Kinesio တိပ်တွေက ခါးနာခြင်းကို ဘယ်လိုကူညီပေးနိုင်သလဲ

Kinesio တိပ်ရဲ့ ကောင်းကျိုးတွေ Kinesio တိပ်ဆိုတာဟာ ချည်နဲ့အထူးပြုလုပ်ထားတဲ့ တိပ်တမျိုး ဖြစ်ပါတယ်။Kinesio ဟာ အလွယ်တကူ ကျုံ့ဆန့်နိုင်တာကြောင့် သင့်အရေပြားပေါ်မှာ အဆင်ပြေလွယ်ကူစွာ ကပ်နိုင်မှာပဲ ဖြစ်ပါတယ်။Kinesio တိပ်ဟာ နာကျင်ရောင်ရမ်းခြင်းနဲ့ ကြွက်သားတောင့်တင်းခြင်းတွေကို လျော့ပါးသက်သာစေနိုင်ပြီး ထိခိုက်ဒါဏ်ရာတွေကိုလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေတဲ့အပြင် လှုပ်ရှားသွားလာမှုတွေကိုလည်း ပိုမို အဆင်ပြေစေပါတယ်။ Kinesio တိပ်ကို အသုံးပြုခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး သင့်လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရောင်အသွေးစုံလင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Kinesio တိပ်လေးတွေဟာ ဒါဏ်ရာကနေ ပြန်လည်ရုန်းထဖို့ သင့်ကို စိတ်ခွန်အားဖြစ်စေပါလိမ့်မယ်။ Kinesio တိပ်ဟာ သင့်အရေပြားကို ပင့်,မ ပေးနိုင်တာမို့ အရေပြားနဲ့ ကြွက်သားအကြားမှာ နေရာလွတ်လေးတွေကို ဖြစ်လာစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။   Kinesio တိပ်နဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနဲ့ တင်ပါးတဝိုက်နာကျင်ခြင်းတွေအတွက် kinesiology တိပ်

ခါးနဲ့ တင်ပါးတဝိုက်နာကျင်ခြင်းတွေဟာ အဖြစ်များပြီး သင့်အနေနဲ့ ဒီဝေဒနာတွေကို အောက်ထစ်တခါတော့ ခံစားဖူးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊အပ်စိုက်ခြင်း အစရှိတဲ့ ကုသမှုနည်းလမ်းဟောင်းတွေကို သင့်အနေနဲ့ သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို kinesiology တိပ်တွေက ကုသပေးနိုင်မယ်လို့ သင်ထင်ပါသလား။ အဖြေကို ဒီဆောင်းပါးမှာ ရှာကြည့်လိုက်ရအောင်။   ခါးနဲ့တင်ပါးတဝိုက်နာကျင်ခြင်း ဒီနာကျင်မှုတွေဟာ sciatic အာရုံကြောကြောင့် ဖြစ်လာရပါတယ်။sciatic အာရုံကြောဟာ ကျွန်တော်တို့ခန္ဓါကိုယ်မှာ အကြီးမားဆုံးနဲ့ အရှည်လျားဆုံး အာရုံကြောတွေ ဖြစ်ပါတယ်။ ဒီအာရုံကြောဟာ ခါးရိုးခွေအတွင်းမှာ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး ခြေထောက်တလျှောက် အောက်ကိုဆင်းသွားကာ ခြေဖဝါးမှာ အဆုံးသတ်ပါတယ်။sciatic အာရုံကြောကြောင့် ခါး၊တင်ပါးနဲ့ ခြေထောက်တို့ နာကျင်လာမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ထုံကျဉ်တဲ့ဝေဒနာကို ခံစားရမှာဖြစ်သလို ခြေထောက်များ လေးလံအားနည်းခြင်း၊လှုပ်ရှားရခက်ခဲခြင်း စတာတွေကိုပါ ခံစားရမှာပါ။ ထိုင်နေတဲ့အချိန်မှာ နာကျင်မှုက ပိုဆိုးလာမှာ ဖြစ်သလို မတ်တပ်ရပ်ဖို့ ဒါမှမဟုတ် လမ်းလျှောက်ဖို့လည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ထိခိုက်ဒါဏ်ရာတွေကို ကာကွယ်ဖို့ Kinesio တိပ်တွေကို ဘယ်လိုသုံးမလဲ

နာကျင်မှုတွေကို သက်သာစေဖို့နဲ့ ကြွက်သားအားနည်းမှုတွေကို ပြေလျော့စေဖို့အတွက် Kinesio တိပ်တွေကို အဓိကအသုံးပြုလေ့ရှိပေမယ့် ကာကွယ်တဲ့အနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။ Kinesio တိပ်တွေကို အသုံးပြုပြီး ထိခိုက်ဒါဏ်ရာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ သိရှိစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   kinesio တိပ်တွေရဲ့ အကျိုးသက်ရောက်မှု kinesio တိပ်တွေဟာ ခန္ဓါကိုယ်ရဲ့ လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ကူညီပေးခြင်းအားဖြင့် ထိခိုက်ဒါဏ်ရာတွေ ပြန်လည်ကောင်းမွန်လာအောင် အားပေးပါတယ်။ အရေပြားကို ဆွဲဆန့်ပေးတဲ့ တိပ်တွေ ကပ်ထားတဲ့အခါ သင့်အရေပြားဟာ ပြန်လည်တုံ့ပြန်မှာဖြစ်ပြီး ဒီလိုတုံ့ပြန်ခြင်းကြောင့် သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ကပ်ထားတဲ့နေရာမှာရှိတဲ့ နာကျင်မှုအာရုံခံပစ္စည်းလေးတွေကို ဖိနှိပ်ပေးထားတာကြောင့် နာကျင်မှုဝေဒနာကို သက်သာစေပါလိမ့်မယ်။ ဒီလိုဆိုရင် သင့်ကြွက်သားတွေအနေနဲ့ လုံလောက်တဲ့ သွေးပမာဏကို ရရှိမှာ ဖြစ်ပါတယ်။kinesio တိပ်တွေဟာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ပျော့ပြောင်းမှုရှိစေပြီး လှုပ်ရှားရလွယ်ကူစေပါတယ်။ kinesio တိပ်တွေဟာ သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် ကြွက်သားများ အကြောဆွဲခြင်းကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ

ဇက်ကြောတက်ခြင်းဆိုတာ အဖြစ်များပါတယ်။ တော်တော်လေးလည်း စိတ်မသက်မသာ ဖြစ်စေပါတယ်။ ခေါင်းကနေစပြီး ပခုံးတစ်လျောက်ထိကို နာနေတာပါ။ ထိုပြဿနာရဲ့ ရောဂါရင်းမြစ်ကို သင်သိချင်နေမှာပါပေါ့။ ဒါပေါ့ ယခုဖော်ပြမယ့် ဆောင်းပါးလေးကို ဖတ်ရှုလိုက်ရင် သင်သိရမှာပါ။ ကဲ .... ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ ဆိုတော့ ဇက်ကြောလွဲခြင်းနှင့် ဇက်ကိုအသုံးများခြင်း ထိုကိစ္စတွေကတော့ ဇက်ကြောတက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကုသစရာ မလိုဘဲ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အထက်ပါကိစ္စတွေကို အောက်ပါတို့က အများဆုံးဖြစ်စေပါတယ်။ အိပ်စက်ပုံ ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း အိပ်ရာနိုးတဲ့ အချိန်မှာ ဇက်တောင့်ပြီး နာကျင်နေတာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ တစ်ညလုံး ကိုယ်နေကိုယ်ထားမမှန်ကန်ပဲ အိပ်လိုက်လို့ပဲ ဖြစ်ပါတယ်။ သင့်တော်မယ့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဆိုးရွားတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၅ ခုကို ရှာဖွေတွေ့ရှိခြင်း

ဒူးနာခြင်းဟာသင့်ကိုသက်တောင့်သက်သာမရှိစေတဲ့အပြင် သွားလာရာမှာလည်းခက်ခဲစေပါတယ်။ ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ ကုသမှုတွေရှိပေမယ့် နာကျင်မျှကိုတော့ အချိန်အကြာကြီးခံစားနေရပါလိမ့်မယ်။ ဒီလိုအခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ဆိုးဝါးလှတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကို ရှာဖွေကြည့်ကြရအောင်...။     ထိခိုက်ဒဏ်ရာများ ။ - အရွတ်လုံးနှင့် အရွတ်များဆုတ်ပြဲခြင်း။ ဆိုးဝါးတဲ့ဒူးနာခြင်းဟာ ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်နိုင်ပါတယ် ။ ဘောလုံး၊တင်းနစ် သို့ အလုပ်မှဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုများမှ ဒဏ်ရာများသည် အရွတ်လုံးများနှင့် အရွတ်များကိုဆုတ်ပြဲစေပါတယ်။ အရွတ်များဟာ အရိုးများနှင့် အဆစ်များကိုတွယ်ထားပေးပြီး အရွတ်လုံးကတော့ အရိုးများနှင့် ကြွက်သားများကိုတွယ်ထားပေးပါတယ်။ အကယ်၍ ဒူးနေရာမှာရှိတဲ့အရွတ်လုံးများနှင့် အရွတ်များဆုတ်ပြဲသွားလျှင်တော့သင်အနားယူနေတဲ့အချိန်မှာတောင်မှ နာကျင်နေမှာဖြစ်ပါတယ်။ ဒူးကို အလေးများဖြင့်ဝန်ပိစေလျှင်တော့ နာကျင်ခြင်းဟာ ပိုဆိုးလာပါလိမ့်မယ်။ ရောင်ရမ်းခြင်း ၊ ပူနွေးခြင်း၊ အညိုအမဲစွြဲခ်းများလည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ သင့်ရဲ့ဒူးဟာ ထိန်းချုပ်လို့မရဘူးလို့ခံစားရနိုင်ပြီး ဒူးဟာ မငြိမ်မသက်ဖြစ်နေပါလိမ့်မယ်။ - သွေးထွက်ခြင်း။ ထိခိုက်ဒဏ်ရာများဟာ အရိုးများနှင့် အဆစ်ကဲ့သို့ဒူးနေရာရှိ အခြားအရာများကို ထိခိုက်ပျက်စီးစေပြီး အရိုးများကျိုးစေကာ အဆစ်များမှသွေးများထွက်စေပါတယ် ။ သင်ဟာ ဒူးနေရာမှာ ပူနွေးခြင်း၊ တောင့်တင်းနေခြင်း ၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လူကြီးများတွင်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း

