backup og meta

ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ

    ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ

    ဗီတာမင်တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လူသားတွေရဲ့ ခန္ဓါကိုယ်အတွက် အရေးတကြီးလိုအပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗီတာမင်တွေဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး သာမန်အအေးမိနှာစေးတာမျိုးတွေကို ကုသပေးနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေပါတယ်။

    ဘယ်လိုဗီတာမင်တွေက ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဖြစ်လာစေဖို့ အားပေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

    ဗီတာမင် D

    ဗီတာမင် D ဟာ ကြွက်သားတွေကို သန်စွမ်းကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ နံပါတ်တစ် ဗီတာမင် ဖြစ်ပါတယ်။

    ဗီတာမင် D ဟာ ခုခံစွမ်းအားကို မြှင့်တင်ပေးဖို့နဲ့ ကြွက်သားတွေ သန်စွမ်းကျန်းမာပြီး အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။

    ဒါ့အပြင် အရိုးတွေ သန်စွမ်းဖို့၊ကြွက်သားတွေ အလုပ်လုပ်နိုင်စွမ်း မြင့်မားဖို့နဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဗီတာမင် D ဟာ မရှိမဖြစ် လိုအပ်ပြန်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပမာဏကတော့ 4000 to 6000 IU ပမာဏ ဖြစ်ပြီး ဒီ ပမာဏကို အစားအသောက်ကတဆင့် ရရှိနိုင်သလို ဖြည့်စွက်အားဆေးတွေကနေလည်း ရရှိနိုင်ပါတယ်။

    vitamin D ကို နေရောင်ခြည်မှတဆင့် အဓိကရရှိပြီး နွားနို့၊ဥအနှစ် ဒါမှမဟုတ် ဂျုံနဲ့ မုယောစပါးတွေဆီကလည်း အနည်းငယ် ရရှိနိုင်ပါသေးတယ်။

    အိုမီဂါ 3

    insulin ဓါတ်ကိုကောင်းစွာမတုံ့ပြန်မှုကြောင့် ဖြစ်လာတဲ့ ကြွက်သားအားနည်းမှုတွေကို အိုမီဂါ 3 က ကာကွယ်ကုသပေးနိုင်ပါတယ်။ အိုမီဂါ 3 ကို ငါးကြီးဆီကနေ ရရှိပြီး ကြွက်သားတွေကို ပိုမိုအားကောင်းသန်စွမ်းစေပါတယ်။

    အိုမီဂါ 3 နဲ့ ငါးကြီးဆီကို ငါးအမျိုးမျိုးကနေ ရရှိနိုင်သလို ဖြည့်စွက်အားဆေးတွေကတဆင့်လည်း ရရှိနိုင်ပါတယ်။

    ဗီတာမင် စီ

    ကြွက်သားတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သွေးကြောတွေက သယ်ဆောင်ပေးနိုင်ပြီး အဆိုပါ သွေးကြောတွေ ကျန်းမာအောင် ဗီတာမင်စီက ထောက်ပံ့ပေးပါတယ်။

    ဒါကြောင့် ဗီတာမင် စီဟာ ကြွက်သားတွေ သန်မာဖို့အတွက် အများကြီး ကူညီပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး၊စတော်ဘယ်ရီသီး၊လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတွေကနေ ဗီတာမင် စီကို ရရှိနိုင်ပါတယ်။

    ဗီတာမင် E

    ဆဲလ်တွေကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဆဲလ်နံရံရဲ့ ကျန်းမာရေးက အထူးအရေးကြီးပါတယ်။ အဆိုပါ ဆဲလ်နံရံတွေ ကျန်းမာစေဖို့အတွက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်တဲ့ ဗီတာမင် Eက ကူညီပေးနိုင်ပါတယ်။

    ကန်စွန်းဥနီ၊ဗာဒံ၊ထောပတ်သီး၊သံလွင်ဆီ၊နေကြာဆီ အစရှိတဲ့ အစားအစာတွေကနေ ဗီတာမင် E ကို ရရှိနိုင်ပါတယ်။

    ဗီတာမင် ဘီ အုပ်စု

    ဗီတာမင်ဘီတွေဟာ ကြွက်သားတွေ သန်မာဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

    B1 : ဟေမိုဂလိုဘင်ဟာ အောက်ဆီဂျင်ဓါတ်ကို ကြွက်သားတစ်ရှူးတွေဆီ သယ်ဆောင်ပေးပြီး အဆိုပါ ဟေမိုဂလိုဘင်ဓါတ်တွေ ဖြစ်ပေါ်လာဖို့အတွက် ဗီတာမင် B1 ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဗီတာမင်B1 ဟာ ကြွက်သားတွေ သန်မာလာအောင် အားပေးကူညီပါတယ်။ မြေပဲ၊ဂျုံ၊ပေါင်မုန့်နဲ့ ဆန် စတာတွေကနေ ဗီတာမင် B1 ကို ရရှိနိုင်ပါတယ်။

    B2 : စွမ်းအင်တွေရရှိဖို့၊ပရိုတင်းဓါတ်နဲ့ ဂလူးကို့စ်တွေကို ချေဖျက်ပြီး စွမ်းအင်ထုတ်ယူဖို့အတွက် B2 လိုအပ်ပါတယ်။ ဒိန်ခဲ၊ဥ နဲ့ နို့တွေကနေ B2 ကို ရရှိနိုင်ပါတယ်။

    B6 : ကာဘိုဟိုက်ဒရိတ်ဓါတ်ကို ချေဖျက်ဖို့၊ကြီးထွားဖွံ့ဖြိုးဖို့ နဲ့ ပရိုတင်းဓါတ်တွေကို ချေဖျက်ပေးနိုင်ဖို့အတွက် သင့်ခန္ဓါကိုယ်အနေနဲ့ B6 ကို လိုအပ်ပါတယ်။ ပဲပိစပ်၊ထောပတ်၊ငါးနဲ့ ဆန်လုံးညိုတို့ကနေ B6 ကို ရနိုင်ပါတယ်။

    B7 : ဗီတာမင် B7ကို biotin လို့လည်းခေါ်ပြီး ပရိုတင်းမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ကို ချေဖျက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ အဓိကနေရာက ပါဝင်ပါတယ်။ မှို၊ဥအနှစ် နဲ့ နွားအသည်းတို့ဟာ ဗီတာမင် B7 ဓါတ် ကြွယ်ဝစွာ ရရှိနိုင်တဲ့ ရင်းမြစ်တွေပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement