သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ
လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။ ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]