backup og meta

ဆိုးရွားတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၅ ခုကို ရှာဖွေတွေ့ရှိခြင်း


Phyo Wai Yan မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုးရွားတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၅ ခုကို ရှာဖွေတွေ့ရှိခြင်း

    ဒူးနာခြင်းဟာသင့်ကိုသက်တောင့်သက်သာမရှိစေတဲ့အပြင် သွားလာရာမှာလည်းခက်ခဲစေပါတယ်။ ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ ကုသမှုတွေရှိပေမယ့် နာကျင်မျှကိုတော့ အချိန်အကြာကြီးခံစားနေရပါလိမ့်မယ်။

    ဒီလိုအခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ဆိုးဝါးလှတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကို ရှာဖွေကြည့်ကြရအောင်…။

    ထိခိုက်ဒဏ်ရာများ ။

    – အရွတ်လုံးနှင့် အရွတ်များဆုတ်ပြဲခြင်း။

    ဆိုးဝါးတဲ့ဒူးနာခြင်းဟာ ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်နိုင်ပါတယ် ။ ဘောလုံး၊တင်းနစ် သို့ အလုပ်မှဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုများမှ ဒဏ်ရာများသည် အရွတ်လုံးများနှင့် အရွတ်များကိုဆုတ်ပြဲစေပါတယ်။ အရွတ်များဟာ အရိုးများနှင့် အဆစ်များကိုတွယ်ထားပေးပြီး အရွတ်လုံးကတော့ အရိုးများနှင့် ကြွက်သားများကိုတွယ်ထားပေးပါတယ်။

    အကယ်၍ ဒူးနေရာမှာရှိတဲ့အရွတ်လုံးများနှင့် အရွတ်များဆုတ်ပြဲသွားလျှင်တော့သင်အနားယူနေတဲ့အချိန်မှာတောင်မှ နာကျင်နေမှာဖြစ်ပါတယ်။ ဒူးကို အလေးများဖြင့်ဝန်ပိစေလျှင်တော့ နာကျင်ခြင်းဟာ ပိုဆိုးလာပါလိမ့်မယ်။

    ရောင်ရမ်းခြင်း ၊ ပူနွေးခြင်း၊ အညိုအမဲစွြဲခ်းများလည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ သင့်ရဲ့ဒူးဟာ ထိန်းချုပ်လို့မရဘူးလို့ခံစားရနိုင်ပြီး ဒူးဟာ မငြိမ်မသက်ဖြစ်နေပါလိမ့်မယ်။

    သွေးထွက်ခြင်း။

    ထိခိုက်ဒဏ်ရာများဟာ အရိုးများနှင့် အဆစ်ကဲ့သို့ဒူးနေရာရှိ အခြားအရာများကို ထိခိုက်ပျက်စီးစေပြီး အရိုးများကျိုးစေကာ အဆစ်များမှသွေးများထွက်စေပါတယ် ။ သင်ဟာ ဒူးနေရာမှာ ပူနွေးခြင်း၊ တောင့်တင်းနေခြင်း ၊ ရောင်ခြင်း နှင့်အညိုအမဲစွဲခြင်းတို့ကိုခံစားရပါလိမ့်မယ်။ အကယ်၍သင့်ရဲ့ဒူးဟာပိုဆိုးလာပြီး ပိုရောက်လာလျှင်တော့ဆေးရုံကိုသွားသင့်ပါတယ်။

    အရိုးများကျိုးခြင်း။

    သင့်ရဲ့ဂုတ်ညင်းရိုး သို့ ဒူးမှာရှိတဲ့အခြားအရိုးများကျိုးတဲ့အခါ ဒူးနေရာမှာပြင်းပြင်းထန်ထန်နာကျင်ခြင်းခံစားရပါလိမ့်မယ်။

    – အဆစ်ရောင်ခြင်း။

    အဆစ်ရောင်ခြင်းတွင်သွေးလေးဘက်နာကြောင့် အဆစ်ရောင်ခြင်း၊ အရိုးများကြောင့် အဆစ်ရောင်ခြင်း၊ ပဋိပစ္စည်းများကြောင့် အဆစ်ရောင်ခြင်း နှင့် ဂေါက်ရောဂါကြောင့် အဆစ်ရောင်ခြင်းတို့ပါဝင်ပါတယ် ။

    သွေးလေးဘက်နာကြောင့် အဆစ်ရောင်ခြင်း ။

    သွေးလေးဘက်နာကြောင့် အဆစ်ရောင်ခြင်းဟာ အဆစ်နဲ့ဒူးမှာရှိတဲ့အခြားတစ်ရှူးများကိုပါရောင်ရမ်းစေပါတယ်။ ထိုရောဂါဟာ မိမိရဲ့ကိုယ်ခံအားစနစ်ဟာ တစ်ရှူးများမည်သည့်ပြဿနာမှမဖြစ်ပါပဲ မိမိတစ်ရှူးများကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

    သင်ဟာအဆစ်နေရာတွင် နာကျင်ခြင်း ၊တောင့်တင်းခြင်း၊ပူနွေးခြင်းနှင့် ရောင်ခြင်းတို့ကို ခံစားရပါလိမ့်မယ်။ ထိုရောဂါဟာ သင့်ရဲ့လှုပ်ရှားမှုများကို ကန့်သတ်ထိန်းချုပ်ထားပါလိမ့်မယ်။ တစ်ခါတစ်ရံမှာရင်ဘတ်အောင့်ခြင်းမျိုးလည်း ခံစားရနိုင်ပါတယ်။

    အရိုးများကြောင့် အဆစ်ရောင်ခြင်း ။

    ဒါကတော့ အဖြစ်အများဆုံးအဆစ်ရောဂါတစ်ခုပဲဖြစ်ပါတယ်။ အရိုးနုဆိုသည်မှာကော်လဂျင်များနှင့် ဖွဲ့စည်းထားပါတယ်။ ထိုအရာဟာ ဒူးမှာရှိတဲ့အရိုးများကြားတွင်ရှိပြီး ထိခိုက်မှုများကို ကာကွယ်ပေးထားပါတယ်။ အချိန်ကြာလာနှင့်အမျှ အရိုးနုများဟာ ပျက်စီးလာပြီး ထိခိုက်မှုများကို နည်းနည်းပဲ ကာကွယ်နိုင်ပါတော့တယ်။

    ထိုအခါ အရိုးအချင်းချင်းပွတ်တိုက်ပြီး အဆစ်နေရာတွင် နာကျင်မှုများ၊ တင်းမာမှုများနှင့် ရောင်ရမ်းမှုများ ဖြစ်လာစေပါတယ် ။ ထိုဖြစ်တဲ့နေရာတွင် အရိုးအတက်လေးလည်းထွက်လာနိုင်ပါတယ် ။ သင်ဟာ ဒူးပတ်လည်မှာရှိတဲ့အရွတ်များနှင့် ကြွက်သားများ တောင့်တင်းပြီး အားနည်းနေတယ်လို့ ခံစားရနိုင်ပါတယ်။

    ပဋိပစ္စည်းများကြောင့် အဆစ်ရောင်ခြင်း

    ဤရောဂါမှာလည်း သွေးလေးဘက်နာကြောင့် အဆစ်ရောင်ခြင်းကဲ့သို့ပင်ဖြစ်ပါတယ်။ ထိုရောဂါဟာ သင့်ရဲ့ကိုယ်ခံအားစနစ်ဟာ ကျန်းမာနေတဲ့တစ်ရှူးများကို တိုက်ခိုက်တဲ့အခါမှာ ဖြစ်ပေါ်လာပါတယ် ။

    ဤရောဂါဟာ ဒူးကိုသာမက အရေပြား ၊ ဦးနှောက် ၊ ကျောက်ကပ်များ သို့ ခန္ဓါကိုယ်တွင်းရှိအခြားအစိတ်အပိုင်းများကိုလည်း ထိခိုက်နိုင်ပါတယ် ။ ဒူးနာခြင်းအပြင် ရင်ဘတ်အောင့်ခြင်း ၊အသက်ရှူရခက်ခဲခြင်းတို့ကိုလည်းတွေ့ရနိုင်ပါတယ်။

    ဖျားခြင်း ၊ မသက်မသာဖြစ်ခြင်း သို့ပါးစပ်ထဲတွင်နာကျင်ခြင်းတို့လည်းဖြစ်ပေါ်လာနိုင်ပါတယ် ။

    ဂေါက်ရောဂါကြောင့် အဆစ်ရောင်ခြင်း။

    ဂေါက်ရောဂါဟာတော့ ဇီဝဖြစ်ပျက်မှု ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ယူရစ်အင်ဆစ်များဟာ သင့်ရဲ့သွေးထဲမှာများလာတဲ့အခါ အဆစ်နေရာတွင်အခဲလေးများဖြစ်ပေါ်လာပြီး အဆစ်ရောင်ရမ်းခြင်းဖြစ်ပေါ်စေပါတယ် ။ ရောင်ရမ်းခြင်းဟာ ဒူးဆစ်နေရာတွင်စတင်ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင်အခြားအဆစ်များပါရောင်ရမ်းလာနိုင်ပါတယ်။

    Baker cyst

    အရည်များဟာ သင့်ဒူးနောက်မှာများပြားလာတဲ့အခါ အရည်အိတ် baker cysțဟူ၍ ဖြစ်ပေါ်လာပါတယ်။ ထိုအရည်အိတ်ဟာ နာကျင်မှုမရှိသော်လည်း သက်တောင့်သက်သာမရှိဖြစ်စေပါတယ်။ အရေအိတ်ပွင့်သွားတဲ့အခါမှာတော့နာကျင်မှုခံစားရနိုင်ပါတယ်။ ရောင်ရမ်းခြင်း ၊အညိုအမဲစွဲခြင်းများလည်း ဖြစ်ပေါလာနိုင်ပါတယ် ။ နာကျင်မှုဖြစ်ပေါလာလျှင်တော့ ဆိုးဝါးနိုင်ပါတယ် ။

    Osgood- Schlatter ရောဂါ ။

    ဒီရောဂါဟာတော့ ကြီးထွားနေစဉ်ဒူးမှာဒဏ်ရာရရှိခြင်းကြောင့်ဖြစ်ပေါ်လာပါတယ်။ နာကျင်ခြင်း ၊ရောင်ရမ်းခြင်းနှင့် ယားယံခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ဘောလုံး၊ဘောလီဘော၊ဘတ်စကတ်ဘောမျ ကစားလျှင် ဤရောဂါဖြစ်နိုင်ချေပိုများပါတယ်။

    ရောဂါပိုးကူးစက်မှုများ ။

    – အရိုးတွင်ရောဂါပိုးကူးစက်ခံရခြင်း။

    အရိုးတွင်ရောဂါပိုးကူးစက်ခံရခြင်းရဲ့အဖြစ်အများဆုံးပုံစံကတော့အရိုးများရောင်ရမ်းခြင်းပဲဖြစ်ပါတယ် ။ အရိုးများရောင်ခြင်းဟာ မှို သို့ဘတ်တီးရီးယားများကြောင့် ဖြစ်ပါတယ်။ ဒူးရှိအရိုးများနှင့် အခြားနေရာများတွင်နာကျင်မှုများခံစားရနိုင်ပါတယ်။ ဖျားခြင်းနှင့်ချမ်းတုန်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။ ထိုနေရာတွင်ရောင်ရမ်းခြင်းနှင့်ပူနွေးနေခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

    – အဆစ်တွင်ရောဂါပိုးကူးစက်ခံရခြင်း။

    ခွဲစိတ်မှူကြောင့်ဖြစ်စေ ၊ဒဏ်ရာများမှဖြစ်စေ ရောဂါပိုးဟာ အဆစ်နေရာထိ ဝင်သွားတဲ့အခါ ရောဂါပိုးကြောင့် အဆစ်ရောင်ခြင်းဖြစ်ပေါ်လာရပါတယ်။ အဆစ်နေရာတွင်နာကျင်မှုပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ် ။

    ရောင်ရမ်းခြင်း ၊ နီမြန်းနေခြင်းနှင့် အဖျားတက်ခြင်းတို့လည်း ဖြစ်ပေါနိုင်ပါတယ်။ဤအရာကတော့ အဆစ်ရောင်ခြင်းတွင် အဖြစ်အများဆုံးတစ်ခုပဲဖြစ်ပါတယ်။

    ပြင်းပြင်းထန်ထန်ဒူးနာခြင်းဟာ အဆစ်ရောင်ခြင်း သို့ ရောဂါပိုးကူးစက်ခံရခြင်းစတဲ့အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဘာကသင့်ကို ဒူးနာစေသလဲဆိုတာသိရှိထားခြင်းဟာ ဒူးကိုကာကွယ်ဖို့နည်းလမ်းများကို ရှာဖွေရာတွင် လွယ်ကူစေပါလိမ့်မယ်။

    Hello heath group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကိုမပြုလုပ်ပေးပါ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement