backup og meta

အသက်ကြီးသူတွေ အာဟာရပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးသူတွေ အာဟာရပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

    လူငယ်ဘဝမှာ စားကောင်းတာလေး၊ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေဆိုရင် ငယ်တုန်းမို့စားရတာ လို့ပြောပြောပြီး များများစားလိုက်ရမှ။ တကယ်လည်းဟုတ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ဘာစားစား အားပြည့်နေတာပဲ၊ သွားလည်းကောင်းတာကိုး။ အသက်ကြီးလာတဲ့အခါ သွားမကောင်းတာရယ်၊ရောဂါကြောင့် မတည့်တာရှောင်ရတာတွေရယ်၊ အစားစားချင်စိတ်က မတူတော့တာရယ်ကြောင့် သိပ်မစားနိုင်တော့ပါဘူး။

    ငါကတော့ ဟင်းသိပ်မစားနိုင်ဘူး၊ ခံတွင်းတွေ့မယ့်ဟင်းတစ်မျိုးဆိုရပြီလို့ လူကြီးမိဘတွေပြောတတ်ကြတယ်။ အစားနည်းလာတယ်၊ အစာကြေဖို့ သိပ်မလွယ်တော့ဘူးဆိုတော့ တစ်နေ့တာလိုအပ်တဲ့အာဟာရတွေပြည့်နိုင်ပါ့မလား။ ဆီးချိုရှိတဲ့လူကြီးတွေဆို ပိုဆိုးပါတယ်။ စားချင်စိတ်ရှိတာတောင် အချိုဓါတ်မလွန်ကဲစေဖို့ရှောင်ကြရင်း အစားအသောက်ဘက်မှာဘောင်ကျဉ်းလာတဲ့အခါ အားဖြည့်အာဟာရတွေ၊ အားဆေးတွေကို အားကိုးလာရပါတယ်။

    ခန္ဓါကိုယ်မှာရှိသင့်တဲ့ အာဟာရဓါတ်တွေချို့တဲ့လာတဲ့အခါ လူကြီးတွေရဲ့ကျန်းမာရေးမှာ စိုးရိမ်စရာတွေရှိလာနိုင်ပါတယ် –

    • ကိုယ်ခံအားနည်းလာလို့ရောဂါပိုးတွေကူးစက်ခံရလွယ်နိုင်တယ်။
    • အနာဖြစ်ရင်တော်တော်နဲ့ပြန်မကျက်ဘူး။
    • ကြွက်သားတွေအားနည်းလာတယ်၊ အရိုးပွလာနိုင်တယ်။ အဲဒီကနေချော်လဲတာ၊အရိုးကျိုးအက်တာတွေဖြစ်လာနိုင်တယ်။
    • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းလာတယ်။
    • လုံးဝအားမရှိသလို ပင်ပန်းနွမ်းလျခြင်း၊ အားကုန်မောပန်းခြင်း ခံစားရနိုင်တယ်။
    • စိတ်သွားတိုင်းခန္ဓါကိုယ်ကမလှုပ်ရှားနိုင်တော့ စိတ်ဓါတ်ကျလာတယ်။
    • သွေးအားနည်းလာတယ်။
    • မှတ်ဉာဏ်လျော့နည်းလာတယ်။

    ဒါတွေက အာဟာရချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာနဲ့ဖြစ်နိုင်ခြေတွေပါ။ ဒါတွေအပြင် အစားစားဖို့ငြင်းဆန်လာတာ၊ အစာစားချင်စိတ်မရှိတာတွေအထိဖြစ်လာခဲ့ရင် ပိုဆိုးစေနိုင်ပြီး အသက်အန္တရာယ်ကိုပါစိုးရိမ်ရပါတယ်။

    ဒီတော့ ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ ဘယ်လိုစောင့်ရှောက်ပေးကြမလဲ။ အခြေခံကျတဲ့ အကြံပြုချက်တချို့ကိုဖော်ပြလိုက်ပါတယ်။

    အစားအစာတွေမှာ ဒါတွေပါအောင်ပြင်ဆင်ပေးပါ – လူကြီးမိဘတွေစားသုံးမယ့် အစားအသောက်တွေထဲမှာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်မယ့် Omega 3 fatty acid ကိုစားသုံးပေးပါ။ တစ်ပတ်မှာ ၂ ကြိမ်လောက်တော့ Omega 3 fatty acid ပါဝင်တဲ့အစားအသောက်တွေကျွေးမွေးပေးပါ။ ကယ်လ်ဆီယမ်ကိုလည်း မေ့မ ထားပါနဲ့။ အသက် ၅၀ လောက်ရောက်လာပြီဆိုရင် ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့အတွက် တစ်နေ့ကို အနည်းဆုံး ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ်ရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်လူကြိးတွေအတွက်ပြင်ဆင်ပေးမယ့်အစာအစာတေါထဲမှာ Omega 3 fatty acid ကြွယ်ဝတဲ့ နှမ်းကြတ်စေ့ဆီ၊ငါး နဲ့ သစ်ကြားသီးတို့ပါဝင်အောင်ပြင်ဆင်ပေးဖို့လိုသလို လိမ္မော်ဖျော်ရည်၊ နွားနို့၊ ဒိန်ချဉ်၊ အယ်လ်မွန်စေ့၊ ပဲပိစပ်စေ့တို့ကိုကျွေးမွေးပေးလို့ရပါတယ်။

    ဆိုဒီယမ်စားသုံးမှုကို ကန့်သတ်ပါ – အသက်ကြီးလာတဲ့အခါ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့် အစားအသောက်တွေ ပြင်ဆင်ပေးတဲ့အခါ အငန်ဓါတ်လွန်ကဲတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ လုံးဝမထည့်ရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အငန်ဓါတ်များတဲ့ အစားအစာတေါကသွေးတိုးရောဂါဖြစ်စေနိုင်သလို သွေးတိုးရောဂါရှိနေသူတွေမှာလည်း ရောဂါအခြေအနေ ကိုပိုဆိုးစေနိုင်တာကြောင့်ပါ။ လူကြီးတွေကို အသင့်စားအစား အသောက်တွေ၊ အပြင်စာတေါတတ်နိုင်သမျှမကျွေးပါနဲ့။ ငါးပိ၊ငါးခြောက်လိုမျိုး အငန်ဓါတ်ကဲတာတွေကို တတ်နိုင်သမျှရှောင်ပြီး ပြင်ဆင်ပေးပါ။ သစ်သီးလတ်လတ်ဆတ်ဆတ်တွေနဲ့ ဆန်လုံးညိုလိုမျိုး အစားအသောက်တွေကို ကျွေးမွေးပေးလို့ရပါတယ်။

    ရေဓါတ်ပြည့်ဝနေပါစေ – သက်ကြီးရွယ်အိုတွေက ရေခဏခဏဆာလေ့မရှိကြဘူးဆိုပေမယ့် သူတို့ရဲ့ ခန္ဓါကိုယ်ကတော့ ရေဓါတ်ကိုလိုအပ်နေတာပါ။ အသက်ကြီးလာတဲ့အခါ ဆီးခဏခဏမသွားချင်တာကြောင့် ရေသိပ်မသောက်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်ရဲ့မိဘတေါကို ရေဓါတ်ပြည့်ဝအောင်သောက်ရဲ့လားဆိုတာကို သေချာဂရုစိုက်ကြည့်ရှု့ပေးပါ။ တစ်နေ့တာအတွက်လိုအပ်တဲ့ ရေဓါတ်ပြည့်ဝအောင် တိုက်ပေးပါ။

    လေ့ကျင့်ခန်းလုပ်ပေးပါ – ကိုယ်ချစ်ရတဲ့ မိဘဘိုးဘွားတွေကို ကျန်းမာနေစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ခိုင်းပါ။ လူကြီးတွေက လေ့ကျင့်ခန်းလုပ်ရမှာကို ပျင်းတယ်ဆိုရင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက စားချင်စိတ်ကိုတိုးစေနိုင်သလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။

    လူအများနဲ့တွေ့ဆုံဆက်သွယ်နိုင်အောင်လုပ်ဆောင်ပေးပါ – မိဘတွေဘိုးဘွားတွေမှာလည်း သူငယ်ချင်းတွေ ခင်မင်ရင်းနှီးရသူတွေရှိနိုင်ပါတယ်။ ကိုယ်ကလိုက်မပို့ပေးနိုင်ရင်တောင် သူတို့ခင်မင်ရသူတွေကို အိမ်ကိုဖိတ်ပြီး ညစာပြင်ဆင်ပေးတာမျိုးဖြစ်ဖြစ် အတူတူဝိုင်းဖွဲ့စားသောက်နိုင်အောင်လုပ်ပေးပါ။ ညနေခင်းတွေမှာ လမ်းလျှောက်ထွက် ပေးတာမျိုးလုပ်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုရအောင်လုပ်ပေးပါ။ အပြင်ခေါ်သွားပေးတာမျိုးလုပ်ပေးလို့လည်းရပါတယ်။ လူကြီးတွေအနေနဲ့ လမ်းလျှောက်ထွက်ရင်းဖြစ်ဖြစ် အပြင်တစ်နေရာသွားရင်းဖြစ်ဖြစ် ခင်မင်ရင်းနှီးသူတွေနဲ့ တွေ့ဆုံနှုတ်ဆက်ရင်း စိတ်ထဲမှာပျော်ရွှင်တာမျိုးခံစားမိနိုင်ပါတယ်။ စိတ်ပျော်ရွှင်မှုကလည်း ကျန်းမာစေဖို့အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

    လိုအပ်နေတဲ့အာဟာရဓါတ်တွေကိုဖြည့်တင်းပါ– လိုအပ်နေတဲ့အာဟာရဓါတ်တွေကို အစားအစာကနေရရှိမှုမလုံလောက်တဲ့ သက်ကြီးပိုင်းတွေကို အားဆေး သို့မဟုတ်ဖြည့်စွက်အာဟာရတွေနဲ့ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အာဟာရချို့တဲ့တဲ့လက္ခဏာတွေ မရှိခဲ့ရင်တောင် ဆရာဝန်နဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပြီး လိုအပ်တဲ့ဗီတာမင်အားဆေးတွေ မှီဝဲဖို့သင့်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၂၆ မျိုးပါဝင်ပြီး အာဟာရဓါတ်လိုအပ်နေသူတွေ၊ လူကြီးတွေနဲ့ နာလန်ထစ လူနာတွေအတွက် သင့်လျော်တဲ့ Renovit အားဆေးကိုရွေးချယ်နိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement