မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့အဖြူဆင်းခြင်းပြဿနာကိုဘယ်လိုကာကွယ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မိုးရာသီက အပူဒဏ်ကိုသက်သာစေတယ်ဆိုပေမယ့် မိုးရာသီရောက်လာတဲ့အခါ ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်ခံစားကြရပါတယ်။ အအေးမိတာ၊ချောင်းဆိုးတာတွေနဲ့ရေကနေတဆင့် ကူးစက်တဲ့ရောဂါတွေနဲ့ လေကနေတဆင့်ကူးစက်တဲ့ရောဂါတွေအဖြစ်များပါတယ်။ မိုးရာသီမှာဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို ပေါက်ဖွားရှင်သန်စေဖို့ အတော်လေးကိုပြည့်စုံလှပါတယ်။ လေထုကစိုထိုင်းနေတာကြောင့် ရောဂါပိုးမွှားတွေ ပေါက်ပွားလာကြပါတယ်။

မိုးရာသီမှာမှိုပိုးကူးစက်တာကြောင့် အရေပြားဓါတ်မတည့်တာ၊ဖျားနာတာတွေဖြစ်ပေါ်ခံစားရသလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းတာကိုခံစားရနိုင်ခြေတော်တော်လေးများပါတယ်။

အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ အမြဲလိုလိုမှိုပိုးအနည်းငယ်ရှိနေတတ်ပေမယ့် မှိုပိုးပေါက်ပွားမှုပမာဏတအားများ လာတဲ့အခါမှသာ ရောဂါလက္ခဏာတွေပေါ်လာတာဖြစ်ပါတယ်။

တွေ့ရများတဲ့ရောဂါလက္ခဏာများ

တွေ့ရများတဲ့ မိန်းမကိုယ်မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက

  • ယားယံတာ
  • ပူစပ်ပူလောင်ဖြစ်တာ
  • အမျိုးသမီးအင်္ဂါမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ
  • လိင်ဆက်ဆံစဉ်နာကျင်တာမျိုးတွေဖြစ်ပါတယ်။ မကြာခဏ အဖြူဆင်းနေမယ်ဆိုရင်တော့မိမိရဲ့ အဖော်မှာ မှိုပိုးကူးစက်ခံထားရတာဖြစ်နိုင်ပါတယ်။

မှိုပိုးကူးစက်ခံရတဲ့အကြောင်းအရင်းများ

Candida မှိုပိုးဟာ အမျိုးသမီးအင်္ဂါတစ်ဝိုက်မှာ တွေ့ရလေ့ရှိတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ရဲ့ စနစ်က ဟန်ချက်ပျက်သွားတဲ့အခါ ထိုဘက်တီးရီးယားတွေက ထိထိရောက်ရောက်မစွမ်းဆောင်နိုင်ဘဲ ဖြစ်သွားပါတယ်။ ဒီအခြေအနေက အမျိုးသမီးအင်္ဂါပိုးဝင်မှုကိုဖြစ်ပေါ်စေပါတယ်။

  • မိန်းမကိုယ်သုံးပဋိဇီဝဆေးတွေအသုံးပြုခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • ဆီးချိုကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိခြင်း
  • ကိုယ်ခံအားစနစ်အားနည်းခြင်း
  • အချိုဓါတ်လွန်ကဲတဲ့အစားအစာတွေကိုစားသုံးခြင်း
  • ရာသီစက်ဝန်းနီးလာတာကြောင့် ဟော်မုန်းမညီမျှခြင်း
  • စိတ်ဖိစီးမှု
  • အိပ်ရေးပျက်ခြင်း

ဘယ်လိုကာကွယ်မလဲ

အဖြူဆင်းတာကိုဖြစ်စေတဲ့ Candida မှိုပိုးကူးစက်ခံရမှုကိုကာကွယ်နိုင်တဲ့နည်းလမ်းတော့သေသေချာချာမရှိပေမယ့်ရောဂါကူးစက်ခံရနိုင်ခြေကိုတော့လျှော့ပေးနိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဆောင်ရန်

  • အာဟာရမျှတအောင်စားသုံးပါ။
  • ဒိန်ချဉ်စားပေးပါ။
  • ချည်သားအတွင်းခံကိုသာဝတ်ဆင်ပါ။
  • အတွင်းခံကိုရေနွေးနဲ့လျှော်ပါ။
  • အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်ကိုမကြာခဏလဲလှယ်ပေးပါ။

ရှောင်ရန်

  • ဘောင်းဘီကျပ်ကျပ်တွေမဝတ်ပါနဲ့
  • အမျိုးသမီးအင်္ဂါသန့်စင်ရည်တွေအမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။
  • စိုနေတဲ့အဝတ်တွေမဝတ်ထားပါနဲ့။
  • ရေပူနဲ့ရေချိုးတာ၊ ရေပူကန်ထဲစိမ်တာမျိုးမလုပ်ပါနဲ့။

မှိုပိုးကူးစက်တာကို မှိုသတ်ဆေးတွေအသုံးပြုပြီး ကုသနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါမှိုပိုးကူးစက်ခံရတာကြောင့်ဖြစ်တဲ့အဖြူဆင်းတာကိုတော့တစ်ကိုယ်ရည်သန့်ရှင်းရေးကို လုပ်ဆောင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကတော့

  • တစ်နေ့နှစ်ကြိမ်ရေချိုးပါ။
  • လက်ကိုမကြာခဏဆေးကြောပေးပါ။
  • ရေချိုးတဲ့အခါ အမျိုးသမီးအင်္ဂါကို ရေများများသုံးပြီးဆေးကြောပါ။
  • အမွှေးနံ့ပါတဲ့ဆပ်ပြာတွေကိုသုံးပြီး အမျိုးသမီးအင်္ဂါကိုသန့်စင်တာမျိုးမလုပ်ပါနဲ့။
  • အမျိုးသမီးအင်္ဂါကိုခြောက်သွေ့ပြီးလေဝင်လေထွက်ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲရွေးချယ် ဝတ်ဆင်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

သားဥကြွေ တဲ့အချိန်ဟာ ကိုယ်ဝန်လိုချင်တဲ့သူတွေရော၊ တားချင်တဲ့ သူတွေအတွက်ပါ အရေးကြီးပါတယ်။ အလွယ်ဆုံးနည်းကတော့ ကျန်းမာရေးကိရိယာမှာ တွက်ချက်တာပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read