နွေပူပူမှာ အသင့်တော်ဆုံး စားစရာတွေက ဖရဲသီး၊ ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ မာလကာသီး၊ လိမ္မော်သီး တို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးတွေပါ။ နေ့လယ်နေ့ခင်း အဆာပြေဖြစ်ဖြစ် ရေငတ်ပြေဖြစ်ဖြစ် သစ်သီးတွေ စားပေးလို့ရပါတယ်။
လတ်ဆတ်တဲ့ အာဟာရတွေ စားသုံးပါ
အစားအသောက်တွေ စားတဲ့အခါ လတ်ဆတ်သန့်ရှင်းမှုကို အဓိက ဂရုစိုက်သင့်ပါတယ်။ အကြောင်းကတော့ လတ်ဆတ်မှုမရှိ၊ သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေက ရောဂါပိုးတွေ ပေါက်ဖွားနေနိုင်တာကြောင့်ပါ။
သစ်သီးဖျော်ရည်
နွေပူပူမှာ ရင်အေးစေပြီး အပူသက်သာစေမယ့် အကောင်းဆုံး သောက်စရာက ရေခဲစိမ်ထားတဲ့ အချိုရည်တွေ၊ ရေခဲမုန့်တွေ၊ ရေခဲချောင်းတွေ၊ ရေခဲထုပ်တေါ မဟုတ်ပါဘူး။ မန်ကျည်းဖျော်ရည်၊ ဥသျှစ်သီးဖျော်ရည်တို့လိုမျိုး သဘာဝ အသီးစစ်စစ်ကို ဖျော်ထားတဲ့ ဖျော်ရည်လေးတွေပါ။ ကြံရည်၊ အုန်းစိမ်းရည်တို့ကိုလည်း သောက်သုံးပေးလို့ ရပါတယ်။
ဒိန်ချဉ်
နွေပူပူမှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ လတ်ဆတ်တဲ့ ဒိန်ချဉ်ကို သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
အခွံမာသီးတွေ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။