backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားဖုံးရောင်ခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားဖုံးရောင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gingivitis ဆိုတာဘာလဲ။

Gingivitis ဆိုတာ အဖြစ်များတဲ့ သွားဖုံးရောဂါအပျော့စားတစ်မျိုးပါ။ (periodontal disease) ။ ဒါက သွားဖုံးတွေ နာကျင်ရောင်ယမ်းပြီး နီရဲနေခြင်းတွေဖြစ်စေတတ်ပါတယ်။ gingivitis ဟာ အပျော့စားရောဂါဖြစ်တာကြောင့် သင့်မှာဖြစ်နေရင်တောင် သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါကို အလေးအနက်ထားပြီးလျင်မြန်စွာကုသဖို့အရေးကြီးပါတယ်။ ဒီအခြေအနေကနေပြီး ပိုပြီးပြင်းထန်တဲ့ သွားဖုံးရောဂါတွေ(periodontitis)ဖြစ်ပွားစေနိုင်သလို နောက်ပိုင်းမှာ သွားတွေပါကျွတ်ထွက်သွားနိုင်ပါတယ်။

Gingivitis ဖြစ်ရတဲ့ အဖြစ်များဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းပါ။ ခံတွင်းကျန်းမာရေးအတွက် ကောင်းစေတဲ့အလေ့အထမျိုး ဥပမာ တစ်ရက်သွား၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထိုးခြင်း(ကြိုးကိုသုံးပြီး) နဲ့ ပုံမှန်သွားကျန်းမာရေးစစ်ဆေးခြင်းတွေက ဒီရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လက္ခဏာများ

Gingivitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ကျန်းမာတဲ့သွားဖုံးတွေဟာ ပန်းရောင်ဖျော့လေးဖြစ်တတ်ပြီး တင်းရင်းနေတတ်ပါတယ်။ တကယ်လို့သွားဖုံးက ရောင်နေမယ်၊ အနီရင့်ရောင်ဘက်ကဲနေမယ်၊ အလွယ်တကူသွေးထွက်နိုင်မယ်ဆိုရင် သင့်မှာGingivitis ရှိနေနိုင်ပါတယ်။ ဒီရောဂါဟာ သင့်ကိုဘယ်တော့မှ နာကျင်စေမှာမဟုတ်တာကြောင့် သင်မသိလိုက်ဘဲ gingivitis ဖြစ်နေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

• သွားဖုံးရောင်ခြင်း

• သွားဖုံးတွေ ပျော့ပြီး ဖောင်းနေခြင်း(ရောင်နေခြင်း)

• သွားဖုံးကွာခြင်း

• တစ်ခါတလေမှာ သွားဖုံးနာတတ်ခြင်း

• သွားတိုက်တဲ့ခါ သို့မဟုတ် သွားကြားထိုးတဲ့အခါ အလွယ်တကူသွေးထွက်တတ်ခြင်း (တစ်ခါတလေ သွားတိုက်တံ သို့မဟုတ် သွားကြားထိုးကြိုးပေါ်မှာ အနီရောင်/ ပန်းရောင်များတွေ့ရခြင်း)

• သွားဖုံးကျန်းမာနေတယ်လို့ပြတဲ့ ပန်းရောင်ကနေ အနီရင့်ဘက်ပြောင်းသွားခြင်း

• ခံတွင်းနံ့ဆိုးခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သွားဆရာဝန်အများစုကတော့ gingivitis တွေ သွားပိုးပေါက်တွေနဲ့ အခြားသောသွားအခြေအနေတွေကို လက္ခဏာတွေမပြခင် နဲ့ ပိုပြီးပြင်းထန်တဲ့ ပြဿနာတွေဆီ ဦးမတည်ခင် သိရှိနိုင်ဖို့အတွက် ပုံမှန် သွားစစ်ဆေးဖို့ အကြံပြုကပါတယ်။ တကယ်လု့ိသင်က gingivitis ရဲ့ ရောဂါလက္ခဏာတစ်ခုခုကို သတိပြုခဲ့မိတယ်ဆိုရင် သွားဆရာဝန်ကို သွားပြပါ။ စောစောဂရုစိုက်လေ gingivitis ကြောင့် ပျက်စီးမှုကို လျော့နည်းစေနိုင်လေဖြစ်ပြီး အခြားသွားဖုံးရောဂါဖြစ်နိုင်ခြေတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကုသမှု

ဘာလုပ်သင့်သလဲ။

Gingivitis ကို ကာကွယ်နိုင်ဖို့နဲ့ ပျောက်ကင်းစေဖို့အတွက် အိမ်မှာလုပ်နိုင်တဲ့အဆင့်လိုက်နည်းလမ်းများ

• သွားဆရာဝန်က ညွှန်းထားတဲ့ အချိန်ဇယားအတိုင်း ပုံမှန် ဆေးခန်းသွားပြီး သွားသန့်ရှင်းရေးလုပ်ပါ။

• နူးညံ့တဲ့သွားပွတ်တံကိုသုံးပြီး ၃လ သို့မဟုတ် ၄လကြာတိုင်းအသစ်လဲပါ။

• လျှပ်စစ်သွားတိုက်တံတွေသုံးကြည့်ပါ။ ဒါတွေက သွားချိုးတွေနဲ့ palaque(ဘက်တီးရီးယားတွေရှိတဲ့ အလွှာ)တွေကိုဖယ်ရှားပေးတဲ့နေရာမှာ ပိုပြီးထိရောက်ပါတယ်။

• တစ်ရက်၂ကြိမ်သွားတိုက်ပါ။ ပိုကောင်းတာကတော့ အစာစားပြီးတိုင်း သွားတိုက်ပါ။

• အနည်းဆုံးတစ်ရက်မှာတစ်ကြိမ် သွားကြားထိုးကြိုးနဲ့ သွားကြားထိုးပါ။

• ပိုးသတ်ဆေးပါတဲ့ (antiseptic) ခံတွင်းသန့်စင်ဆေးရည်ကိုသုံးပါ။ (ဆရာဝန်က ညွှန်ကြားခဲ့တယ်ဆိုရင်ပေါ့)

• သွားကြားသန့်စင်ကိရိယာ(Interdental cleaner)ကိုသုံးပါ။ dental pick သို့မဟုတ် dental stick လို သွားတွေကြားကို သန့်စင်ပေးနိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ ကိရိယာမျိုးပေါ့။

ဘယ်လိုကာကွယ်ရမလဲ။

Gingivitis မဖြစ်အောင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးကောင်းကောင်းလုပ်ပေးဖို့ပါပဲ။ အစပြုလိုက်ပြီး တစ်ဘဝလုံးစာသာလုပ်ဆောင်ပါ။ သွားတိုက်ခြင်းနဲ့ သွားကြားထိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ခံတွင်းကို လုံးဝသန့်စင်သွားအောင်လုပ်ဖို့ ၃မိနစ်မှ ၅မိနစ်ခန့်ထိ အချိန်ယူသင့်ပါတယ်။ သွားမတိုက်ခင် သွားကြားထိုးခြင်းက ကျန်နေတဲ့ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်ပါတယ်။

သွားဆရာဝန် သို့မဟုတ် သွားနှင့်ခံတွင်းဆိုင်ရာသန့်ရှင်းရေးလုပ်ပေးသူပညာရှင်တွေဆီကို ၆လ မှ ၁နှစ်အတွင်း စနစ်တကျ ခံတွင်းသန့်ရှင်းရေးလုပ်ဖို့ သွားသင့်ပါတယ်။ gingivitis ဖြစ်ဖို့ အခွင့်အလမ်းများနေတယ်ဆိုရင် professionl ခံတွင်းသန့်ရှင်းရေးကို မကြာခဏပိုလုပ်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement