backup og meta

အကိုက်အခဲပျောက်ဆေးဆိုတာ နေ့တိုင်းသောက်လို့ မကောင်းဘူးနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကိုက်အခဲပျောက်ဆေးဆိုတာ နေ့တိုင်းသောက်လို့ မကောင်းဘူးနော်

    အလုပ်အရမ်းများတဲ့သူတွေအတွက် Aspirin ဆိုတဲ့ အကိုက်အခဲပျောက်ဆေးက စိမ်းမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရတာ၊ ဟိုဒီသွားနေရတာ ကြာလာတဲ့အခါ လူက ဇက်ကြောတွေတက်၊ အညောင်းမိသလို ဖြစ်ပြီး ညအိပ်ချိန်ကျ ကိုက်ခဲနေတတ်တယ်မလား။ အဲ့အခါကျ နာကျင်မှုဝေဒနာ သက်သာအောင်ဆိုပြီး အကိုက်အခဲပျောက်ဆေးကို သောက်ပြီးမှ အိပ်တတ်ကြပါတယ်။ တစ်ရက်တလေသောက်တာက ပြဿနာမရှိပေမဲ့ နေ့စဉ်ရက်ဆက် စွဲသောက်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။

    ဘယ်ဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးလဲ။

    အကိုက်အခဲပျောက်ဆေးကို နေ့စဉ်ရက်ဆက် စွဲပြီးသောက်တာဟာ နှလုံးရောဂါရှိဖူးတဲ့သူတွေ၊ နှလုံးအမောဖောက်ဖူးတာ၊ သတိလစ်တတ်တဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြပြီး စွဲသောက်လို့ရပါတယ်။ အသက်ကြီးပိုင်းအရွယ်တွေ၊ ဆေးလိပ်သောက်နေသူတွေ၊ ကိုလက်စထရောကျဆေး သောက်နေရသူတွေ၊ ဆီးချို၊ သွေးတိုးရောဂါအခံရှိသူတွေဆိုရင်လည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးကို စွဲသောက်လို့ အဆင်ပြေပါတယ်။

    ဆရာဝန်နဲ့ အရင်မပြဘဲ အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။

    အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီး ကိုက်ခဲတာ၊ တစ်နေကုန် အလုပ်လုပ်ရလို့ ညောင်းကိုက်တာ၊ အာရုံကြောအားနည်းတာ၊ ဖျားချင်သလိုဖြစ်နေတာ အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကိုက်အခဲပျောက်ဆေးကို ဆရာဝန်နဲ့ အရင်မတိုင်ပင်ဘဲ သောက်တတ်ကြပါတယ်။ ဒီနေရာမှာ သိထားဖို့က အကိုက်အခဲပျောက်ဆေးဆိုတာ လုံးဝသောက်လို့မရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အားဆေးမဟုတ်တဲ့အတွက် ရေရှည်စွဲသောက်မယ်ဆိုရင် ကိုယ်ခန္ဓါအတွက် ဘေးဥပါဒ်ပြန်ပြီး ဖြစ်စေနိုင်ပါတယ်။

    အကိုက်အခဲပျောက်ဆေးကို နေ့တိုင်းသောက်တဲ့သူတွေမှာ ကိုယ်တွင်းအင်္ဂါ သွေးထွက်ခြင်း၊ သွေးယိုစီးမှုဖြစ်ခြင်း အစရှိတဲ့ အန္တရာယ်ကြီးမားတဲ့အခြေအနေအပြင် မကြာခဏ ခေါင်းမူးခေါင်းကိုက်တာ၊ ဆေးကိုစွဲလမ်းသွားပြီး မသောက်ရ မနေနိုင်တာေ

    တွပါ ဖြစ်လာနိုင်ပါတယ်။

    ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    အားဆေးပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာပဲဖြစ်ဖြစ် ကိုယ်က ဆေးဝါးအသစ်တစ်မျိုးက စသောက်တော့မယ်လို့ စဉ်းစားထားရင် အရင်ဆုံး ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ မိဘမျိုးရိုး၊ ကျန်းမာရေးအခြေအနေနဲ့ ဘာကြောင့်သောက်ဖို့ လိုအပ်တာလဲဆိုတဲ့ အကြောင်းရင်းတွေပေါ် မူတည်ပြီး ဆရာဝန်က ဆေးပြောင်းတိုက်တာ၊ ရောဂါရဲ့ ဇစ်မြစ်ကို ရှာဖွေတာတွေ လုပ်ပေးနိုင်ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတစ်ယောက် သာမန်ညောင်းညာကိုက်ခဲတာအတွက်က နေထိုင်မှုပုံစံနဲ့ အစာအာဟာရကို အဓိကပြောင်းလဲပေးနိုင်ရင် လုံလောက်ပါတယ်။ ဥပမာ – အစာအာဟာရ ပြည့်ဝစုံလင်စွာစားပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် ထိုင်ပြီး အလုပ်လုပ်သင့်တဲ့ ပုံစံအနေအထား၊ အိပ်ချိန်မှန်အောင်၊ ပြည့်ဝအောင် အိပ်စက်အနားယူတာတွေကို လုပ်ပေးမယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးမလိုဘဲ ဝေဒနာသက်သာသွားနိုင်ပါတယ်။

    ဆေးဆိုတာ ရောဂါကို ထိန်းချုပ်ကုသပေးနိုင်တယ်ဆိုပေမယ့် စိတ်ထင်တိုင်း သောက်သင့်တဲ့အရာမဟုတ်ဘူးဆိုတာကို ထပ်မံသတိပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement