ကွန်ပျူတာရှေ့ထိုင်ခြင်း၊ ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ကားမောင်းခြင်းတို့က မကောင်းတဲ့ ကိုယ်အနေအထားတွေပါ။ ထိုအရာများကို အချိန်ကာလကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင်တော့ ဇက်ကြောတွေ နာကျင်လာပါလိမ့်မယ်။
- လှုပ်ရှားမှုတစ်ခုတည်းကို ထပ်ခါထပ်ခါ ပြုလုပ်နေရခြင်း
ကခုန်ခြင်းနဲ့ ရေကူးခြင်းလိုမျိုး ထပ်ခါထပ်ခါ ပြုလုပ်နေရတဲ့ လှုပ်ရှားမှုတွေက လည်ပင်းရှိကြွက်သားနဲ့ တစ်ရှုးတွေကို အလုပ်ပိုလုပ်ရစေပါတယ်။
လည်ပင်းရောဂါများ
ပျက်စီးဆုံးရှုံးခြင်းနှင့် ကျွံကျမှုတွေလိုမျိုး လည်ပင်းရိုးရောဂါတွေကြောင့် ဇက်ကြောနာနိုင်ပါတယ်။ ထိုပြဿနာတွေက နာတာရှည်နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- လည်ပင်းရိုးအပြားလေး ပျက်စီးသွားခြင်း
အသက်ကြီးလာတာကြောင့် ကျောရိုးမကြားခံ အပြားလေးတွေဟာ ရေဓါတ်ခန်းခြောက်ပြီး ပွတ်တိုက်မှုတွေကို ကြားခံအဖြစ် အလုပ်လုပ်နိုင်မှု လျော့ကျသွားပါတယ်။ အဲဒီအခါမှာ အရိုးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်လာပါတယ်။ အနီးနားရှိ အာရုံကြောများ လှုံ့ဆော်ခံရခြင်း၊ အရိုးနုပြားပေါက်ပြီးကျွံကျသွားခြင်းနဲ့ အဆစ်ရောင်နာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
- လည်ပင်းကြောရိုးမကြားခံ အရိုးနုပြား ကျွံထွက်ခြင်း
ပြဲစုတ်ခြင်းကြောင့် ယင်းအရိုးနုပြားရဲ့ နူးညံ့တဲ့အပိုင်းက တောင့်တင်းတဲ့ အပြင်ဖက်ပိုင်းကနေ ကျွံထွက်သွားတာကြောင့် အာရုံကြောတို့ကိုဖိနိုင်သလို ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ပရိုတင်းတွေကလည်း အာရုံကြောတွေကို သွားပြီး လှုံဆော်နိုင်ပါတယ်။
လည်ပင်းကြောရိုးမကြီးမှာရှိတဲ့ အရိုးနုပြားက သိပ်ပြီးမကြီးလှပါဘူး ပြီးတော့ အာရုံကြောတွေအတွက် နေရာကလည်း လိုတာထက်ပိုနေပါသေးတယ်။ ဒါကြောင့် အနည်းငယ်လေးကျွံထွက်တာတောင်မှအာရုံကြောတွေကို သွားပြီး ဒုက္ခပေးနိုင်ပါတယ်။
- လည်ပင်းကြောရိုးမအဆစ်များပူးသွားခြင်း
ထိုရောဂါကို လည်ပင်းအရိုးအဆစ်ရောင်နာလို့လည်း ခေါ်ပါတယ်။ အဆစ်တွေကြားမှာရှိတဲ့ အရိုးနုတွေ ပျက်စီးသွားတာပါ။ အဲဒီအခါမှာ အရိုးတွေဟာ တစ်ခုအပေါ်တစ်ခု ပွတ်တိုက်ကြိတ်ချေလာပါတယ်။ ရောင်ရမ်းခြင်းကြောင့် အဆစ်တွေကြီးလာပြီး အာရုံကြောတွေကို ဒုက္ခသွားပေးပါတယ်။
- လည်ပင်းကြောရိုးခေါင်းပေါက်ကျဉ်းခြင်း
ကြောရိုးခေါင်းပေါက်ကျဉ်းသွားတဲ့အခါမှာ Cervical Stenosis ဖြစ်လာပါတယ်။ ကြားခံအရိုးနုပြားကျွံထွက်ခြင်းနဲ့ အရိုးအတက်ထွက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကပဲ ကြောရိုးမအခေါင်းပေါက်ထဲမှာ သွားနေတဲ့ အာရုံးကြောတွေကို ဒုက္ခသွားပေးပါတယ်။ လည်ပင်းမှာ စနာကျင်လာနိုင်ပြီး လက်၊ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေထိပါ ပြန့်နှံ့သွားနိုင်ပါတယ်။
စာရိုက်နေစဉ် ကိုယ်နေကိုယ်ထားမမှန်ကန်ခြင်း၊ အားကစားဒဏ်တွေလိုမျိုး နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အရိုးနုပြားပျက်စီးခြင်းနဲ့ ကျွံထွက်ခြင်းကဲ့သို့ လည်ပင်းရိုးရောဂါများကြောင့် ဇက်ကြောများနာကျင်နိုင်ပါတယ်။ ဆရာဝန်က ရောဂါရင်းမြစ်တွေကို ရှာဖွေပြီး ကုသပေးပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။