ကျောရိုးအဆစ်လွဲခြင်းအကြောင်း သင်ကြားဖူးလား။ ကျောရိုးအဆစ်လွဲခြင်းက သင့်ကျောရိုးမှာဖြစ်နိုင်တယ်ဆိုတာရော သိလား။ သင်အသက်ကြီးလာတဲ့အခါ ကျောရိုးအဆစ်လွဲနိုင်တယ် ဆိုတာရော သိလား။ ဒီအချက်တွေကို လိုက်နာပြီး သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို ရှာဖွေလိုက်ပါ။   ကျောရိုးအဆစ်လွဲတာက ကျောရိုးရဲ့အောက်ပိုင်းမှာ ဘာလို့ဖြစ်ပေါ်သလဲ။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးအကြားရှိအဆစ်ပြားတွေ ပျက်စီးတာ(ကျီးပေါင်းရောဂါ)ကို ပြန်တည်ဆောက်တဲ့အချိန်မှာ ဖြစ်စေနိုင်ပါတယ်။ အရိုးကျီးပေါင်းဖြစ်သောအခါ အရိုးတွေက အနည်းငယ်ကျိုးနိုင်ပါတယ်။ တချို့သောအခြေနေတွေမှာ အရိုးကျိုးတာက ကျောရိုးကို အားနည်းစေပါတယ်။ ကျောရိုးက သူ့ရဲ့ပုံစံကို ထိန်းထားဖို့ ခက်ပါလိမ့်မယ်။ ဒီအခါ ကျောရိုးဆစ်လေးတွေက သူတို့ရဲ့နေရာကနေ ချော်ထွက်သွားနိုင်ပြီး ကျောရိုးအဆစ်လွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ယိုယွင်းပျက်စီးခြင်းဆိုတာ အသက်ကြီးခြင်းရဲ့ သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ သင့်ကျောရိုးဆစ်၊ အရိုးများ၊ တွယ်ဆက်တစ်ရှူးများ နဲ့ အဆစ်တွေက ယိုယွင်းပျက်စီးတတ်ပါတယ်။ သူတို့ဟာ သင့်ကျောရိုးကို ပုံမှန်အနေအထားနဲ့ မထိန်းထားနိုင်ပါဘူး။ ကျောရိုးတစ်ခုက သူ့အောက်ရှိကျောရိုးပေါ်ကို ပိကျနိုင်ပါတယ်။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးတစ်လျှောက်လုံး ဖြစ်နိုင်သော်လည်း ခါးဆစ်ရိုးတွင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အချက်များ

ခါးဆစ်ချော်ခြင်းဆိုသည်မှာ ခါးရိုးတလျှောက်တွင်ရှိသော အဆစ်များသည် အရှေ့ဘက်သို့ကျွံထွက်သွားခြင်းကို ဆိုလိုပါသည်။ ယင်းဖြစ်စဉ်သည် ခါးအောက်ပိုင်းနေရာများတွင်ဖြစ်လေ့ရှိပြီး ခါးဆစ်ချော်ခြင်း ဆိုးရွားပြင်းထန်ပါက ခါးရိုးရှိအာရုံကြောများနှင့် ပင်မအာရုံကြောမကြီးကိုပါဖိမိကာ ရောဂါလက္ခဏာများ ပိုဆိုးတတ်ပါသည်။   ခါးဆစ်ချောခြင်း အမျိုးအစားများ ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။ ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။ ခါးအဆစ်အလယ်နေရာ ချော်ခြင်း ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။ မွေးရာပါ ခါးဆစ်ချော်ခြင်း ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အရိုးများဖြစ်တည်မှု […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်း၏ ရောဂါလက္ခဏာများ

ခါးဆစ်ချော်သော ဝေဒနာရှိသူအများစုသည် ရောဂါလက္ခဏာပြလေ့မရှိခြင်း၊ ရောဂါလက္ခဏာများ အမြဲရှိမနေခြင်းတို့ကြောင့် သူတို့ကိုယ်သူတို့ ရောဂါရှိမှန်း သတိပြုမိခဲပါသည်။ သို့သော် ရောဂါလက္ခဏာများပြင်းထန်လာသောအခါ ခံစားရသော ဝေဒနာများသည် လူတယောက်နှင့် တယောက်မတူညီပါ။   ခါးဆစ်ချော်ခြင်း အမျိုးအစားများ ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။ ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။ ခါးအဆစ်အလယ်နေရာ ချော်ခြင်း ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။ မွေးရာပါ ခါးဆစ်ချော်ခြင်း ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

ခါးဆစ်ချော်ခြင်းဝေဒနာရှိသူအများစုသည် လှုပ်ရှားမှုများပြုလုပ်ချိန်တွင် ခါးအောက်ပိုင်းနေရာတခုတွင် နာကျင်ခြင်းဖြစ်တတ်ပြီး အထူးသဖြင့် ခါးဆန့်လိုက်သော အခါတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့နာကျင်လာပါက တင်ပါးဆုံနှင့် ပေါင်များအထိပါ နာကျင်တတ်သည်။ ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှုကုထုံးများ ခံယူခြင်းဖြစ်ပါသည်။ တနည်အားဖြင့် Williams flexion exercises ဟုခေါ်သော ကိုယ်လက်လေ့ကျင့်မှုကုထုံးများသည် ခါးအရိုးဆစ်တလျှောက်ကြွက်သားများကို သန်မာစေပြီး ခါးရိုးပင်မကျောရိုးကို နေရာတကျပြန်ဖြစ်စေကာ သင့်နာကျင်မှုများကို သက်သာစေသော လေ့ကျင့်ခန်းများဖြစ်ပါသည်။ အောက်ပါတို့သည် ခါးဆစ်ချော် ဝေဒနာရှိသူများအတွက် ထောက်ခံမှု မြင့်မားစွာရရှိထားသော Williams flexion exercises လေ့ကျင့်ခန်းများဖြစ်ပါသည်။ ခါးအောက်ပိုင်း အရိုးကွင်းလေ့ကျင့်ခန်း ခါးအောက်ပိုင်းတွင် အကောက်အကွေးများလွန်းသော အနေအထားများကြောင့် ခါးအောက်ပိုင်းနေရာတွင် နာကျင်လာခြင်းဖြစ်ကြောင်း Williams ကဆိုပါသည်။ ခါးအောက်ပိုင်း အရိုးကွင်လေ့ကျင့်ခန်းသည် အဆိုပါအနေအထားကို တန်ပြန်သက်ရောက်မှုဖြစ်စေကာ သင့်ခါးအောက်ပိုင်းကို ညှင်သာစွာဆန့်ထုတ်ပေးခြင်း နည်းဖြင့်ခါး၏ အကွေးအဆန့်ပြုလုပ်နိုင်မှု စွမ်းရည်ကို သက်သာစေပါသည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများကို ဆိုလိုပြီး ယင်းတို့ရောင်ရမ်းခြင်းဖြစ်လျှင် အများဆုံးခံစားရသော ဝေဒနာမှာ ခြေဖနောင့်နာခြင်း ဖြစ်ပါသည်။ ယင်းသို့ရောင်ရမ်းမှုဖြစ်စဉ်များသည် သက်လတ်ပိုင်းများတွင် အများဆုံးဖြစ်တတ်သော်လည်း ခြေထောက်ကို အများဆုံးအသုံးပြုရသော စစ်သားများနှင့် အားကစားသမားသည် သက်ငယ်ပိုင်းတွင်လည်း ခံစားရနိုင်ပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ   ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း ခြေတဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပါသည်။ အဓိကအားဖြင့် ခြေဖနောင့်နေရာမှ နာကျင်ခြင်း စတင်တတ်ပါသည်။ နာကျင်ခြင်းသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ နာကျင်မှုသည် မနက်စောစောနိုးချိန် လမ်းစလျှောက်ချိန်နှင့် ခြေထောက်ပေါ်တွင် မည်သည်ကိုမှ အားမပြုထားဘဲ အချိန်ကြာမြင့်စွာအနားယူပြီး လမ်းစလျှောက်ချိန်များတွင် အဆိုဆုံးဖြစ်ကြောင်းတွေ့ရသည်။ ထိုသို့ဖြစ်လာလျှင် ညင်သာသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို တဖြေးဖြေးသက်သာစေမည်ဖြစ်ပြီး ကြာရှည်စွာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများ အချိန်များစွာပြုလုပ်နေပါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း