“When in doubt, wear Red” – ဒွိဟတွေနဲ့ ဝေခွဲမရဖြစ်နေရင် အနီရောင်ကို ဝတ်ပါ။ ဒီ စကားကို အားလုံး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အနီရောင်ဟာ တက်ကြွခြင်း၊ လတ်ဆတ် နုပျိုခြင်း၊ ရဲရင့်ခြင်း စတာတွေရဲ့ ပြယုဂ်ပါ။ အနီရောင်လိုပဲ တခြားအရောင်တွေကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါကို စိတ်ပညာအရ Color Psychology လို့ ရိုးရှင်းစွာ သုံးနှုန်းထားပါတယ်။