backup og meta

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့

    ကျန်းမာမှုက ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးက ကောင်းနေစဉ်မှာ သတိမထားမိပေမယ့် ကျန်းမာရေးမကောင်းတဲ့အခါ အဖိုးအခက ကြီးမားသလို စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရတယ်ဆိုတာကို သတိထားမိနိုင်ပါတယ်။ ဒီတော့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရင်ဆုံးက ကျန်းမာဖိုပလိုပါလိမ့်မယ်။ ဒီတော့ ကျန်းမာစေဖို့ အလေ့အထလေးတွေကို မွေးမြူဖို့က မဖြစ်မနေလိုအပ်လာပြီလေ။

    ကျန်းမာတဲ့အလေ့အထဆိုတာက ဘာတွေလဲ……..

    နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ကျန်းမာတဲ့ အလေ့အထတွေရှိသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အလေ့အထတွေလည်းရှိပါတယ်။ ဒီတော့ ကျန်းမာစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအလေ့အထတွေကို မွေး​မြူသင့်လဲဆိုတာကို တူတူကြည့်လိုက်ရအောင်လား။

    တစ်နေ့ကို ၃ နပ်စားဖြစ်အောင်စားပါ – မနက်စာ၊ နေ့လယ်စာ၊ ညနေစာကိုတော့ မဖြစ်မနေစားဖြစ်အောင်စားပါ။ အဆာပြေစားစရာတွေကိုတော့ မစားဘဲနေလို့ရပါတယ်။ ညစာကိုတော့ နည်းနည်း (ဗိုက်ပြည့်တယ်ဆိုရုံလောက်ပဲ) စားပါ။

    ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါနေ့စဉ်စားသုံးမှုက အာဟာရပြည့်ပြီး ကျန်းမာဖို့ အရေးကြီးပါတယ်။ ဒီ​တော့ အစားအစာတွေကို ရွေးချယ်စားသုံးတဲ့အခါ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ကောက်နှံတွေ၊ အဆီနည်းတဲ့အစားအစာတွေ၊ အဆီထုတ် နို့နဲ့နို့ထွက်ပစ္စည်းတွေ ပါဝင်အောင် စားသုံးပေးပါ။

    ပရိုတင်းပါပါစေ – စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်းပါဝင်မှ အရိုးနဲ့ကြွက်သားတွေ အကောင်းဆုံးသန်စွမ်းမှာပါ။ ဒါ​ကြောင့် အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အခွံမာသီးတွေပါဝင်အောင် စားသုံးပါ။

    ပြည့်ဝဆီပါဝင်မှု နည်းပါစေ – အစားအစာတွေရွေးချယ်တဲ့အခါ label ကိုသေချာဖတ်လို့ ပြည့်ဝဆီပါတာတွေကို ရှောင်ပါ။ မဟုတ်ရင်လည်း ပြည့်ဝဆီပါဝင်မှုနည်းတာကို ရွေးချယ်ပါ။

    အချို၊ အငန်နည်းပါစေ – အစားအစာတွေစားသုံးတဲ့အခါအချိုကဲတာ၊ အငန်ကဲတာတွေကိုရှောင်ပေးပါ။ အချိုများတာ၊ အငန်ကဲတာတွေက ကျန်းမာရေးအတွက် ကောင်းကျိုးမရှိသလာက်နည်းလို့ပါ။

    နည်းနည်းပဲစားတဲ့ အကျင့်လုပ်ပါ – အစားစားတဲ့အခါတိုင်း အစာအိမ်ပြည့်ရုံစားပါ။ အလွန်အကျွံမစားပါနဲ့။ အလွန်အကျွံစားသုံးတာက ရောဂါတိုးစေနိုင်တာကြောင့်ပါ။ အဝလွန်တာကနေတဆင့် နောက်ဆက်တွဲရောဂါတွေဖြစ်မလာစေဖို့က အစားကို နည်းနည်းချင်းစားခြင်း စားတတ်တဲ့အကျင့်လုပ်ယူပါ။

    အချိုရည်တွေ လျှော့ပါ – အချိုရည်တွေက သကြားပါဝင်မှုများသလို ကိုယ်အလေးချိန်ကိုတိုးစေနိုင်ပါတယ်။ ရေဆာလို့ အချိုရည်သောက်တာမျိုး အမောပြေအောင်ဆိုပြီး အချိုရည်သောက်တာမျိုးက ကောင်းတဲ့ ရွေးချယ်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ကယ်လ်လိုရီတွေတိုးလာစေမယ့် လမ်းစဖြစ်နေတာကြောင့် အချိုရည်တွေကို ဖြစ်နိုင်ရင် မသောက်တာအကောင်းဆုံးပါ။

    အိပ်ရာဝင်ခါနီး အစားအများကြီး မစားပါနဲ့ – အိပ်ရာဝင်ခါနီးမှာ အစားအများကြီးစားတာက အစာခြေစနစ်ကို ဝန်ပိစေနိုင်သလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာ၊ အစာမကြေတာ နဲ့ အဝလွန်တာတွေကို ဖြစ်စေနိုင်ပါတယ်။

    စိတ်ညစ်နေချိန်မှာ အများကြီးမစားပါနဲ့ – လူတော်တော်များများက စိတ်ညစ်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါမျိုးမှာ အများကြီးစားမိတတ်ကြပါတယ်။ တကယ်တော့ ဒီလိုစားတာက စိတ်ဖိစီးမှုကိုမပြေလျော့စေနိုင်ပါဘူး။ ဒါကြောင့် စိတ်ညစ်တိုင်း အများကြီးမစားဖို့ ပြောပါရစေ။

    အစားအစာတွေကို ကျက်အောင်ချက်ပြုတ်ပါ – အစားအစာတွေကို ကျက်အောင်ချက်ပြုတ်တာက ရောဂါကင်းစေနိုင်ပါတယ်။ ဒါကြောင့် အစား စားတိုင်းကို အပူချိန် ၁၆၅ ဒီဂရီဖရင်ဟိုက်နဲ့ အထက်မှာ ချက်ပြုတ်ဖို့လိုပါမယ်။ ဒီလိုချက်ပြုတ်တာက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီးကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတစ်ရပ်ဖြစ်စေမှာပါ။ အစိမ်းစားမယ့် အသီးအရွက်တွေကိုလည်း ဆားည်လေးနဲ့ သေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။

    အစိမ်းမစားပါနဲ့ – ပုစွန်ကို အစိမ်းသုတ်စားတာ၊ ငါးအသားလွှာစားတာတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် အသားတွေ၊ ငါးတွေကို အစိမ်းစားတာ၊ မကျက်တကျက်စားတာမျိုး မလုပ်ပါနဲ့။

    ရေသောက် မပျင်းပါနဲ့ – ရေကတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်ဖို့လိုပါမယ်။ ရေသောက်ပျင်းတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်စါမ်းနည်းသွားစေနိုင်ပါတယ်။

    လှုပ်ရှားမှုရှိပါ – မဖြစ်မနေထိုင်နေရတာကို မပြောလိုပေမယ့် တစ်ချိန်လုံးထိုင်နေတာကတော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါကြောင့် လမ်းလျှောက်တာလိုမျိုး ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေကိုတော့ လုပ်ပေးဖို့ပြောပါရစေ။

    ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်က ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အကြံပြုပါရစေ။

    အယ်လ်ကိုဟောလျှော့ပါ – အယ်လ်ကိုဟောက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တဲ့ သောက်စရာတစ်ခုပါ။ လုံးဝရှောင်တာက အကောင်းဆုံးပါ။ မရှောင်နိုင်ဘူးဆိုရင်တောင် လျှော့သောက်ပါ။

    အိပ်ရေးဝဝအိပ်ပါ – ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေကြောင့် တန်ဖိုးရှိတဲ့အိပ်စက်ချိန်တွေကို မကုန်ဆုံးပါစေနဲ့။ အလုပ်တွေအရမ်းများမနေဘူးဆိုရင် တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်ပါလို့ အကြံပြုပါရစေ။

    တရားထိုင်ပါ – တရားထိုင်တာက စိတ်​ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ်လောက် တရားထိုင်ဖို့ပြောပါရစေ။

    ကဲ….. ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုဖန်တီးချင်တယ်ဆိုရင်တော့ ဒီအလေ့အကျင့်လေးတွေကို အခုကစပြီး မွေးမြူလိုက်စို့နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement