သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့

လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့

အရွယ်အစားသေးငယ်ပေမယ့် ခန္ဓါကိုယ်မှာတော်တော်လေးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ လျှာပါ။ လျှာက အရသာခံပေးတယ်၊ စကားပြောလို့ရအောင်လုပ်ပေးတယ်။ အရွယ်အစားကသေးငယ်ပေမယ့် မရှိလို့မဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ့။ ဒီတော့ လျှာလေးကျန်းမာနေအောင်ဂရုစိုက်ဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့အချက်တွေထဲကတစ်ခုပေါ့။ ဒီတော့လျှာကျန်းမာနေအောင် ဘယ်လိုဂရုစိုက်ရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို တူတူဖတ်ကြည့်ရအောင်လား…………..

လူတော်တော်များများမေ့လျော့နေတဲ့ ခံတွင်းအစိတ်အပိုင်းတစ်ခု

လူတော်တော်များများက ခံတွင်းကျန်းမာရေးဂရုစိုက်ပါလို့ပြောလိုက်တိုင်း အရင်ပြေးမြင်မိတာက သွားနဲ့ သွားဖုံးပါ။ လျှာကိုတော့မေ့နေတတ်ကြတာများပါတယ်။ တကယ်တော့ လျှာကျန်းမာရေးကလည်းမေ့ထားလို့မဖြစ်ပါဘူး။ လျှာလေးကျန်းမာနေစေဖို့ အမြဲမပြတ်လုပ်ပေးသင့်တဲ့ အလေ့အထလေးတွေရှိနေပါတယ်။

လျှာကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေက ဘာတွေလဲ………………

လျှာကို တိုက်ပေးပါ

သွားတိုက်တဲ့အခါ အများစုက သွားကြိုသွားကြားတွေကိုသာ သတိထားတိုက်တတ်ကြပြီး လျှာကိုတိုက်ဖို့တော့မေ့နေတတ်ကြပါတယ်။ အမှန်ကတော့ သွားတိုက်တဲ့အခါတိုင်း လျှာကို သွားပွတ်တံလေးနဲ့တိုက်ပေးသင့်ပါတယ်။ ဒါမှလျှာပေါ်မျာ ကပ်ငြိနေတဲ့ အရာတွေ။ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားလေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

အာဟာရမျှတအောင်စားပေးပါ

လျှာကကြွက်သားအစိုင်အခဲလေးတစ်ခုပေါ့။ ဒါကြောင့် အခြားကြွက်သားတွေလိုပဲ ကျန်းမာသန်စွမ်းနေစေဖို့အတွက် အာဟာရကိုလိုအပ်မှာ အသေအချာပါ။ ဒါကြောင့် လျှာကျန်းမာနေစေဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူချင်း (ဂျင်း) ၊ အုန်းသီးတို့ကို စားပေးပါ။ ဒီအစားအစာတွေက လျှာကို မကျန်းမမာဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင်လျှာကျန်းမာရေးအတွက်လိုအပ်တဲ့ သံဓါတ်ြပည့်ဝနေစေဖို့အတွက်လည်း ဟင်းနုနွယ်၊ အနီရောင်အသား၊ ပင်လယ်စာ၊ ကြက်သားတို့ကို စားပေးပါ။

ရေဓါတ်ပြည့်ဝအောင်နေပါ

ရေဓါတ်ြပည့်ဝမှုကလည်း လျှာကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးတာပါ။ရေသောက်နည်းတဲ့အခါ တံထွေးထွက်တာနည်းသွားနိုင်ပါတယ်။ တံထွေးက ခံတွင်းထဲက ဘက်တီးရီးယားတွေကို အဓိကတိုက်ထုတ်ပေးနေတဲ့အရာပေါ့။ ဒါကြောင့် သွားပိုးစားတာနဲ့ လျှာကျန်းမာရေးကောင်းစေဖို့အတွက် တစ်နေ့ကိုရေ ၂ လီတာပုံမှန်သောက်ပေးပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက လျှာကျန်းမာရေးကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါ့အပြင်ကိုဆေးလိပ်သောက်တာကြောင့် ခံတွင်းကင်ဆာလည်းဖြစ်နိုင်ပါတယ်။ဆေးလိပ်သောက်တာက လျှာရဲ့အရသာခံနိုင်စွမ်းကို ကျဆင်းစေနိုင်သလို လျှာကင်ဆာကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လျှာကျန်းမာဖို့ဆိုရင်ဆေးလိပ်ဖြတ်ဖို့လိုပါမယ်။

၆ လတစ်ကြိမ် သွားဆေးခန်းသွားပေးပါ

ပုံမှန်ခံတွင်းကျန်းမာရေးစစ်ဆေးမှုက လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒီလိုပုံမှန်သွားနဲ့ခံတွင်း ကျန်းမာရေးစစ်ဆေးတာက သွားနဲ့သွားဖုံးတွေမှာဖြစ်လာနိုင်တဲ့ရောဂါတွေနဲ့ လျှာကင်ဆာဖြစ်နိုင်ခြေကို ပါသိသိသာသာလျော့ကျစေနိုင်မှာပါ။ ဒါကြောင့် သွားဆေးခန်းကို ၆ လတစ်ကြိမ်ပုံမှန်သွားပေးပါ။

ကဲ………….ဒီအချက်လေးတွေကို လိုက်နာလို့ လျှာကျန်းမာရေးကိုသေချာလေးဂရုစိုက်လိုက်ရအောင်လား။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

5 Steps You Can Take to Improve Your Tongue Healthhttps://paulcaputodds.com/five-steps-improve-tongue-health/ Accessed Date 6 August 2019

5 Things You Should Know to Keep Your Tongue Healthyhttps://www.downtown-dental.com/blog/five-things-know-keep-tongue-healthy/Accessed Date 6 August 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။