backup og meta

အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ အကြောင်း

အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ အကြောင်း

နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေ ကောင်းမွန်စေဖို့၊ အသက်အရွယ် အလိုက် ဖြစ်ပေါ်လာရမယ့် ပြောင်းလဲ ဖွံ့ထွားမှုတွေအတွက် အရေးပါတဲ့ အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေ ပါ။
ဟော်မုန်း ဆိုတဲ့နေရာမှာ အမျိုးအစားတွေက အများကြီးပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ထိန်းချုပ် လုပ်ဆောင်ပေးနေတဲ့ ဟော်မုန်းတွေက အစုံစုံပါပဲ။
ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ နဲ့ တစ်ခုစီက ဘယ်လိုတွေ တာဝန်ယူ ဆောင်ရွက်နေလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။

ဟော်မုန်း ဆိုတာ ဘာလဲ…….

ဟော်မုန်း ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်လိုက်တဲ့ chemical messenger တွေပါ။ ဟော်မုန်းတွေကို သွေးတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သယ်ဆောင်သွားပြီး သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

ဖွံ့ဖြိုးကြီးထွားဖို့၊ မျိုးဆက်ပွားနိုင်ဖို့နဲ့ ကျန်းမာပျော်ရွှင်နေစေဖို့ ဟော်မုန်းတွေက လုပ်ဆောင် ပေးပါတယ်။

ဟော်မုန်းတွေ က အရေးကြီးသလား ……

ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲက စနစ် အမျိုးမျိုးကို ထိန်းညှိပေးပါတယ်။ အစာခြေတာ၊ ကြီးထွားဖွံ့ဖြိုးတာ၊ ဇီဝကမ္မဖြစ်စဉ်၊ စိတ်ခံစားမှု၊ လှုပ်ရှားမှုတွေ၊ မျိုးဆက်ပွားတာ၊ အသက်ရှူတာ၊ စိတ်ဖိစီးမှု၊ တစ်ရှူးတွေရဲ့  လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး ဟန်ချက်ညီစေဖို့ ဟော်မုန်းတွေက လုပ်ဆောင်ပေးပါတယ်။

တကယ်လို့ ဟော်မုန်းတွေ မမျှတတာမျိုး ဖြစ်မယ်ဆိုရင် ကျန်းမာပျော်ရွှင်စွာနေနိုင်ဖို့ ခက်သွားမှာပါ။

အမျိုးသား နဲ့ ဟော်မုန်း

အမျိုးသား နဲ့ ဟော်မုန်း

အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသားတွေမှာ ပြောင်းလဲမှုတွေ ကြုံလာရပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ခံစားရတဲ့ ပြောင်းလဲမှုတွေက ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။

အမျိုးသားတွေမှာ ဟော်မုန်း အမျိုးပေါင်း များစွာ ရှိပါတယ်။ ဘာတွေလဲဆိုတော့

  • Androgen (အန်ဒရိုဂျင်)
  • Cortisol (ကော်တီစော)
  • Adrenaline (အဒရီနယ်လင်း)
  • Adrenocorticotropic hormone (ACTH)
  • Aldosterone
  • Angiotensin
  • Anti-Müllerian Hormone (AMH)
  • Calcitonin
  • Testosterone (တက်စတိုစတီရုန်း)
  • Cholecystokinin
  • Dehydroepiandrosterone (DHEA)
  • Dihydrotestosteron
  • Gastrin
  • Ghrelin
  • Glucagon
  • Hypothalamus
  • Oxytocin တို့ပါ။

အမျိုးသားတွေမှာ ဟော်မုန်း မမျှတတဲ့အခါ

အမျိုးသားတွေအနေနဲ့ ဟော်မုန်း မမျှတတဲ့အခါ လက္ခဏာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

အမျိုးသားတွေအနေနဲ့ ဟော်မုန်း မမျှတတဲ့အခါ ပင်ပန်းတာ၊ မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခံစားရတာတွေက ပိုဆိုးလာနိုင်ပါတယ်။

ဟော်မုန်း မညီမျှတာကြောင့် အမျိုးသားတွေမှာ ခံစားရနိုင်တဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

အမျိုးသားတွေမှာ ဟော်မုန်း မမျှတတဲ့အခါ

အသက်အရွယ်က အမျိုးသားတွေကို ဟော်မုန်းမမျှတမှု ​ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ အမျိုးသားတွေရဲ့ ကြီးထွားမှု ဟော်မုန်းက အသက်၂၀ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ကျဆင်းလာပါတယ်။

အသက် ၄၀ ရောက်လာတဲ့အခါ အမျိုးသားတွေရဲ့ ကြီးထွားမှု ဟော်မုန်း ပမာဏက မူလရှိခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်လောက်အထိ ကျဆင်းသွားပါတယ်။ အသက် ၈၀ အရွယ်ရောက်လာတဲ့အခါ ကြီးထွားမှု ဟော်မုန်း ပမာဏက ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒီလို ကျဆင်းသွားတဲ့အခါ

  • လှုပ်ရှားနိုင်စွမ်း
  • အစားအစာရွေးချယ်မှု
  • မျိုးဗီဇ
  • ထိခိုက်မှုတွေ
  • ဆေးကုသမှုတွေ
  • စိတ်ဖိစီးမှုတွေအပေါ်မှာတော့ သက်ရောက်မှု ရှိနေဆဲပါ။

အမျိုးသားတွေမှာ တွေ့ရတဲ့ ဟော်မုန်း မမျှတမှု အမျိုးအစားများ

အမျိုးသားတွေမှာ အတွေ့ရများတဲ့ ဟော်မုန်း မမျှတမှုတွေနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေက အဓိကအားဖြင့် ၄ မျိုး ရှိပါတယ်။

Andropause – ဒါကိုတော့ အမျိုးသားတွေမှာ သွေးဆုံးခြင်းလို့ အသိများပါတယ်။ ဒါကတော့ အတွေ့ရများတဲ့ အမျိုးသား ဟော်မုန်း မမျှတမှုပါ။ သဘာဝဖြစ်စဉ်ပါ။

Adrenal fatigue – ဒါကတော့ အက်ဒရီနယ်လင် ဂလင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းပမာဏ ထုတ်လွှတ်မှု ကျဆင်းသွားတာပါ။

Hypothyroidism – ဒါကတော့ သိုင်းရွိုက်ဂလင်းက လုပ်ဆောင်နိုင်စွမ်း ကျသွားတဲ့ အခြေအနေပါ။

Hyperthyroidism-  ဒါကတော့ သိုင်းရွိုက်ဂလင်းက ပုံမှန်ထက် ပိုမို လုပ်ဆောင်နေတဲ့ အခြေအနေပါ။

ဒါတွေအပြင် တက်စတိုစတီရုန်း နည်းသွားတာ၊ တခြားဇီဝကမ္မဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ‌ဟော်မုန်းမမျှတတာတွေလည်း ဖြစ်နိုင်ပါတယ်။

Takeaways

အမျိုးသားရော အမျိုးသမီးတွေမှာပါ နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် ဟော်မုန်းတွေ မျှတနေဖို့ လိုအပ်ပါမယ်။ စားသောက်နေထိုင်မှုတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုသလို လိုအပ်မယ်ဆိုရင် ကုသမှုတွေ ခံယူဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Male Hormone Imbalance: What You Should Know https://coremedicalwellness.com/male-hormone-imbalance-what-you-should-know/ Accessed Date 25 October 2021

Men’s Health https://www.hormone.org/your-health-and-hormones/mens-health Accessed Date 25 October 2021

ယခုပုံစံ

22/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/11/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