backup og meta

ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြင့်ပြီးမလိုအပ်သောအဆီပိုကိုလောင်ကျွမ်းစေနိုင်သောနည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြင့်ပြီးမလိုအပ်သောအဆီပိုကိုလောင်ကျွမ်းစေနိုင်သောနည်းများ

    ၁) နံနက်စာကိုကောင်းကောင်းစားပါ

    -နံနက်စာမစားဖြစ်ပါက ခန္ဓါကိုယ်၏ဇီဝကမ္မဖြစ်စဉ်များသည် စွမ်းအင်ကိုချွေတာရန်နှေးကွေးသွားသည်။ နံနက်စာကိုသေသေချာချာစားနိုင်လေကျန်းမာရေးအတွက်ကောင်းလေဖြစ်သည်။ အမေရိကန်ဆေးပညာဂျာနယ်တစ်စောင်တွင် ဖော်ပြထားသောလေ့လာချက်အရ ပါဝင်သူများသည် နေ့စဉ်စားသုံးသောကယ်လိုရီ၏ ၂၂%မှ ၅၅% ထိနံနက်စာစားခြင်းမှ ရရှိပြီး ၄ နှစ်အကြာကိုယ်အလေးချိန် ၁.၇ ပေါင်ခန့်သာတက်သည်ကိုတွေ့ရသည်။ သို့သော် နံနက်စာစားခြင်းမှ ဝ% မှ ၁၁.၁၈% ကယ်လိုရီရရှိသောသူများသည် ၃ ပေါင်အထိကိုယ်အလေးချိန်တက်သည်ကိုတွေ့ရသည်။ အခြားလေ့လာမှုတစ်ခုတွင်လည်းနံနက်စာကိုပုံမှန်စားလေ့မရှိသူများသည် အဝလွန်ခြင်းဖြစ်စဉ် ၄.၅ ဆထိမြင့်တက်ကြောင်းဖော်ပြထားသည်။

    -သို့ဆိုလျှင် ထိုမျှအရေးကြီးသော နံနက်စာတွင်မည်သည်တို့ကိုပါဝင်စားရမည်နည်း။ ပရိုတိန်း ၊ အသားဓါတ်နှင့် ကစီဓါတ်ပါဝင်၍ ကျန်းမာရေးအတွက်ကောင်းသောအဆီများကိုပါ ပါဝင်အောင်ပြင်ဆင်ရမည်။ ဥပမာ ကြက်ဥကြော်တစ်ပွဲ ၊ ငရုတ်ကောင်းအနည်းငယ်နှင့် ကြက်သွန်နီကိုရော၍ကြက်ဥအကာနှင့် စားသုံးခြင်း ၊ အုတ်ဂျုံနှင့် ဘယ်ရီသီးကိုရော၍အုတ်ကွေကာကိုအိုမီဂါ ၃ အက်ဆစ်ပါသောငါးကြီးဆီနှင့်ရောခြင်းစသဖြင့်ပြင်ဆင်သုံးဆောင်နိုင်ပါသည်။

    (၂)အပြင်ထွက်၍ကိုယ်လက်လှုပ်ရှားမှုပြုပါ

    -စောစောထပါ။ နေရောင်ခြည်နုနုအောက်တွင် ကိုယ်လက်လှုပ်ရှားမှုပြုပါ။ သင့်ကိုသွယ်လျကျန်းမာစေပါမည်ဟုသုတေသနတစ်ခုကဆိုပါသည်။ နေရောင်ခြည်အောက်တွင်ပျော်ရွှင်စိတ်ပါစွာကိုယ်လက်လှုပ်ရှားပါ။ သင်၏ခန္ဓါကိုယ်စနစ်များကိုပုံမှန်ဖြစ်အောင်ထိန်းပေးပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်းမှန်ကန်စေပါသည်။

    (၃)ပရိုတိန်း (အသားဓါတ်)စားပါ

    -ပုံမှန်စားနေကျ ဒိုးနတ်မုန့်များ ၊ ကော်ဖီနှင့် ပေါင်မုန့်မီးကင်အစားပရိုတိန်းဓါတ်များများပါသောအစားအစာများကိုပြောင်းစားပေးပါ။ အဝလွန်သောအမျိုးသမီးများကိုပရိုတိန်းဓါတ်ကျွေး၍ လေ့လာရာပရိုတိန်းများများစားသောသူများကနည်းနည်းစားသောသူများထက် သွေးတွင်းသကြားဓါတ်ထိန်းနိုင်စွမ်းပိုမိုကောင်းမွန်ကြောင်း ဥရောပအာဟာရဝေဒဆေးပညာဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။ ကြက်ဥနှင့် ဒိန်ချဉ်တို့သည် ပရိုတိန်းဓါတ်ကြွယ်ဝသော အစားအစာများဖြစ်သည်။

    (၄) ရေများများသောက်ပါ

    -မနက်အိပ်ရာထသည်နှင့်ရေသောက်သည့်အကျင့်ပြုလုပ်ပါ။ Utah တက္ကသိုလ်မှသုတေသီများကလူအများကိုလေ့လာခဲ့ရာတစ်နေ့လျှင် ရေ ၁၂ ဖန်ခွက်သောက်သူများသည် ၄ ဖန်ခွက်သာသောက်သူများထက် ဇီဝကမ္မဖြစ်စဉ်နှုန်းမြန်သည်ကိုတွေ့ရသည်။ ဆေးပညာရှင်တစ်ဦးဖြစ်သူModelynFernstormကခန္ဓါကိုယ်အပူချိန်ကိုထိန်းသိမ်းရန်ကိုယ်တွင်းရေဓါတ်ကိုအပူပေးခြင်းဖြစ်စဉ်မှ ကယ်လိုရီများလောင်ကျွမ်းနိုင်သည်ဟုဆိုသည်။ ရေတစ်ခွက်ထပ်သောက်တိုင်းကယ်လိုရီနောက်ထပ်လောင်ကျွမ်းခြင်းရှိ ၊ မရှိမသေချာသော်လည်းရေသောက်ခြင်းအလေ့အထသည် ကိုယ်အလေးချိန် လျှော့ချရန် ကျင့်သုံးသင့်သောအမူအကျင့်ကောင်းတစ်ခုဖြစ်ပါသည်။

    (၅)ဖုန်းပြောလျှင်မတ်တပ်ရပ်၍ပြောပါ

    -ခုံမှာထိုင်ပြီးအချိန်ဖြုန်းခြင်းကိုရပ်၍လှုပ်ရှားမှုပြုပါ။ ထိုင်၍အလုပ်လုပ်ရသောလူငယ်များထက် မတ်တပ်ရပ်၍လုပ်ရသောလူငယ်များကကယ်လိုရီပိုမိုလောင်ကျွမ်းကြောင်း ခန္ဓါကိုယ်လှုပ်ရှားမှုနှင့်ကျန်းမာရေးဂျာနယ် (၂၀၁၂) တွင်ဖော်ပြထားသည်။ ထိုင်နေစဉ်တွင် ၁ မိနစ်လျှင် ၁.၀၂ ကယ်လိုရီသာသုံးစွဲရသော်လည်းမတ်တပ်ရပ်စဉ်တွင် ၁.၃၆ ကယ်လိုရီအသုံးပြုရပါသည်။ ထိုအချက်အလက်အရ ၁ နာရီကြာအောင်ဖုန်းပြောမည်ဆိုလျှင် ထိုင်လျက်ပြောပါက ၆ ၁ ကယ်လိုရီသာလောင်ကျွမ်းပြီးရပ်လျက်ပြောပါက ၈၂ ကယ်လိုရီကုန်ဆုံးပါသည်။ ထိုပမာဏသည် များစွာမကွာခြားလှသော်လည်းတစ်နေ့တာလုံးအတွက်ဆိုလျှင်တော့ ကယ်လိုရီများစွာလောင်ကျွမ်းစေနိုင်ပါသည်။

    (၆)ရယ်မောပါ

    -နေ့တစ်နေ့ကိုပေါ့ပေါ့ပါးပါးပျော်ရွှင်စွာဖြတ်သန်းပါ။ ပျော်ပျော်နေတတ်သောသူငယ်ချင်းများနှင့် လမ်းလျှောက်ထွက်ခြင်း ၊ လျှောက်လည်ခြင်း ၊ ဖုန်းပြောခြင်းတို့ပြုလုပ်ပါ။ ရယ်မောခြင်းသည် လေ့ကျင့်ခန်းတစ်ခုပြုလုပ်သကဲ့သို့ပင် ၁၀ မိနစ်ခန့်ရယ်မောပါကမျက်နှာသေဖြင့်နေခြင်းထက် ကယ်လိုရီလောင်ကျွမ်းမှုကို ၁၀% မှ ၂၀% ထိများပြားစေသည်ဟုဆိုပါသည်။ ထို့ပြင် ရယ်မောခြင်းကသင်၏နှလုံးကျန်းမာရေးကိုလည်းကောင်းစေပါသည်။

    (၇) စောစောအိပ်ယာဝင်ပါ

    -လိုအပ်သည်ထက်နည်း၍အိပ်စက်လျှင် စွမ်းအင်နှင့် ခံတွင်းကောင်းခြင်းနှင့်ဆိုင်သောဂရီလင်နှင့် လက်ပ်တင်ဟော်မုန်းများထွက်ရှိမှုကိုလျော့နည်းစေသည်။ Standford တက္ကသိုလ်မှ သုတေသီများကတစ်ညလျှင် အိပ်စက်ကြာချိန် ၇ နာရီခွထက်နည်းသူများသည် ကိုယ်အလေးချိန်မြင့်တက်စေနိုင်ကြောင်းဆိုပါသည်။ ထို့ကြောင့် အနည်းဆုံး ၈ နာရီခန့်အိပ်စက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement