backup og meta

နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

    ငါးစားပေးသင့်တဲ့အကြောင်းအရင်းက တော်တော်လေးများပါတယ်။ လူတိုင်းဟာ သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေ ထဲမှာ ငါးကို ပါအောင်စားပေးသင့်ပါတယ်၊ လို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းက အကြံပြုတိုက်တွန်းထားပါတယ်။ နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ !

    နှလုံးသွေးကြောကျဉ်းနေတာလား 

    နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ သွေးကြောနံရံတွေမှာ အဆီတွေစုပုံရာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ ပင်မ သွေးကြောပိတ်ဆို့သွားတဲ့ အနေအထားပေါ့။ နှလုံးသွေးကြောကျဉ်းလာတဲ့အခါ ရောဂါပြင်းထန်မှုအလိုက် အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။

  • ပင်ပန်းတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ရင်ဘတ်ထဲက အောင့်တာ
  • လက်ဖဝါးတွေ ချွေးစေးထွက်ပြီး အေးစက်လာတာ
  • ခေါင်းမူးတာ
  • မအီမသာဖြစ်တာ
  • ရင်ထဲက တလှပ်လှပ်ဖြစ်တာ
  • အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
  • နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ

    • နှလုံးစည်းချက် မမှန်တာ
    • ရုတ်တရက်နှလုံးရပ်တာ
    • နှလုံးညှစ်အားကျတာတွေ ခံစားလာရနိုင်ပါတယ်။

    နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

    Fatty acid ကြွယ်ဝစွာပါဝင်နေတဲ့ ငါးတွေကို တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်အထိစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာရောက်ပါတယ်။ အရွယ်ရောက်ပြီးးသူတစ်ယောက်အနေနဲ့ တစ်ပတ်တာကို ငါး ၃.၅ အောင်စ စားသုံးပေးသင့်ပါတယ်။ အကောင်းဆုံးသောငါးတွေကတော့ ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်၊ဆာဒင်း၊ ထရောက်ငါးတွေပါ။

    ငါးစားတဲ့အခါမှာလည်း ကင်စားတာ၊ပေါင်းစားတာ၊ ချက်စားတာတွေက ကြော်စားတာထက်ပိုသင့်တော်ပါတယ်။ omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ငါးတွေကသွေးကြောကျဉ်းတာ၊ သွေးကြောတွေတောင့်တင်းတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးတာကြောင့် ရုတ်တရက်နှလုံးရပ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ သွေးခဲတွေပိတ်ဆို့တာ၊ သွေးတွင်းအဆီများတာတွေကို သိသိသာသာလျော့ကျစေမှာပါ။

    နှလုံးကျန်းမာရေးအဖွဲ့အစည်းကတော့ တစ်ပတ်တာကို ဆယ်လ်မွန် ၄ အောင်စ ပုံမှန်စားသုံးပေးမှုက omega-3 fatty acids ၂၅၀ မီလီဂရမ်ပမာဏကို စားသုံးတာနဲ့ ညီမျှပါတယ်။ ၂၀၀၂ ခုနျစ်ကလည်း နှလုံးကျန်းမာမှုအတွက် ငါးစားတာက အထောက်အကူဖြစ်စေတယ်လို့လေ့လာတွေ့ရှိခဲ့တာပါ။ ဒီလေ့လာချက်ကို ခိုင်မာစေဖို့ နောက်ထပ် ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာလည်း ငါးစားသုံးမှုက နှလုံးကျန်းမာစေတယ် ဆိုတဲ့ ရလဒ်ကိုပဲတွေ့ရှိခဲ့ပါတယ်။

    သိပ္ပံနည်းကျလေ့လာမှုတွေအရ အသားတွေစားသုံးမှုက ပြည့်ဝဆီပါဝင်မှုများတာကြောင့် သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့တာမျိုးဖြစ်စေနိုင်ပြီး ငါးမှာတော့ အကျိုးပြုအဆီပဲပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောများတာမျိုးမ ရှိသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင်ရရှိစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    လေ့လာမှုတွေအရတော့ တစ်ပတ်ကို တစ်ကြိမ် ငါးစားသုံးမှုက နှလုံးရောဂါခံစားရနိုင်ခြေကို အနည်းငယ်လျော့ကျစေနိုင်ပြီး လေဖြတ်တာ၊ ရုတ်ရက်နှလုံးရပ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကို ထိုက်သင့်သလောက်လျော့ကျ စေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အသားတွေကနေရယူမယ့်အစား ငါးနဲ့ ပင်လယ်စာတွေကနေရယူတာကနှလုံးရောဂါဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပြီး ကျန်းမာစေနိုင်ပါတယ်။

    ငါးနဲ့ပင်လယ်စာကို စားသုံးတဲ့အခါမှာလည်း ကြော်စားတာမျိုး မလုပ်သင့်ပါဘူး။ ငါးကို ကြော်စားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ရာ မရောက်ဘဲ အားပေးရာ ရောက်နေတာကြောင့်ပါ။ ငါးအပါအဝင် ပင်လယ်စာတွေကို ကြော်စားတာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို ပုံမှန်ထက် ၄၈ ရာခိုင်နှုန်း ပိုများစေနိုင်ပါတယ်။

    ငါးစားတဲ့အခါတိုင်းမှာလည်း မာကျူရီများတဲ့ ငါးတွေကို မစားသင့်ပါဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ ကလေးငယ်တွေက မာကျူရီပါတဲ့ ပင်လယ်စာတွေကို မစားသင့်ပါဘူး။ ငါးကို နှလုံးရောဂါ ကာကွယ်ဖို့ စားသုံးလို့ ရသလို နှလုံးရောဂါ ခံစားနေရသူတွေ နှလုံး ကျန်းမာစေဖို့ အတွက်လည်း စားသုံးလို့ ရပါတယ်။

    နှလုံးကျန်းမာချင်တယ် ဆိုရင် တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement